ပါတေး ဒဏ်ရာရရှိခဲ့ကြောင်း အာဆင်နယ်နည်းပြ အာတီတာ အတည်ပြု

အာဆင်နယ်အလယ်တန်းကစားသမားသေမတ်စ်ပါတေးသည် ဗီလာအား ရှုံးနိမ့်သည့်ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာကို စစ်ဆေးမှု ပြုလုပ်ရမည် ဖြစ်ကြောင်း မီခေးလ်အာတီတာက အတည်ပြု ပြောကြားလိုက်သည်။

ဂါနာလက်ရွေးစင်သည် အမ်းမရိတ်ကွင်းပွဲစဉ်တွင် ၄၅ မိနစ်သာကစားနိုင်ခဲ့ပြီး ဒါနီစီဘယ်လို့စ်နှင့် လူစားလဲခဲ့ရသည်။ ပါတေးပေါင်ကြွက်သားဒဏ်ရာရရှိခဲ့မှုမှာ ဗီလာကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်အတွက် ဒုတိယထိုးနှက်ချက်တစ်ခု ဖြစ်နေသည်။

အာတီတာက “ဒဏ်ရာအခြေအနေ မသိသေးပါဘူး။ ဆရာဝန်ကဘဲ သူ့ကို ကြည့်ပါလိမ့်မယ်။ သူ့ဒဏ်ရာကို စစ်ဆေးရပါမယ်။ ပြီးတော့မှ သူ့ကို ဘယ်လို လုပ်မယ်ဆိုတာ ကျွန်‌တော်တို့ ဆုံးဖြတ်ပါမယ်”ဟု ပြောကြားသွားသည်။

သောမတ်စ်ပါတေးသည် ဂါနာအသင်း၏ အာဖရိကဖလားပြိုင်ပွဲ ခြေစစ်ပွဲများကို လွဲချော်မည် ဖြစ်သည်။

အာဆင်နယ်သည် ဗီလာအား ၃-၀ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ဂိုးပေါက်သို့ ၁၃ ကြိမ် ကန်ခဲ့သော်လည်း ၂ ကြိမ်တည်းသာ ဂိုးပေါက်တည့်ခဲ့သည်။ ၎င်းတို့သည် ပရီးမီးယားလိဂ် ၈ ပွဲကစားရာတွင် ၉ ဂိုးတည်းသာ ရရှိထားကာ ၂၂ နှစ်အတွင်း သွင်းဂိုးအနည်းဆုံး ရာသီနှင့် ကြုံနေရသည်။

Facebook Comments Box
Facebook Comment