ပြည့်တန်ဆာ ၁၉ ဦး ငှားရမ်းပေးမှု၊ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတင်မှုကြောင့် Soccer Aid မှ တိုရေး ထုတ်ပယ်ခံရ

မန်စီးတီးဂန္ထဝင်ကစားသမားယာယာတိုရေးသည် အခြားကစားသမားများအတွက် လိင်လုပ်သမများ ငှားရမ်းပေးရန် ပြောဆိုမှုနှင့်အတူ Soccer Aid မှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။ ကလေးသုံးယောက်အဖေ အသက် ၃၇နှစ်ရှိ တိုရေးသည် ချီရှိုင်းယားရှိ ကြယ်ငါးပွင့်အဆင့်ဟိုတယ်သို့ ပြည့်တန်ဆာ ၁၉ ဦးကို အခြားကစားသမားတို့အတွက် ငှားရမ်းပေးနိုင်ကြောင်း WhatsApp Chat Group တွင် ဝင့်ကြွားခဲ့သည်။

သူသည် ကြာသပတေးနေ့တုန်းက WhatsApp တွင် ရေချိုးခန်းအတွင်းတွင် အဝတ်မဲ့ အမျိုးသမီးကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကိုလည်း တင်ခဲ့သေးသည်။ သို့ရာတွင် နောက်ပိုင်းတွင် ယင်းဗီဒီယိုကို သူဖျက်ခဲ့သည်။

သို့ရာတွင် အမျိုးသမီးများ၊ ကစားဖော်များက Soccer Aid ၊ ITV သို့ စောဒက တက်မှုနှင့်အတူ ထုတ်ပယ်ခြင်းခံခဲ့ရသည်။

တိုရေးသည် ယင်းမက်ဆော့ချ်များအတွက် တောင်းပန်မှု မပြုလုပ်ရသေးပါဘူး။

ယာယာတိုရေးသည် Soccer Aid ပွဲတွင် World XI တွင် ကစားရန် ရွေးချယ်ခြင်း ခံထားရသူဖြစ်သည်။ သူသည် World XI ကစားသမားများဖြင့် စုဖွဲ့ထားသည့် WhatsApp Group တွင် ဗီဒီယိုဖိုင်နှင့် ပြည့်တန်ဆာငှားပေးမယ့်စကားများ ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။  ယင်း Group တွင် မန်ယူနောက်ခံလူဟောင်းပက် ထရစ်အီဗရာရှိနေသလို အမျိုးသမီး ကစားသမားများဖြစ်ကြသည့် ဂျူလီဖလက်တင်းနှင့် လီယန်နီဆန်ဒါဆင်တို့လည်း ရှိနေသည်။

တိုရေးသည် ယင်းပို့စ်များကို တင်ပြီးနောက် ချက်ချင်းပင် ဖျက်ပစ်ရန် ပြောကြားခြင်းခံခဲ့ရပြီး Unicef နှင့် ITV တို့ကလည်း Group တွင်း ရှိနေသူများကို တောင်းပန်ခဲ့ရသည်။

Soccer Aid ကို နှစ်တိုင်းကစားလေ့ရှိပြီး England XI နှင့် World XI တို့ ယှဉ်ပြိုင်ကစားပြီး ရသည့်ငွေကြေးများကို ပရဟိတအတွက်လှူဒါန်းလေ့ရှိသည်။ ယင်းအသင်းများတွင် ကမ္ဘာကျော်ကစားသမားဟောင်းများနှင့်နာမည်ကျော်အနုပ ညာရှင်များ ပါဝင်ကစားလေ့ရှိသည်။

တိုရေးသည် ၂၀၁၇-၁၈ ရာသီအကုန်တွင် မန်စီးတီးမှ ထွက်ခွာပြီးနောက် အင်္ဂလိပ် ဘောလုံးလောကနှင့်ဝေးကွာလာခဲ့သူဖြစ်သည်။ သူသည် အိုလံပီယာကို့စ်သို့ ပြောင်းခဲ့ပြီးနောက် ယင်းမှ တစ်ဆင့် တရုတ်စူပါလိဂ်ကလပ် QD Huanghai သို့ ပြောင်းရွှေ့ကစားခဲ့သည်။

Soccer Aid ပွဲကို စက်တင်ဘာလ ၆ ရက်နေ့မှာ အိုးထရက်ဖို့ဒ်မှာ ကစားသွားမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment