ပေါ်တူဂီလိဂ် ဂိုးသွင်းဘုရင် ကားလို့စ်ဗီနီစီယပ်စ်ကို စပါးစ် အငှားဖြင့် ခေါ်ယူ

စပါးစ်သည် ဘင်ဖီကာမှ တိုက်စစ်မှူး ကားလို့စ် ဗီနီစီယပ်စ်ကို တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်သည်။ ဘင်ဖီကာအသင်း၏ ကြေညာချက်အရ စပါးစ်သည် ဗီနီစီးယပ်စ်အတွက် ငှားရမ်းခ ယူရို ၃ သန်းပေးရမှာ ဖြစ်ပြီး စာချုပ်အတွင်းတွင် ယူရို ၄၅ သန်းဖြင့် အပြီးသတ် ခေါ်ယူမည့် အချက်ကို ထည့်သွင်း ချုပ်ဆိုထားကြောင်း သိရသည်။

အသက် ၂၅ နှစ်ရှိ ဗီနီစီယပ်စ်သည် ပြီးခဲ့သည့် ရာသီတုန်းက ဘင်ဖီကာအတွက် ၂၄ ဂိုး သွင်းယူခဲ့သူဖြစ်ပြီး ၁၈ ဂိုးဖြင့် ပေါ်တူဂီလိဂ် ပူးတွဲ ဂိုးသွင်းဘုရင် ဖြစ်ခဲ့သူ ဖြစ်သည်။

စပါးစ်နည်းပြမော်ရင်ဟိုသည် ယခု နွေရာသီ အပြောင်းအရွှေ့စတင်ကတည်းက ဟယ်ရီကိန်း၏ ဂိုးဖိအားများ လျှော့ကျသွားစေရန်အတွက် တိုက်စစ်မှူးတစ်ဦး ရှာဖွေလာခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ဗီနီစီယပ်စ်ကို ခေါ်ယူလိုက်နိုင်ပြီဖြစ်သည်။

ဗီနီစီယပ်စ်သည် ဘရာဇီးကလပ် ဂရီမီယိုမှ နာပိုလီသို့ ပြောင်းခဲ့သော်လည်း နေရာရရှိရန် ရုန်းကန်ခဲ့ရကာ ရီယိုအဗီ၊ မိုနာကိုစသည့် အသင်းများသို့ အငှားဖြင့် သွားကစားခဲ့ရကာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ဘင်ဖီကာသို့ ယူရို ၁၅ သန်း ဝန်းကျင်ဖြင့် အပြီးသတ် ပြောင်းခဲ့ခြင်း ဖြစ်သည်။

Facebook Comments Box
Facebook Comment