ပိုချက်တီနိုအား ယူနိုက်တက် ဆက်သွယ်နေဟု သတင်းများထွက်ပေါ်လာ

ချန်ပီယံလိဂ်တွင် တူရကီကလပ် အစ္စတန်ဘူလ်အား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ၄ ရက်တာအတွင်း ၂ ပွဲဆက်ရှုံးခဲ့သော မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအတွက် ဖိအားတစ်ရပ်အဖြစ် ယူနိုက်တက် တာဝန်ရှိသူများသည် ၎င်း၏နေရာတွင် စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခန့်အပ်ရန် ဆက်သွယ်နေကြောင်း ဗြိတိန် မီဒီယာများက ဖော်ပြသည်။

ယူနိုက်တက်သည် နိုဝင်ဘာ ၁ ရက်ကလည်း အိမ်ကွင်းတွင် အာဆင်နယ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သေးပြီး နောက်ဆုံး ၄ ပွဲ၌ နိုင်ပွဲ ၁ ပွဲသာရကာ ၁ ပွဲသရေ၊ ၂ ပွဲရှုံးထားသည်။

ယူနိုက်တက်သည် ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် အဆင့် ၁၅ နေရာ၌သာ ရပ်တည်လျက်ရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်နှင့် ၉ မှတ်အထိ ကွာဟနေသည်။

ဗြိတိန် မီဒီယာများက ယူနိုက်တက်သည် အသင်း၏ ဆိုးရွားသော ရလဒ်များကြောင့် စပါးနည်းပြဟောင်း ပိုချက်တီနို၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေးနိုင်ရန် ကြိုးစားလျက်ရှိသော်လည်း ဆိုးလ်ရှားကို ထုတ်ပယ်ရေးက စောလွန်းနေသေးသည်ဟုလည်း သုံးသပ်သည်။

အသက် ၄၈ နှစ်အရွယ် အာဂျင်တီးနား နိုင်ငံသား ပိုချက်တီနိုသည် ၂၀၁၉ တွင် စပါးမှ ထုတ်ပယ်ခံရပြီးနောက် ဘောလုံးလောကအတွင်း ပြန်ဝင်လာခြင်း မရှိသေးပေ။

Sky Sports သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပိုချက်တီနိုက အင်္ဂလန်တွင် တစ်ကျော့ပြန် နည်းပြရန်အတွက် မည်သည့်တံခါးကိုမှ ပိတ်ထားခြင်းမရှိကြောင်း ပြောသည်။

ဆိုးလ်ရှားကလည်း မိမိ၏ သတင်းများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် စောလွန်းနေသေးပြီး အကောင်းဆုံးရလဒ်များ ရယူနိုင်ရေးကိုသာ အာရုံစိုက်ထားသည်ဟု ပြောသည်။

Ref:Sky Sports

Facebook Comments Box
Facebook Comment