ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဒီဘရိုင်း ဆွတ်ခူး

မန်စီးတီးကွင်းလယ်ဖန်တီးရှင် ကီဗင်ဒီဘရိုင်းသည် ထိပ်တန်းကစားသမားများကိုကျော်ဖြတ်ကာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုအား ရယူနိုင်ခဲ့သည်။

အသက် ၂၉ နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင် ဒီဘရိုင်းသည် အဆိုပါဆုအတွက် ဆန်ခါတင်စာ ရင်းတွင် တစ်ဦးတည်းသော မန်စီးတီးကစားသမားအဖြစ် ပါဝင်ခဲ့သော်လည်း ပရီးမီးယားလိဂ်ရွှေဖိနပ် ဆုရှင် ဗာဒီ(လက်စတာ)၊ ဟန်ဒါဆန်၊ အာနိုး၊ မာနေး(လီဗာပူးလ်)၊ ဒန်နီအင့်စ်(ဆောက်သမ်တန်)၊ နစ်ပုပ်(ဘန်လေ)တို့ကို ကျော်ဖြတ်ရယူနိုင်ခဲ့သည်။

ချဲလ်ဆီး၊ ဝုဖ်ဘတ်တို့တွင်ကစားဖူးသူ ဒီဘရိုင်း သည် ယခုရာသီ ပရီးမီးယားလိဂ်(၃၅)ပွဲကစားကာ ၁၃ ဂိုးသွင်းပြီး ကစားဖော်များဂိုးသွင်းနိုင်ရန် အ ကြိမ် ၂၀ ဖန်တီးပေးနိုင်ခဲ့သည်။

မန်စီးတီးအသင်းအား ဒုတိယနေရာရစေရန် ကူညီပေးနိုင်ခဲ့သော ၎င်း၏ ဂိုးဖန်တီးမှုအကြိမ် ၂၀ သည် ၂၀၀၃ ခုနှစ်က အာဆင်နယ်တိုက်စစ်မှူး အွန်နရီ၏ ဂိုးဖန်တီးမှုကို လိုက်မီနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်တွင် တစ်ရာသီအတွင်း ဖန်တီးမှုအကောင်းဆုံး ကစားသမားများအဖြစ် ရပ်တည်နေသည်။

ဒီဘရိုင်းသည် ၂၀၁၅ ခုနှစ်တွင် ဝုဖ်ဘတ်မှပြောင်းရွှေ့လာခြင်းဖြစ်ပြီး ၅ ရာသီအတွင်း မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၂၂၂ ပွဲကစားကာ ၅၇ ဂိုးသွင်းယူထားသလို ပရီးမီးယားလိဂ်ချန်ပီယံ ၂ ကြိမ် ရယူထားသည်။

အခြားဆုများအဖြစ် လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က အကောင်းဆုံးနည်းပြဆု၊ လီဗာပူးလ် နောက်ခံလူ အာနိုးက အကောင်းဆုံးလူငယ်ကစားသမားဆုတို့ကို ရရှိခဲ့သည်။ ဒီဘရိုင်းသည် ပရီးမီး ယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

Facebook Comments Box
Facebook Comment