ပယ်နယ်တီကို အသုံးမချနိုင်လို့ ဘယ်လ်ဂျီယံကို အရှုံးပေး ခဲ့ရတဲ့ ကနေဒါ

ဘယ်လ်ဂျီယံ ၁-၀ ကနေဒါ

၃၆ နှစ်ကြာမှ ကမ္ဘာ့ဖလား တကျော့ ပြန်ရောက်လာတဲ့ ကနေဒါဟာ ပွဲဦးထွက် ပွဲမှာ နာမည်ကြီး ဘယ်လ်ဂျီယံကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ပါတယ်။

တကယ်ဆို ဒီပွဲမှာ ပွဲချိန် ၁၁ မိနစ်ကတည်းက ကနေဒါ အသင်း ပယ်နယ်တီ ရခဲ့ပေမယ့် အယ်ဖွန်ဆို ဒေးဗစ် အသုံးမချ နိုင်ခဲ့လို့ ရှုံးမိမ့် ခဲ့ရတာ ဖြစ်ပါတယ်။

ကနေဒါဟာ ပထမပိုင်း ၄၅ မိနစ် အတွင်းမှာ ဘယ်လ်ဂျီယံကို ဂိုးပေါက် ခြိမ်းခြောက်မှု ၁၄ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ပယ်နယ်တီ ပေးသင့် မပေးသင့် VAR ပြန်ကြည့်ရတာလည်း ၃ ကြိမ် ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ် အထိ တက်ခဲ့တဲ့ ဘယ်လ်ဂျီယံ အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဘတ်ရှူဝါရီက သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

Facebook Comments Box
Facebook Comment