ပါရီဆစ်အတွက် ယူရို ၃ သန်းနဲ့ တိုင်ပတ်နေတဲ့ ဘိုင်ယန်နဲ့ အင်တာ

ဥရောပချန်ပီယံ ဘိုင်ယန်မြူးနစ်သည် အင်တာမီလန်မှ တစ်ရာသီအဌားစာချုပ်ဖြင့် ခေါ်ယူထားသော ခရိုအေးရှား တောင်ပံကစားသမား အီဗန်ပါရီဆစ်ကို အပြီးသတ်ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း စီးရီးအေကလပ်က ယူရို ၃ သန်း ပိုပေးရန် တောင်းဆိုလိုက်ခြင်းကြောင့် အခက်တွေ့လျက်ရှိသည်။

အသက် ၃၁ နှစ်အရွယ် ပါရီဆစ်သည် ၂၀၁၉ သြဂုတ်လတွင် ဘိုင်ယန်မြူးနစ်သို့ တစ်ရာသီ အဌားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး စာချုပ်ပြည့်ပါက အပြီးသတ်ခေါ်ယူနိုင်သည့် အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားသည်။

ထို့ကြောင့် အဌားစာချုပ်ပြည့်သည့် အချိန်တွင် ဘွန်ဒက်စ်လီဂါကလပ်က အပြီးသတ်ခေါ်ယူရန် ယူရို ၁၂ သန်းဖြင့် ကမ်းလှမ်းခဲ့သည်။

သို့သော်လည်း အင်တာမီလန်က ယူရို ၁၅ သန်းရမှသာ ရောင်းချမည်ဟုဆိုကာ ဘိုင်ယန်မြူးနစ်၏ ကမ်းလှမ်းမှုကို ပယ်ချထားသည်။

ဆိုးချော့စ်၊ ဘရုဂေး၊ ဒေါ့မွန်၊ ဝုဖ်ဘတ်တို့တွင်လည်း ကစားဖူးသော ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဒုတိယဆုရှင် ပါရီ ဆစ်သည် ယမန်နှစ်ရာသီက ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၃၅ ပွဲကစားကာ ၈ ဂိုးသွင်းနိုင်ခဲ့ပြီး နည်းပြဟန်ဆီဖ လစ်၏ ဦးစားပေး ကစားသမားဖြစ်ခဲ့သည်။

ဟန်ဆီဖလစ်သည် မန်စီးတီး တောင်ပံကစားသမား ဆာနေးကို ခေါ်ယူထားပြီး ကင်မစ်ချ်၊ ဂနာဘရီတို့ပါ ရှိနေသော် လည်း ပါရီဆစ်၏ အတွေ့အကြုံနှင့် ကစားပုံကို နှစ်သက်သောကြောင့် အပြီးသတ် ခေါ်ယူလိုနေခြင်းဖြစ်သည်။

ပထမတစ်ကြိမ် ကမ်းလှမ်းမှု မအောင်မြင်ခဲ့သော်လည်း ဘိုင်ယန်မြူးနစ်သည် လက်လျှော့မည့်ပုံမရှိဘဲ ဒုတိယတစ် ကြိမ် ထပ်မံကမ်းလှမ်းသွားမည်ဖြစ်ရာ ကလပ်နှစ်သင်းကြား အထစ်အငေါ့ဖြစ်နေသည့် ယူရို ၃ သန်းကို ဖြေရှင်းနိုင် မှသာ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖွယ်ရှိသည်။

Ref:SBNation

Facebook Comments Box
Facebook Comment