ပီယာလို၏ ပထမဆုံးခေါ်ယူမှု အဖြစ် မက်ကန်နီကို ဂျူဗင်တပ် အငှားဖြင့် ခေါ်ယူ

ဂျူဗင်တပ်သည် ရှော်လ်ကေးအလယ်တန်းကစားသမားဝက်စ်တန်မက်ကန်နီကို ခေါ်ယူလိုက်သည်။

အသက် ၂၂ နှစ်ရှိ အမေရိကန်လက်ရွေးစင်သည် ဂျူဗင်တပ်နှင့် ယူရို ၄.၅ သန်းဖြင့် တစ်ရာသီအငှားစာချုပ်ချုပ်ဆိုလိုက်ခြင်း ဖြစ်ပြီး ဂျူဗင်တပ်အနေဖြင့် လာမည့်နွေရာသီတွင် ယူရို ၁၈.၅ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မည်။ ဂျူဗင်တပ်သည် မက်ကန်နီ၏ခြေစွမ်းအပေါ် မူတည်ကာ ယူရို ၇ သန်း ထပ်မံပေးရဦးမည် ဖြစ်သည်။

ဂျူဗင်တပ်အနေဖြင့် ရာသီအကုန်တွင် မက်ကန်နီကို အပြီးသတ်မခေါ်ယူရန်လည်း ဆုံးဖြတ်ပိုင်ခွင့် ရှိနေသည်။အ‌မေရိကန်လက်ရွေးစင်သည် ၂၀၁၆-၁၇ ရာသီ ရာသီသိမ်းပွဲစဉ်တွင် ရှော်လ်ကေး အတွက် ပထမဆုံးပွဲကို ကစားခွင့် ရရှိပြီးနောက် ရှော်လ်ကေး၏အဓိကကစားသမား အဖြစ် ကစားခွင့် ရရှိလာသူဖြစ်သည်။

သူသည် နောက်ပိုင်း သုံးရာသီတွင် ဘွန်ဒက်စ်လီဂါပွဲ ၇၄ ပွဲအထိ ကစားခွင့် ရရှိခဲ့ကာ အလယ်တန်းနှင့် ကွင်းလယ်ခံစစ်တို့တွင် တာဝန်ကျေပွန်စွာ ကစားနိုင်ခဲ့သည်။၂၀၁၉-၂၀ ရာသီမှာ မက်ကန်နီ၏ဘွန်ဒက်စ်လီဂါကစားသမားဘဝအမြင့်မားဆုံးအ ခြေအနေသို့ ရောက်လာခဲ့ပြီး ၂၈ ပွဲကစားကာ ၃ ဂိုးသွင်းယူနိုင်ခဲ့သည်။

မက်ကန်နီသည် ဂျူဗင်တပ်နည်းပြသစ် အင်ဒရေပီယာလို၏ပထမဆုံးခေါ်ယူသည့် ကစားသမားလည်း ဖြစ်သည်။ ဂျူဗင်တပ်သည် မက်ကန်နီမတိုင်မီ ဇွန်လကတည်းက ဘာစီလိုနာအလယ်တန်းကစားသမားအာသာအား ခေါ်ယူထားခဲ့ပြီး ဖြစ်သည်။

ဂျူဗင်တပ်သည် ယခုနွေရာသီတွင် မာတူဒီအား ထွက်ခွာခွင့်ပေးခဲ့ပြီး ဖြစ်သလို ဟီဂူယင်၊ ခီဒီယာတို့ကိုလည်း အသင်းပြောင်းခွင့်ပေးထားသည်။

မက်ကန်နီသည် ၂၀၁၇ ခုနှစ်တွင် အမေရိကန်လက်ရွေးစင်အတွက် ပထမဆုံးပွဲကို ကစားခွင့်ရရှိခဲ့ပြီး နိုင်ငံအတွက် ၁၉ ပွဲကစားကာ ၆ ဂိုးသွင်းယူထားသည်။သူသည် ဂျူဗင်တပ်သို့ မပြောင်းမီ ပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် ဆောက်သမ်တန်၊ လက်စတာနှင့် နယူးကာဆယ်တို့၏ ဆက်သွယ်ခြင်း ခံခဲ့ရသူလည်းဖြစ်သည်။

Facebook Comments Box
Facebook Comment