ပြိုင်ဘက်ကလပ်များ နည်းဗျူဟာ လာခိုးမည်စိုး၍ ချဲလ်ဆီးလေ့ကျင့်ရေးကွင်းတွင် စီစီတီဗွီတပ်ဆင်ရန် လမ်းပတ်စီစဉ်

ချဲလ်ဆီးသည် ကလပ်၏ပွဲများအတွက် ပြင်ဆင်မှုကို ပြိုင်ဘက်ကလပ်များ လာရောက် ခိုးကြည့်မှုမှ ရှောင်ရှားနိုင်ရန်အတွက် လေ့ကျင့်ရေးကွင်းတွင် စီစီတီဗွီတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ လိဒ်ယူနိုက်တက်သည် ၂၀၁၉ ခုနှစ်တုန်းက ချန်ပီယံရှစ်ပလေးအော့ဖ်ပြိုင်ဘက် ဒါဘီ၏နည်းဗျူဟာကို သိနိုင်ရန် လေ့ကျင့်ရေးမှုများကို ချောင်းကြည့်ခဲ့မှုအတွက် ပေါင် ၂ သိန်း ဒဏ်ရိုက်ခံခဲ့ရဖူးသည်။ ထိုစဉ်က ဒါဘီအသင်းကို ဖရန့်လမ်းပတ် ကိုင်တွယ်နေသည်။

ယခုအခါ ဖရန့်လမ်းပတ်သည် ဒါဘီကို ကိုင်တွယ်စဉ်က အဖြစ်မျိုး ချဲလ်ဆီးတွင် မကြုံစေရန်အတွက် ကလပ်၏ကော့ဟမ်လေ့ကျင့်ရေးကွင်းတွင် စီစီတီဗွီ တပ်ဆင်သွားတော့မည် ဖြစ်သည်။

ချဲလ်ဆီးသည် အခြားလုံခြုံရေးကိစ္စများအတွက် ပိုမိုစိတ်ချရစေရန်အတွက် အလင်းရောင်အားနည်းချိန်တွင်လည်း ကြည်လင်သည့် ဓာတ်ပုံများ ဖမ်းယူနိုင်သည့် စီစီတီဗွီကင်မရာများကိုသာ တပ်ဆင်မည်ဖြစ်သည်။

ချဲလ်ဆီးသည် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ဘရိုက်တန်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ဒုတိယပွဲစဉ်တွင် လီဗာပူးကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ ချဲလ်ဆီးသည် ကြားရက်တွင် ကာရာဘောင်းဖလားပွဲအဖြစ် ဘန်စလေနှင့်ရင်ဆိုင်မည်ဖြစ်ကာ ပရီးမီးယားလိဂ်တွင် ဝက်စ်ဘရွန်းကို ရင်ဆိုင်ရမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment