ပရီးမီးယားလိဂ်သို့ ပြန်လာရန် ပိုချက်တီနို အဆင်သင့် ဖြစ်နေပြီ

မော်ရီစီယိုပိုချက်တီနိုက နည်းပြလောကသို့ ပြန်လည် ဝင်ရောက်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားလိုက်သည်။ အာဂျင်တီးနားလူမျိုးနည်းပြသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတုန်းက စပါးစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့သူ ဖြစ်သည်။ သူသည် ဆိုးလ်ရှား၏ မန်ချက်စတာယူနိုက်တက် နည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားနေသူလည်း ဖြစ်သည်။

ပိုချက်တီနိုသည် စပါးစ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့အထိ ပို့ဆောင်ပေးနိုင်ပြီးနောက် နောက်တစ်ရာသီတွင် ရလဒ်ဆိုးရွားမှုကြောင့် ထုတ်ပယ်ခံခဲ့ရသည်။ အာဂျင်တီးနားလူမျိုးနည်းပြကို ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်၊ ပီအက်စ်ဂျီုတို့ကလည်း ဆက်သွယ်ခဲ့ဖူးကြသည်။

သို့ရာတွင် အင်္ဂလန်တွင် ခြောက်နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်လာခဲ့သည့် ပိုချက်တီနိုသည် ပရီးမီးယားလိဂ်သို့ ပြန်လိုနေသည်။

ပိုချက်တီနိုက “ဒီနိုင်ငံမှာ အရမ်းအံ့ဩစရာကောင်းတဲ့ လူတွေနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်။ အံ့ဩစရာကောင်းတဲ့ ယဉ်ကျေးမှုပိုင်ဆိုင်တဲ့ နိုင်ငံပါ။ ဒီနိုင်ငံကို ချစ်နေပါပြီ။ ဘောလုံးပွဲမှာ ပါဝင်ဖို့ နောက်ထပ် အဆင်သင့် ဖြစ်နေပါပြီ။ ဘောလုံးကို ချစ်တယ်။ ဒါက ကျွန်တော် မြတ်နိုးတဲ့ အရာပါ။ အလုပ်လုပ်ရဖို့ ဖိအားမခံစားရပါဘူး။ လေ့ကျင့်ရေးကွင်းသွားရလို့ ဖိအားမခံစားရပါဘူး။ ပွဲအတွက် ပြင်ဆင်ရဖို့ ဖိအားမခံစားရပါဘူး။ ယှဉ်ပြိုင်ရလို့ ဖိအားမခံစားရပါဘူး။ ကျွန်တော့်ဆံပင်တွေ ရှည်သထက် ရှည်နေပါပြီ”ဟု ပြောကြားသွားသည်။

ထို့အပြင် ပိုချက်တီနိုက စပါးစ်အသင်းမှာ နည်းပြ မော်ရင်ဟို၏ ဦးဆောင်မှုဖြင့် ဆုဖလား ရရှိလာရန် သေချာနေကြောင်းလည်း ထောက်ခံ ပြောကြားလိုက်သည်။

Facebook Comments Box
Facebook Comment