ပရီးမီးယားလိဂ်တွင် ပထမဆုံး အထုတ်ခံရမည့် နည်းပြအဖြစ် ပါကားနှင့် ဆိုးလ်ရှား ရေပန်းစားနေ

စပါးစ်နည်းပြဟောင်းမော်ရီစီယိုပိုချက်တီနိုသည် မန်ချက်စတာယူနိုက်တက်၏ နည်းပြသစ် ဖြစ်လာရန် ရေပန်းစားနေကြောင်း သိရသည်။ လက်ရှိနည်းပြ ဆိုးလ်ရှားသည် ပြီးခဲ့သည့်အပတ်တုန်းက အိုးထရက်ဖို့ဒ်၌ စပါးစ်ကို ၆-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်တွင် အထုတ်ခံရမည့် နည်းပြများစာရင်းတွင် ဖူလ်ဟမ်နည်းပြစကော့ပါကားပြီးနောက် ရေပန်းအစားဆုံး ဖြစ်လာခဲ့သည်။

မန်ချက်တာယူနိုက်တက်သည် မော်ရင်ဟိုနှင့် ဆိုးလ်ရှားတို့ကို မခန့်အပ်မီတုန်းက ယူနိုက်တက်နည်းပြရာထူးအတွက် ပိုချက်တီနိုကို အလေးအနက်ထား စဉ်းစားခဲ့ဖူးကြသည်။

သို့ရာတွင် စပါးစ်ဥက္ကဌလီဗိုင်းက ပိုချက်တီနိုကို လက်လွှတ်ရန် ငြင်းဆိုမှုနှင့်အတူ ယူနိုက်တက်မှာ လျှော့ချခဲ့ရသည်။ သို့ရာတွင် အာဂျင်တီးနားလူမျိုးနည်းပြသည် ပြီးခဲ့သည့် နိုဝင်ဘာလတုန်းက စပါးစ်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီး လက်ရှိအချိန်တွင် ကလပ်လက်မဲ့ ဖြစ်နေသည်။

ဗြိတိန်ဘွတ်ကီဒိုင် Ladbrokes က ပိုချက်တီနိုကို ယူနိုက်တက်နည်းပြဖြစ်လာရေးအတွက် ၅/၄ အထိ ပေးလာပြီး ဂျူဗင်တပ်နည်းပြ ဟောင်းအယ်လီဂရီက ၇/၁ ဖြင့် ဒုတိယရေပန်းအစားဆုံး ဖြစ်လာသည်။

ဆိုးလ်ရှားသည် အထုတ်ခံရမည့် နည်းပြများစာရင်းတွင် စကော့ပါကား (၇/၄) ပြီးနောက် ၁၅/၈ ဖြင့် ဒုတိယရေပန်းအစားဆုံး ဖြစ်နေသည်။ စပါးစ်နည်းပြမော်ရင်ဟိုမှာ အိုးထရက်ဖို့ဒ်တွင် ယူနိုက်တက်ကို ၆-၁ ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်သော်လည်း ထုတ်ပယ်ခံရရန် ၈/၁ ဖြင့် ရေပန်းစားနေသည်။ ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရမည့် နည်းပြများစာရင်းတွင် ဆလာဗင်ဘီလစ်၊ ဒေးဗစ်မိုယက်စ်၊ ရွိုင်းဟော့ဆန်၊ ဖရန့်လမ်းပတ်နှင့် ရှောင်ဒိုက်ချီတို့လည်း ပါဝင်နေသည်။

Facebook Comments Box
Facebook Comment