ပစ်ဖို့ဒ်နှင့်ရီချက်လီဆင်တို့ကို ဆိုရှယ်မီဒီယာတွင် ခြိမ်းခြောက်နေမှုများအား ရဲတပ်ဖွဲ့ စစ်ဆေးနေ

မာဆေးလ်ဆိုက်ရဲတပ်ဖွဲ့သည် စနေနေ့က မာဆေးလ်ဆိုက်ဒါဘီပွဲစဉ်မှ ဖြစ်ရပ်အတွက် အဲဗာတန်ကစားသမားနှစ်ဦးကို ဆိုရှယ်မီဒီယာတွင် တိုက်ခိုက် ခြိမ်းခြောက်ရေးသားနေမှုများအား စစ်ဆေးလျက်ရှိသည်။ ဂျော်ဒန်ပစ်ဖို့ဒ်နှင့် ရီချက်လီဆင်တို့သည် လီဗာပူးနှင့် နှစ်ဂိုးစီ သရေကျသည့်ပွဲတွင် ကြမ်းတမ်းစွာ ကစားခဲ့ကြောင့် လီဗာပူးပရိသတ်များ၏ခြိမ်းခြောက်ခြင်း ခံနေရခြင်းလည်း ဖြစ်သည်။

အဲဗာတန်နှင့်အင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်သည် လီဗာပူးနောက်ခံလူဗန်ဒိုက်အား ဒူးအရွတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိအောင် ကစားခဲ့ပြီး ရီချက်လီဆင်မှာလည်း တီယာဂိုကို ကြမ်းတမ်းစွာ ဖျက်ထုတ်ကစားခဲ့သည်။ ပစ်ဖို့ဒ်မှာ ယင်းဖြစ်ရပ်အ တွက် အရေးယူခြင်း မခံခဲ့ရသော်လည်း ရီချက်လီဆင်မှာမူ အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရသည်။

မာဆေးလ်ဆိုက်ရဲတပ်ဖွဲ့က “အဲဗာတန်ဘောလုံးကစားသမားနှစ်ဦးကို တိုက်ခိုက် ရေးသားနေမှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စစ်ဆေးမှု လုပ်နေပါတယ်။ တိုက်ခိုက်ရေးသားတဲ့အသုံးအနှုန်းတွေက ဘယ်လို လက်ခံလို့ မရပါဘူး။ ဒီကိစ္စကို အလေးအနက်ထား လုပ်ဆောင်နေပါတယ်။ သူတို့ဟာ အင်တာနက်ကနေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာပါ။ တိုက်ခိုက်နေသူတွေကို ခြိမ်းခြောက်မှု၊ အမုန်းတရား ရာဇဝတ်မှုလုပ်ဆောင်နေကြတာ ဖြစ်လို့ တရားဥပဒေနဲ့ ဆန့်ကျင်နေပါတယ်။ စစ်ဆေးရေးအဖွဲ့က တိုက်ခိုက်ရေးသားတဲ့သူတွေကို တစ်ဦးချင်းစီ ရှာဖွေစစ်ဆေးပြီး ဥပဒေကြောင်းအရ လုပ်ဆောင်သွားပါမယ်”ဟု ကြေညာသွားသည်။

Facebook Comments Box
Facebook Comment