ပေါ်တိုမှ ဘယ်နောက်ခံလူ အဲလက်စ်တဲလ်လက်စ်ကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူရန် ယူနိုက်တက် သဘောတူညီမှုရရှိ

မန်ချက်စတာယူနိုက်တက်သည် ပေါ်တိုဘယ်နောက်ခံလူ အဲလက်စ် တဲလ်လက်စ်ကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ ယူနိုက်တက်သည် ရီးရဲလ်မက်ဒရစ် ဘယ်နောက်ခံလူ ဆာဂျီယို ရီဂူလွန်ကို ခေါ်ယူရာတွင် စပါးစ်ကို အရေးနိမ့်ခဲ့မှုနှင့်အတူ တဲလ်လက်စ်အား ပစ်မှတ်ထားလာခြင်းလည်း ဖြစ်သည်။

RMC ၏ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်သည် အသက် ၂၇ နှစ်ရှိ တဲလ်လက်စ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ပေါ်တိုနှင့် ပြောင်းရွှေ့ကြေး ဆွေးနွေးမှု ပြုလုပ်ရန်သာ ကျန်တော့ကြောင်း သိရသည်။

ဘရာဇီးနောက်ခံလူ တဲလ်လက်စ်သည် ပေါ်တိုနှင့် တစ်နှစ်စာချုပ်သာ ကျန်တော့သူ ဖြစ်ပြီး ပေါ်တိုအနေဖြင့် ယခုနွေတွင် မရောင်းချလျှင် လာမည့်နွေတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည်ဖြစ်သည်။ သူသည် စာချုပ်သစ်အတွက် တစ်ပတ်လုပ်ခပေါင် ၈၈၀၀၀ အထိ တောင်းဆိုမှုကြောင့် ပေါ်တိုနှင့် စာချုပ်ကိစ္စဆွေးနွေးမှု ပျက်ပြယ်ထားသည်။

သူသည် ၂၀၁၆ ခုနှစ်တွင် ဂါလာတာစာရေးမှ ရောက်လာသူဖြစ်ပြီး ပြီးခဲ့သည့် ရာသီတုန်းက ပေါ်တိုအတွက် ၄၉ ပွဲကစားရာမှာ ၁၃ ဂိုး သွင်းယူပြီး ၁၂ ကြိမ် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့သည်။

တဲလ်လက်စ်သည် ၂၀၁၅-၁၆ ရာသီတုန်းက အင်တာမီလန်တွင် အငှားဖြင့် ကစားခဲ့ဖူးပြီး အင်တာက အပြီးသတ် မခေါ်ယူရန် ဆုံးဖြတ်ခဲ့သည်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားသည် အသက် ၂၅ နှစ်ရှိ လုခ်ရော့အား ဖိအားပေးနိုင်ရန်အတွက် တဲလ်လက်စ်အား ခေါ်ယူလိုနေခြင်းလည်း ဖြစ်သည်။

Facebook Comments Box
Facebook Comment