ပရိသတ်မပါဝင်သည့် ဘောလုံးပွဲမှာ လူပြက်မပါသည့် ဆပ်ကပ်နှင့်တူ ကြောင်း ဂိုးရာပြည့် ရော်နယ်ဒို ပြောကြား

ခရစ္စတီယာနိုရော်နယ်ဒိုသည် ပရိသတ်မပါဝင်သည့် ဘောလုံးပွဲအား ဆပ်ကပ်သွားကြည့်ရာတွင် လူပြက် မကြည့်ခဲ့ရသည်နှင့်တူညီကြောင်း နှိုင်းယှဉ်ပြောကြား သွားသည်။

ခရစ္စတီယာနိုရော်နယ်ဒိုသည် ပြီးခဲ့သည့် အင်္ဂါနေ့က ဆွီဒင်အား ၂-၀ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ပေါ်တူဂီအတွက် အနိုင်ဂိုး နှစ်ဂိုးလုံးကို သွင်းယူခဲ့သူ ဖြစ်သည်။ ပေါ်တူဂီအသင်းခေါင်းဆောင် သည် ပေါ်တူဂီအတွက် သွင်းဂိုး ရာပြည့်သွင်းယူထားနိုင်ပြီ ဖြစ်ပြီး ယခုအခါ သွင်းဂိုး ၁၀၁ ဂိုး ရှိသွားပြီဖြစ်သည်။

စတော့ဟုမ်းတွင် ကစားခဲ့သည့် အဆိုပါပွဲစဉ်ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရိသတ်မပါဝင်ဘဲ ကစားခဲ့ရသည်။ ရော်နယ်ဒိုသည် ပရိသတ်များကို ဘယ်လောက် လွမ်းနေပြီဖြစ်ကြောင်း ပြောကြားလာပြီ ဖြစ်သည်။

ခရစ္စတီယာနိုရော်နယ်ဒိုက “ကျန်းမာရေးက အဓိကပါ။ တကယ်လို့ WHO က လုံခြုံစိတ်ချမှုမရှိဘူးလို့ ဆိုရင် ပရိသတ်တွေကို ကြည့်ခွင့်မပေးသင့်ပါဘူး။ လူသားဆန်မှုက အရေးအကြီးဆုံးပါ။ ပရိသတ်မပါဘဲ ကစားရတာ ဆပ်ကပ်ပွဲ သွားကြည့်တာ လူပြက် မကြည့်ခဲ့ရတာတူပါတယ်။ ပန်းမရှိတဲ့ ဥယျာဉ်လိုပါလိုပါပဲ”ဟု ပြောကြားသွားသည်။

ပေါ်တူဂီသည် ယမန်နှစ်တုန်းက Nations League ချန်ပီယံဖြစ်ခဲ့သည့် အသင်းဖြစ်ပြီး ချန်ပီယံဘွဲ့ကို ကာကွယ်သွားရမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment