ပါရမီရှင် ဖာတီ၏အေးဂျင့် ဂျော့မန်ဒက်စ်နှင့် ဘာစီလိုနာတို့ ဆွေးနွေး

ဘာစီလိုနာအသင်းသည် ပါရမီရှင် ကစားသမားအဖြစ် သတ်မှတ်ခံထားရသော လူငယ်တိုက်စစ်မှူး အန်ဆူဖာတီကို ကာလရှည် သက်တမ်းတိုးနိုင်ရေးအတွက် ၎င်း၏ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နှင့် ဆွေးနွေးလျက်ရှိ ကြောင်း စပိန် အားကစားသတင်းစာ မာကာက ဖော်ပြသည်။

ဂီနီဘစ်ဆောနိုင်ငံဖွား ဖာတီသည် အသက် ၁၇ နှစ်ကျော်သာ ရှိသေးပြီး ယမန်နှစ်ရာသီကမှ ဘာစီလိုနာအ သင်းကြီးအတွက် စတင်ပွဲထွက်ခွင့် ရရှိခဲ့သူဖြစ်သည်။

သို့သော်လည်း ၎င်းသည် အရွယ်နှင့်မလိုက်အောင် ခြေစွမ်းပြကစားကာ ဘာစီလိုနာ သ မိုင်းတစ်လျှောက် အ သက်အငယ်ဆုံး ဂိုးသွင်းသူ၊ လာလီဂါသမိုင်းတစ်လျှောက် တစ်ပွဲတည်းတွင် အသက်အငယ်ဆုံး ဂိုးသွင်းသူနှင့် ဂိုးဖန်တီးနိုင်သူ၊ ချန်ပီယံလိဂ်တွင် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်သူ၊ စပိန်လက်ရွေးစင်အသင်း၏ အ သက်အငယ်ဆုံး ဂိုးသွင်းသူ စသည့် စံချိန်ပေါင်းများစွာ စိုက်ထူထားသည်။

ဘာစီလိုနာသည် ယမန်နှစ်ရာသီက ပြိုင်ပွဲစုံ ၃၃ ပွဲတွင် ၈ ဂိုးသွင်းထားသော ဖာတီကို သက် တမ်းတိုးနိုင်ရေး အတွက် အလိုရှိနေပြီး ၂၀၂၂ တွင် ကုန်ဆုံးမည့်စာချုပ်အား ၂၀၂၄ အထိရှိမည့် နောက်ထပ် ၂ နှစ် ထပ်မံ သက်တမ်းတိုးချင်သလို စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၁၇၀ ကိုလည်း သန်း ၄၀၀ အထိ တိုးမြှင့်လိုနေ သည်။

ထို့ကြောင့် ဘာစီလိုနာက ၎င်းကို အသင်းတွင် နောက်ထပ် ၄ နှစ် ထပ်ရှိစေလိုသည့် သ ဘောလည်းဖြစ်သည်။ သို့သော် ဖာတီမှာ လာမည့် အောက်တိုဘာ ၃၁ တွင်မှ ၁၈ နှစ်ပြည့်မည်ဖြစ်ရာ ၁၈ နှစ်အောက် ကစားသမားတစ်ဦးအတွက် လက်ရှိစာချုပ်ထက် ၃ နှစ်ပိုမချုပ်ဆိုရဟူသော စည်းကမ်းချက်နှင့် ငြိစွန်းနေသည်။

ဖာတီကို မန်ယူအသင်းက စိတ်ဝင်စားနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေပြီး စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၁၇၀ ကို ပေးချေမည်ဟု သိရသည်။

စူပါအေးဂျင့် ဂျော့မန်ဒက်စ်သည် ဖာတီ၏ စာချုပ်ကိစ္စအတွက် ဘာစီလိုနာ ဒါရိုက်တာများနှင့် ဆွေးနွေးသွားမည်ဖြစ်သလို ပေါ်တူဂီနောက်ခံလူ ဆီမီဒို၏ အနာဂတ်နှင့် ပတ်သက်၍လည်း ဆွေးနွေးမည်ဖြစ်သည်။

Ref:Marca

Facebook Comments Box
Facebook Comment