
ပေါ်တူဂီနဲ့ဘရာဇီးတို့ ကိုးမှတ်အပြည့်နဲ့ နောက်တစ်ဆင့်တက်ခွင့်ရနိုင်မလား
✍️မောင်ရဲတိုက်
အုပ်စုပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်လာခဲ့တာ အခုဆို နောက်ဆုံးအုပ်စုနှစ်ခုပဲ ကျန်ပါတော့တယ်။ ဒီအုပ်စုတွေထဲမှာ ပေါ်တူဂီနဲ့ ဘရာဇီးတို့က ကျိန်းသေနောက်တစ်ဆင့်တက်ပြီးသားမို့ ကျန်ရှိနေတဲ့ နှစ်နေရာစာကိုပဲ ကျန်အသင်းတွေက ယှဉ်ပြိုင်ကြရမှာပါ။ ကျန်ရှိနေတဲ့ အသင်း၆သင်းဟာ ဘယ်သူအုပ်စုက တက်မယ်၊ ထွက်မယ်ကို အတိအကျမပြောနိုင်သေးပါဘူး။ ဒါကြောင့် ဒီညမှာ အသင်းတိုင်းရဲ့ နောက်ဆုံးမိနစ်အထိ ရေကုန်ရေခန်းယှဉ်ပြိုင်မှုတွေကို ရှုစားကြရဦးမှာဖြစ်ပါတယ်။
ဒါ့အပြင် ထူးခြားချက်တစ်ခုအနေနဲ့ ရှေ့ကအုပ်စုတွေထဲက အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့ အသင်းတွေထဲမှာ အုပ်စုသုံးပွဲလုံးနိုင်ပြီး ကိုးမှတ်အပြည့်နဲ့ နောက်တစ်ဆင့်ကို စတိုင်ကျကျတက်ရောက်နိုင်ခဲ့တဲ့ အသင်းမရှိသေးပါဘူး။ ကျင်းပခဲ့ပြီးသောကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာ အုပ်စုသုံးပွဲလုံးနိုင်ပြီး ကိုးမှတ်အပြည့်ရတဲ့အသင်းမျိုး နှစ်သင်းထက်မက တွေ့မြင်ခဲ့ရပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ယခုချိန်အထိ မတွေ့ရှိရသေးတာဖြစ်ပါတယ်။ အနီးစပ်ဆုံးအနေနဲ့ နှစ်ပွဲဆက်နိုင်ထားတဲ့ လက်ရှိချန်ပီယံပြင်သစ်တို့ ကိုးမှတ်အပြည့်နဲ့ပန်းဝင်ဖို့ နီးစပ်ခဲ့ပေမယ့် အရန်လူတွေနဲ့ပွဲထုတ်ကစားရင်း တူနီးရှားကိုရှုံးနိမ့်ခဲ့ရတာမို့ ၆မှတ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒီညမှာတော့ နှစ်ပွဲကစားပြီး နှစ်ပွဲလုံးနိုင်ထားတဲ့ အသင်းတွေအဖြစ် ပေါ်တူဂီနဲ့ ဘရာဇီးအသင်းတို့ကို တွေ့မြင်ရပြီး အဆိုပါနှစ်သင်းအနေနဲ့ ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ကြမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

⬛ ဂါနာ vs ဥရုဂွေး
ဒီနှစ်သင်းတွေ့ဆုံမှုက အတိတ်ကရန်ငြိုးတွေကြောင့် စိတ်ဝင်စားဖို့ကောင်းပါတယ်။ အာဖရိကမှာကျင်းပတဲ့ 2010ခုနှစ် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ဂါနာဟာ ဥရုဂွေးနဲ့(၁-၁)သရေကျနေလို့ အချိန်ပိုမိနစ်၃၀စီကစားနေချိန်မှာ ဂါနာတိုက်စစ်မှုး အဇာမိုဂျန်ရဲ့သေချာပေါက်ဂိုးကို ဆွာရက်က လက်နဲ့ပုတ်ချခဲ့ပါတယ်။ ဆွာရက်အနီကတ်မိခဲ့ပေမယ့် အဲ့ကရလာတဲ့ပင်နယ်တီကို အဇာမိုဂျန်ကန်သွင်းရာမှာ မဝင်ခဲ့လို့ သရေပင်နယ်တီအထိ ရောက်ခဲ့ရပါတယ်။ ပင်နယ်တီမှာ ဥရုဂွေးကနောက်တစ်ဆင့်တက်ခဲ့လို့ သေချာပေါက်ဂိုးရမယ့်အချိန် ဘောလုံးကိုလက်နဲ့ပုတ်ချခဲ့တဲ့ဆွာရက်ကို ဂါနာအပါအဝင် အာဖရိကနိုင်ငံတိုင်းက မုန်းတီးခဲ့ကြတာ အခုထိပဲဖြစ်ပါတယ်။ အခုတော့ ကြယ်နက်တို့ သူတို့ရဲ့ အငြိုးကို ပြန်လည်ချေဖျက်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ဂါနာက သရေကျဖို့ထိန်းကစားနိုင်ရင်ကို နောက်တစ်ဆင့်အတွက် အလားအလာကောင်းနေတာဖြစ်ပါတယ်။ ဥရုဂွေးနဲ့ရှိခဲ့ဖူးတဲ့ ကျောင်းတော်ကရန်စကို ဒီညမှာ ရှင်းကြရမယ့်အချိန်လည်းဖြစ်ပါတယ်။
ဥရုဂွေးကတော့ ယခုချိန်ထိ နိုင်ပွဲမရသေးသလို ဂိုးလည်းတစ်ဂိုးမှ မရသေးပါဘူး။ ဘာစီလိုနာတိုက်စစ်မှုးဟောင်းဆွာရက်၊ နာပိုလီနဲ့ယူနိုက်တက်တိုက်စစ်မှုးဟောင်းကာဗာနီ၊ လီဗာပူးရဲ့လက်ရှိတိုက်စစ်မှုး ဒါဝင်နူးနက်တို့ ရှိနေတဲ့ ဥရုဂွေးတိုက်စစ်ဟာ ခုချိန်ထိ တစ်ဂိုးရဖို့ခက်ခဲနေတာ အံ့အားသင့်စရာပါ။ ဒီညမှာတော့ အနိုင်တစ်ပွဲမရတောင် အနိမ့်ဆုံးတစ်ဂိုးတော့ ရအောင်သွင်းမှ အိမ်ပြန်လှတော့မှာလည်း ဖြစ်ပါတယ်။ နောက်ဆုံးနှစ်ပွဲမှာ ငါးဂိုးအထိခွင့်ပြုထားရတဲ့ ဂါနာရဲ့ခံစစ်ကြောင်းမှာတော့ ဥရုဂွေးတို့ ဂိုးသွင်းနိုင်သင့်တယ်လို့ ထင်ပါတယ်။
ဖွင့်လှစ်မှုအရ ဥရုဂွေးဘက်က (၁+၇၀)နဲ့စတင်ထားပြီး ဂိုးပေါင်းကတော့ (၂-၈၀)မှာစတင်ထားပါတယ်။ ရပ်တည်မှုအရ အမှတ်လိုနေသလို ကမ္ဘာ့အဆင့်ရပ်တည်မှု၊ လူကြိုက်များမှုအရ အသင်းကြီးဖြစ်နေတဲ့ ဥရုဂွေးကို ပေးထားတဲ့ကြေးက အနည်းငယ်နိမ့်သလိုပါပဲ။ ကမ္ဘာ့အဆင့်(၁၄)အသင်းက အဆင့်(၆၁)မှာရှိနေတဲ့အသင်းကို အနိမ့်ဆုံး(၁+၄၀)လောက်နဲ့ စတင်သင့်တာဖြစ်ပါတယ်။ နောက်ဆုံးပွဲအတွက် ဆွာရက်တို့ရုန်းကြမယ်ဆိုပေမယ့် ဂါနာကလည်း ရုန်းကန်ရဦးမယ့်အခြေအနေပါပဲ။ လက်ရှိနှစ်ပွဲအပြီးမှာ ဂါနာက ပေါ်တူဂီကို နှစ်ဂိုး၊ ကိုရီးယားကိုသုံးဂိုးသွင်းထားတာမို့ ဥရုဂွေးကို ဂိုးပြန်မသွင်းနိုင်စရာမရှိပါဘူး။ အနိမ့်ဆုံးသရေရအောင် ရုန်းကန်မယ့် ကြယ်နက်တွေဘက်က အားပေးချင်ပါတယ်။

⬛ တောင်ကိုရီးယား Vs ပေါ်တူဂီ
ကိုရီးယားတို့ လက်ရှိမှာ တစ်မှတ်သာရရှိထားသေးလို့ အုပ်စုကနေတက်ဖို့ ဒီပွဲကိုအနိုင်ရဖို့လိုပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ဂါနာကိုသရေကျတဲ့အထိ နှစ်ဂိုးပြန်ချေပနိုင်ခဲ့ပေမယ့် ခံစစ်ရဲ့စုဖွဲ့မှုက ကောင်းမွန်ခြင်းမရှိတာမို့ သုံးကြိမ်မြောက်ဦးဆောင်ဂိုးကို ခွင့်ပြုရင်း ရှုံးနိမ့်ခဲ့ရပါတယ်။ ကိုရီးယားဟာ မြန်နှုန်းကိုဦးစားပေးပြီး ထိုးဖောက်ကစားတတ်ပေမယ့် ရုပ်ပိုင်းဆိုင်ရာမှာတော့ ကိုယ်လုံးကိုယ်ထည်ကြီးမားတဲ့ ဂါနာသားတွေကို မာကင်ယူမကစားနိုင်ဘဲ ဘောလုံးလမ်းကြောင်းများကို လိုက်လံပိတ်ဆို့ပြီးသာ ကစားနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီညပေါ်တူဂီကိုရင်ဆိုင်ရာမှာ သူတို့ထုံးစံအတိုင်း တန်ပြန်တိုက်စစ်ကနေ လျင်မြန်မှုကိုအသားပေးရင်း ဂိုးတွေသွင်းယူနိုင်ဖို့ကြိုးစားလာနိုင်ပါတယ်။
ပေါ်တူဂီကတော့ ရော်နယ်ဒိုရဲ့ နောက်ဆုံးကမ္ဘာ့ဖလားမှာ အကောင်းဆုံးပုံစံရနေတာဖြစ်ပါတယ်။ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ ဥရောပအသင်းကြီးတွေထဲ နာမည်သိပ်မထွက်ခဲ့ပေမယ့် အခုဆိုရင် ဗိုလ်စွဲနိုင်ချေအဆင့်(၇)အထိ တက်လာခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် သရဲနီကွင်းလယ်ဗိုလ်ချုပ် ဘရူနိုဖာနန်ဒက်ဟာ အမ်ဘာပေ၊ မက်ဆီတို့ပြီးရင် အကောင်းဆုံးကစားသမားဆုရနိုင်တဲ့ တတိယဦးစားပေးကစားသမားအဖြစ် တွေ့မြင်နေရတာလည်း ဖြစ်ပါတယ်။ ဒါဟာ ပေါ်တူဂီနဲ့ ဘရူနိုတို့ရဲ့ တစ်ဦးချင်းနဲ့ အသင်းလိုက်အောင်မြင်မှုကို မြင်တွေ့နေရတာဖြစ်ပါတယ်။ ဂါနာနဲ့တုန်းက နောက်တန်းခံစစ်ကြောင်းက အနည်းငယ်လျော့ရဲနေတာကို တွေ့မြင်ရပေမယ့် ဥရုဂွေးနဲ့ပွဲမှာတော့ ပီပီ၊ကန်ဆယ်လို၊ ရူဘင်ဒီယက်တို့ အကောင်းဆုံးပိတ်ဆို့နိုင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ပထမပိုင်းမှာ ဒဏ်ရာရသွားတဲ့ နောက်တန်းဘယ်စွန်လူ မန်ဒက်ရဲ့နေရာကို လူစားဝင်လာတဲ့ ဂွါရဲရိုးက အကောင်းဆုံးကစားနိုင်ခဲ့တာက ဒီညပွဲအတွက် သူတို့ခံစစ်ကို ယုံကြည်မှုရှိစေမှာဖြစ်ပါတယ်။
ဒီပွဲမှာတော့ ပေါ်တူဂီဘက်က (၁+၇၀)နဲ့အကျောပေးထားတာတွေ့ရပြီး ယနေ့ညကစားမယ့် အပေါ်သင်းတွေထဲ အပျော့ဆုံးဖြစ်နေပါတယ်။ ဂိုးပေါင်းမှာတော့ (၃+၉၀)နဲ့စတင်ထားပြီး မြေပြင်အခြေအနေအရ ကိုက်ညီမှုရှိတယ်လို့ သုံးသပ်မိပါတယ်။ ကိုရီးယားက ဒီပွဲမှာ အမှတ်လိုနေတဲ့အသင်းဖြစ်ပြီး ပေါ်တူဂီက သရေတစ်မှတ်နဲ့တင် အုပ်စုဗိုလ်ဖြစ်နေပါပြီ။ ဒါကိုတောင် ပေါ်တူဂီဘက်က သရေရှုံးအထိပေးထားတာမို့ ရော်နယ်ဒိုတို့အုပ်စုကို အလေးပေးထားတာ ထင်ရှားပါတယ်။ ခြေစွမ်းနဲ့ လက်ရှိကြွေအရလည်း ပေါ်တူဂီတို့ နိုင်ဖို့မခက်တာမို့ ကိုးမှတ်အပြည့်ယူပြီး နောက်တစ်ဆင့်ကိုတက်မယ့် ပေါ်တူဂီကိုပဲ ရွေးချယ်ချင်ပါတယ်။

⬛ ကင်မရွန်း Vs ဘရာဇီး
ဘရာဇီးအသင်းကတော့ ချန်ပီယံလောင်းအဖြစ် ရေပန်စားမှုမြင့်တက်လာနေသလို လက်တွေ့မှာလည်း ရှေ့လယ်နောက် အပြစ်ပြောစရာမရှိတဲ့ ကစားဟန်ကို ပြသထားနိုင်တာလည်း ဖြစ်ပါတယ်။ တိုက်စစ်မှာ နေမာမပါဝင်နိုင်တော့လို့ စိုးရိမ်မှုတွေရှိခဲ့ပေမယ့် ရစ်ချာလီဆန်၊ ရိုဒရီဂို၊ ရာဖင်ဟာ၊ ဗီနီးရှက်တို့အပြင် ဂျီးဆပ်၊ အန်တိုနီတို့ရှိနေသလို ကွင်းလယ်မှာလည်း ကက်စမဲရိုး၊ ပါကွီတာ၊ ဖရက်ဒ်တို့ အကောင်းဆုံးကစားပြထားတာကိုလည်း တွေ့ရပါတယ်။ အထူးချီးကျူးရမှာက သီယာဂိုဆေးလ်ဗားဦးဆောင်တဲ့ နောက်တန်းဖြစ်ပြီး အခုချိန်ထိ ပေးဂိုးခွင့်မပြုရသေးသလို ပြိုင်ဘက်အသင်းကို ဂိုးပေါက်တည့်အောင်တောင် ကန်ခွင့်မပေးထားတာလည်း တွေ့ရပါတယ်။ ဒီညမှာကစားမယ့်ပွဲမှာ ကင်မရွန်းကို မရှုံးတာနဲ့တင် အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။
ကင်မရွန်းတို့ကတော့ ပြီးခဲ့တဲ့ပွဲမှာ ဆားဘီးယားကို (၁-၃)နဲ့ အရေးနိမ့်နေရာကနေ (၃-၃)ဖြစ်တဲ့အထိ ရုန်းကန်ပြနိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ငွေ့ငွေ့လေးကျန်နေပါသေးတယ်။ အဆိုပါပွဲမှာ အဘူကာဘာ၊ ချူပိုမိုတင်းတို့ရဲ့ သုံးမိနစ်အတွင်းရလာတဲ့ ချေပဂိုးနှစ်ဂိုးကြောင့် ကင်မရွန်းတို့ အောင်ဖျာမလိပ်ရသေးတာဖြစ်ပါတယ်။ ဒါပေမယ့် ထိုပွဲမှာ ကင်မရွန်းရဲ့တိုက်စစ်အလုပ်ဖြစ်တာထက် ဆားဘီးယားခံစစ်မှုးတွေရဲ့ ပေါ့လျော့မှုကြောင့်သာ ချေပဂိုးတွေရရှိလာခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိ ပွန်းရာခြစ်ရာလေးတောင် မထင်သေးတဲ့ ဘရာဇီးရဲ့ မဟာတံတိုင်းကြီးတွေကို ကျော်ဖြတ်နိုင်ဖို့တော့ ခဲယဉ်းလွန်းပါတယ်။ ကင်မရွန်းတိုက်စစ်က ခံစစ်ကောင်းတဲ့အသင်းတွေနဲ့တွေ့ရင် ရုန်းကန်ရလေ့ရှိတာကို ပွဲဦးထွက်ဆွစ်ဇာလန်နဲ့ပွဲမှာ တွေ့မြင်ရပါတယ်။ ဒါကြောင့် ဘရာဇီးကို တစ်ဂိုးသွင်းနိုင်ရင်ကို အိမ်ပြန်မျက်နှာပန်းလှနေမယ့် အခြေအနေဖြစ်ပါတယ်။
ဖွင့်လှစ်မှုအရတော့ ဘရာဇီးဘက်က (၁-၅၀)နဲ့စတင်ထားပြီး ဂိုးပေါင်းကိုတော့ (၃+၅၀)နဲ့စတင်ထားပါတယ်။ ရှေ့ကပွဲစဉ်တွေမှာ နောက်တစ်ဆင့်တက်ပြီးသား အသင်းကြီးတွေဟာ နောက်ဆုံးပွဲဆို လူချန်ကစားလေ့ရှိတာမို့ ဘရာဇီးလည်း ဒီလိုလုပ်နိုင်မလား စိုးရိမ်စရာပါ။ ဒါပေမယ့် လက်ရှိဘရာဇီးအသင်းရဲ့ လူအင်အားဟာ ပြင်သစ်လို ပွဲကြီးတွေနဲ့ အလှမ်းဝေးတဲ့ကစားသမားတွေမဟုတ်ဘဲ မာတင်နယ်လီ၊ ဂျီးဆပ်၊ အန်တိုနီတို့လို ကစားသမားတွေကို တွေ့မြင်ရတာမို့ ဘယ်လိုလူစာရင်းပဲထွက်ထွက် အနိုင်ရဖို့သေချာနေပါတယ်။ ကင်မရွန်းကလည်း အနိုင်ရချင်ဇောနဲ့ဖွင့်ကစားမှာမို့ ဆွစ်ဇာလန်နဲ့ပွဲလို ဂိုးရဖို့မခက်ခဲနိုင်ဘဲ နှစ်ဂိုးပြတ်နဲ့ အောင်ပွဲရလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

⬛ ဆားဘီးယား Vs ဆွစ်ဇာလန်
အဖွင့်ပွဲမှာ ဘရာဇီးကိုရှုံးနိမ့်ခဲ့တဲ့ ဆားဘီးယားဟာ နောက်တစ်ပွဲမှာတော့ ကင်မရွန်းကို (၁-၃)နဲ့ဦးဆောင်ထားရင်း နောက်တန်းတွေရဲ့အမှားကြောင့် ချေပဂိုးနှစ်ဂိုးကို ဆက်တိုက်ခွင့်ပြုခဲ့ရပြီး အခုလိုဆွစ်ဇာလန်နဲ့ နိုင်သူစားကြေး ကစားဖို့ဖြစ်လာခဲ့ပါပြီ။လက်ရှိမှာရမှတ်တစ်မှတ်သာ ပိုင်ဆိုင်ထားသေးလို့ အနိုင်ရမှ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဂိုးကွာခြားချက်အရလည်း -၂ဖြစ်နေလို့ အကယ်၍ကင်မရွန်းသာ ဘရာဇီးကို အနိုင်ရခဲ့ရင် ဂိုးကွာခြားချက်နဲ့ကျန်နေခဲ့ရမှာကြောင့် နိုင်ရင်ပြီးရော ကစားနေလို့မရဘဲ အနိမ့်ဆုံးနှစ်ဂိုးပြတ်တဲ့အထိ ရုန်းကန်ရဦးမယ့်ဖိအားလည်းရှိနေပါတယ်။ ပြီးခဲ့တဲ့ကင်မရွန်းနဲ့ပွဲမှာ ဆားဘီးယားဟာ ဂိုးပေါက်ခြိမ်းခြောက်မှု၁၃ကြိမ်၊ ဂိုးပေါက်တည့်ကန်ချက် ၅ကြိမ်နဲ့ သွင်းဂိုး၃ဂိုးရရှိထားတဲ့အထိ တိုက်စစ်က အစွမ်းပြနိုင်ခဲ့ပေမယ့် ခံစစ်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းအားနည်းခြင်းကြောင့် သရေနဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒီမှာ တစ်ခုရှိတာက ဆားဘီးယားနည်းပြ စတော့ကိုဗစ်ဟာ ဂျူဗင်တပ်စတား ဗလာဟိုဗစ်ကိုထုတ်မသုံးခဲ့တာကို တွေ့ရပါတယ်။ စီးရီးအေနဲ့မစိမ်းတဲ့ ပရိသတ်တွေဆို ဗလာဟိုဗစ်ရဲ့ ဂိုးသွင်းနိုင်စွမ်းကို သိရှိပြီးဖြစ်မှာပါ။ ဒါပေမယ့် အရန်စာရင်းမှာ နှစ်ပွဲဆက်နေခဲ့ရသလို ကင်မရွန်းနဲ့ပွဲမှာ လူစားတောင်ဝင်မကန်ခဲ့ရတာကတော့ မေးခွန်းထုတ်စရာပါပဲ။ ဒါပေမယ့် နည်းပြကြီးကတော့ ဖူဟမ်တိုက်စစ်မှုး မီထရိုဗစ်ကိုသာ ဒီပွဲမှာလည်း ဆက်လက်အသုံးပြုလာနိုင်ဖွယ်ရှိပြီး ကင်မရွန်းနဲ့ပွဲကလူစာရင်းမှာ နောက်တန်းနေရာအချို့ အပြောင်းအလဲပြုပြီး ပွဲထွက်လာနိုင်ချေရှိပါတယ်။
ဆွစ်ဇာလန်ကတော့ ပထမပွဲမှာ ကင်မရွန်းရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို အကောင်းဆုံးခုခံရင်း ဒုတိယပိုင်းအစမှာရရှိခဲ့တဲ့ တိုက်စစ်မှုးအမ်ဘိုလိုရဲ့ တစ်လုံးတည်းသောဂိုးနဲ့ သုံးမှတ်ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ဘရာဇီးနဲ့ရင်ဆိုင်ကစားရချိန်မှာလည်း ခံစစ်ကိုအသားပေးရင်း ဘရာဇီးရဲ့တိုက်စစ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ပေမယ့် ပွဲချိန်၈၃မိနစ်မှာတော့ ကက်စမဲရိုးရဲ့ ကန်ချက်ကနေ ဂိုးပေးခဲ့ရပြီး စုစုပေါင်းရမှတ်၃မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီညမှာတော့ ဆားဘီးယားကို မရှုံးရုံနဲ့ နောက်တစ်ဆင့်တက်ခွင့်ရနိုင်မှာလည်း ဖြစ်ပါတယ်။ ဆွစ်ဇာလန်ရဲ့ ဘရာဇီးနဲ့ပွဲကလို ခံစစ်စွမ်းရည်နဲ့ဆိုရင်တော့ အနိမ့်ဆုံးသရေတစ်မှတ်မျှော်လင့်နိုင်စွမ်းလည်းရှိနေတာဖြစ်ပါတယ်။
ဒီပွဲမှာတော့ ဆားဘီးယားဘက်က သရေ(၁၀)ရှုံးနဲ့ စတင်ထားပြီး ဂိုးပေါင်းကတော့ (၂-၇၀)မှာ ဖွင့်လှစ်ထားပါတယ်။ ဒီကြေးဟာ မူလတည်ကြေး သရေ(၃၀)ရှုံးနဲ့တွက်ကြည့်ရင် အနည်းငယ်ကျဆင်းလာတယ်ဆိုပေမယ့် ထူးထူးခြားခြားတော့ မမြင်မိပါဘူး။ ဒီနှစ်သင်းဟာ ကြေးအရရော ခြေအရပါမကွာခြားဘူးလို့ပြောနိုင်ပြီး ဆားဘီးယားရဲ့တိုက်စစ်ကို ဆွစ်ဇာလန်က ဂိုးမပေးရအောင်တောင့်ခံရင်း ကောင်တာချောင်းကစားမယ့် အနေအထားဖြစ်ပါတယ်။ တိုက်စစ်နဲ့ခံစစ်တို့ အားပြိုင်ကြမယ့်အနေအထားဖြစ်ပြီး တစ်ဂိုးရတဲ့ဘက်က ပိတ်ကစားမယ့်အနေအထားမို့ ဂိုးများဖို့မမြင်မိသလို ရှေ့လယ်နောက် အသင်းလိုက်ဟန်ချက်ညီညီကစားတတ်တဲ့ ဆွစ်ဇာလန်ကိုပဲ အားပေးချင်ပါတယ်။
ဒီညအတွက် ကျွန်တော့်ရဲ့ရွေးချယ်မှုတွေက ဒီလိုရှိပါတယ်။
ဘရာဇီး ⭐⭐⭐
ပေါ်တူဂီ ⭐⭐
ဂါနာ ⭐
ဆွစ်ဇာလန် ⭐
အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။