ပီအက်စ်ဂျီနှင့် သတင်းထွက်နေသော်လည်း ဘိုင်ယန်ကို မစွန့်ခွာဟု ဟာနန်ဒက်ဇ် အတည်ပြု

ဘွန်ဒက်စ်လီဂါ ပထမရာသီတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကာ ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း ဘိုင်ယန်မြူးနစ်အား စွန့်ခွာမည်မဟုတ်ဟု ပြင်သစ်ဘယ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်က အတည်ပြု ပြောကြားလိုက်သည်။

အသက် ၂၄ နှစ်အရွယ် ဟာနန်ဒက်ဇ်သည် ၂၀၁၉ ဇူလိုင်တွင် အက်သလက်တီကိုမှ ဘိုင်ယန်သို့ ယူရို သန်း ၈၀ ဖြင့် ရောက်ရှိလာသော်လည်း အောက်တိုဘာလအတွင်း ခြေကျင်းဝတ်စုတ်ပြဲဒဏ်ရာရရှိသွားခဲ့၍ အနားယူခဲ့ရသည်။

နောက်တန်း ဘယ်အစွန်နှင့် ဗဟိုခံစစ်တွင်ပါ ကစားနိုင်သော ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ၎င်း သည် ဒဏ်ရာပြန်သက်သာလာချိန်တွင် အယ်ဖွန်ဆိုဒေးဗီးစ်ကြောင့် ဘယ်အစွန်နေရာ ပျောက်ခဲ့သလို ဗဟိုခံစစ်တွင်လည်း အလာဘာရှိနေသောကြောင့် ပုံမှန်ပွဲကစားခွင့်ရရန် ရုန်းကန်ခဲ့ရ သည်။

၎င်းသည် ယမန်နှစ်ရာသီက ပြိုင်ပွဲစုံ ၂၉ ပွဲ ကစားခွင့်ရသော်လည်း ၁၂ ပွဲတွင်သာ ပွဲထွက်လူစာရင်းမှ ကစားခွင့်ရခဲ့ပြီး ကျန် ၁၇ ပွဲက လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့သည်။

ထို့ကြောင့် ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီက ယခုနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း ပါရီသို့ခေါ်ယူရန် ကမ်းလှမ်းသွားမည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ သတင်းများနှင့်ပတ်သက်၍ ပြင်သစ်အသင်းအတွက် ၁၈ ပွဲကစားထားသော ဟာနန်ဒက်ဇ်က “ဘိုင်ယန်က ထွက်ခွာတော့မယ်ဆိုတာလား.. နိုးပါ။ ကျွန်တော့်စာချုပ်က ၄ နှစ်ကျန် သေးတယ်။ နောက်ပြီး ဒီရာသီ အခြေအနေပေါ်မှာလည်း မူတည်သေးတယ်။ တကယ်လို့ အခြေ အနေက မနှစ်ကလိုပဲ ဆက်လက်ရှုပ်ထွေးနေမယ် ဆိုရင်တော့ ဘာဖြစ်လာမလဲဆိုတာ စောင့် ကြည့်ရမှာပါ” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ပီအက်စ်ဂျီနှင့် သတင်းထွက်နေခြင်းမှာ ကောလာဟလများသာဖြစ်ပြီး မိ မိကိုလည်းကောင်း၊ အေးဂျင့်ကိုသော် လည်းကောင်း၊ မိမိနှင့် ပတ်သက်သူများထံသော် လည်း ကောင်း မည်သည့်ကမ်းလှမ်းမှုမျိုးကိုမှ မရရှိကြောင်း ပြောသည်။

Ref:Telefoot

Facebook Comments Box
Facebook Comment