ပီတာချက်၏ ထောက်ခံမှုဖြင့် ဂိုးသမားတစ်ဦးကို ပေါင် ၁၈ သန်းဖြင့်ခေါ်မည့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းသည် ရင်းနက်စ်ဂိုးသမား အက်ဒဝပ်မန်ဒီကို ပေါင် ၁၈ သန်းဖြင့် မကြာမီရက်ပိုင်းအတွင်း အ ပြီးသတ် ခေါ်ယူတော့မည်ဖြစ်ပြီး ၎င်းကို ဂန္ထဝင်ဂိုးသမား ပီတာချက်၏ ထောက်ခံချက်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

ချဲလ်ဆီးသည် ယမန်နှစ်ရာသီက ပရီးမီးယားလိဂ်တွင် အဆင့် ၄ ရကာ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့သလို အက်ဖ်အေဖလား ဗိုလ်လုပွဲသို့လည်း တက်ရောက်နိုင်ခဲ့သည်။

သို့သော်လည်း နည်းပြလမ်းပတ်၏ ချဲလ်ဆီးသည် တစ်ရာသီအတွင်း ၇၉ ဂိုးပေးခဲ့ရသလို နံပါတ် ၁ ဂိုးသ မား ကီပါ၏အမှားအချို့က ထိခိုက်နစ်နာခဲ့ရသည်။

လမ်းပတ်သည် နည်းစနစ်အကြံပေး ပီတာချက်၏ တိုက်တွန်းမှုအရ အသက် ၂၈ နှစ်အရွယ် ဆီနီဂေါ လက်ရွေးစင်မန်ဒီကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းရောက်ရှိလာခြင်းက ကီပါအတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်စေမည်ဖြစ်သည်။

ရင်းနက်စ်သည် ချဲလ်ဆီး၏ ပေါင် ၁၄ သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီးနောက် လန်ဒန်အခြေစိုက်ကလပ်က နောက်ထပ် ၄ သန်း ထပ်တိုးကမ်းလှမ်းမှုကိုမူ လက်သင့်ခံခဲ့ပြီး ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင် ရာ အချက်အလက်အနည်းငယ်သာ ညှိနှိုင်းရန် ကျန်တော့သည်။

ရင်းနက်စ်ဥက္ကဋ္ဌ နီကိုလပ်စ်ဟိုလ်ဗက်က “မန်ဒီအတွက် ချဲလ်ဆီးနဲ့ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပါ တယ်။ သူက အသင်းက ထွက်ချင်တယ်လို့ ကျွန်တော်တို့ကို ပြောတယ်။ သူ့ဆန္ဒကိုလည်း ကျွန်တော် နား လည်ပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ သဘောတူညီမှု မရသေးပါဘူး။ လိုအပ်တာတွေအတွက် ကျွန်တော်တို့ သုံးပွင့်ဆိုင် ဆွေးနွေးနေပါတယ်” ဟု ပြောသည်။

ချဲလ်ဆီးသည် ယခုဘောလုံးရာသီအတွက် တီမိုဝါနာ၊ ဟာကင်ဇီရက်ချ်၊ ဘန်ချီဝဲလ်၊ ကိုင်ဟာဗက်ဇ်၊ သီယာဂိုဆေးလ်ဗား၊ ဆားတို့ကို ခေါ်ယူထားပြီး ပေါင် သန်း ၂၀၀ ကျော် သုံးစွဲထားပြီးဖြစ်သည်။

Ref:dailymail

Facebook Comments Box
Facebook Comment