ပြင်သစ်တိုက်စစ်သမား ကိုင်လီယန်အမ်ဘက်ပီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

ပီအက်စ်ဂျီတိုက်စစ်သမားကိုင်လီယန်အမ်ဘက်ပီသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိပြီး ယနေ့ညတွင် ခရိုအေးရှားနှင့် ကစားမည့် UEFA Nations League ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။

အသက်၂၁ နှစ်ရှိ အမ်ဘက်ပီသည် ပြီးခဲ့သည့် စနေနေ့တုန်းက ဆွီဒင်ကို အနိုင်ရရှိသည့်ပွဲ UEFA Nations League အဖွင့်ပွဲတွင် ပြင်သစ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူလည်း ဖြစ်သည်။

သူသည် တနင်္လာနေ့တုန်းက ကစားသမားများနှင့် ထိတွေ့မှုမရှိအောင် နေထိုင်ခဲ့ရပြီး အိမ်သို့ ပြန်ပိုခံခဲ့ရသည်။

အမ်ဘက်ပီသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမှုကြောင့် ပီအက်စ်ဂျီ၏လန်းစ်နှင့် ပြင်သစ်လီဂူး-၁ချန်ပီယံဘွဲ့ကာကွယ်ရေး အဖွင့်ပွဲစဉ်ကို လွဲချော်ရန် သေချာနေပြီဖြစ်သည်။ ပီအက်စ်ဂျီသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့မှုကြောင့် အားလပ်ရက်ပိုမိုရရှိခဲ့ပြီး ကြာသပတေးနေ့တွင်မှ လီဂူး- ၁ အဖွင့်ပွဲကို ကစားရမည်ဖြစ်သည်။

သို့ရာတွင် အမ်ဘက်ပီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရရာ ယခုအခါ ပီအက်စ်ဂျီတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ကစားသမား ၇ ဦးအထိ ရှိလာပြီဖြစ်သည်။ အမ်ဘက်ပီမတိုင်မီ နေမာ၊ ဒီမာရီယာ၊ ပါရီဒက်စ်၊ နာဗက်စ်နှင့် အခြားကစားသမားနှစ်ဦး ကူးစက်ခံထားရသည်။

ပြင်သစ်တွင် အသင်းတစ်သင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၃ ဦးနှင့်အထက် တွေ့ရှိပါက ပွဲကို ရွှေ့ဆိုင်းရန် ညွှန်ကြားထားသည်။ ပြီးခဲ့သည့်လတုန်းက မာဆေးလ်၏စိန့်အက်တီနီနှင့် လီဂူး-၁ အဖွင့်ပွဲစဉ်မှာ မာဆေးလ်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ ဦး တွေ့ရှိရပြီးနောက် ရွှေ့ဆိုင်းခဲ့ရပြီး ဖြစ်သည်။

ပီအက်စ်ဂျီ၏အားကစားဒါရိုက်တာလီယိုနာဒိုသည် အမ်ဘက်ပီ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ ကြောင်းကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်ကြောင့်သာ ရှိခြင်းဖြစ်ပြီး ကလပ်ကို ဆက်သွယ်အကြောင်းကြားမှု ပျက်ကွက်ခဲ့သည့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်၏လုပ်ရပ်မှာ တာဝန် မဲ့လွန်းကြောင်း ဝေဖန်ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment