
နှုတ်ဆက်လမ်းခွဲ
မန်ယူနိုက်တက်ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာသည် အသင်းသားများနှင့် စုပေါင်းစုဖွဲ့ထားသော Whats App group မှ နုတ်ထွက်ခဲ့ရာ အိုးလ်ထရက်ဖို့ဒ်ကိုစွန့်ခွာရန် သေချာနေပြီဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။
၂၉ နှစ်အရွယ် ၎င်းသည် ရာသီအကုန်တွင် အလွတ်ထွက်ခွာခွင့်ရရှိထားပြီး ထိပ်သီးအသင်းနှစ်ခု၏ ကမ်းလှမ်းမှုကို လက်ခံရရှိထားသည်။
၂၀၁၆ တွင် စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၈၉ သန်းဖြင့် ဂျူဗင်တပ်စ်မှ ရောက်ရှိလာသော ပေါ့ဂ်ဘာသည် အလွတ်ထွက်ခွာခွင့်ဖြင့် ယူနိုက်တက်မှ ဒုတိယအကြိမ် ထပ်မံထွက်ခွာတော့မည်လည်းဖြစ်သည်။
ပြင်သစ်ကြယ်ပွင့်သည် မန်ချက်စတာမှ ထွက်ခွာတော့မည်ဟု အသင်းဖော်များကို အသိပေးခဲ့သလို ကစားသမားများ စုပေါင်းဆက်သွယ်ရင်ဖွင့်ရာ Whats App group မှလည်း ထွက်ခဲ့သည်။
၎င်းသည် လက်ရှိအချိန်တွင် ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူနေရပြီး အင်္ဂလန်တကျော့ပြန်ခရီး၌ ၃၉ ဂိုးသွင်းကာ ခါရာဘောင်နှင့် ယူရိုပါလိဂ်ဖလားနှစ်လုံး ရယူခဲ့သည်။
ရာသီအကုန်တွင် ၎င်းတဦးတည်းသာမဟုတ်ဘဲ စာချုပ်ပြည့်မည့် ဂျက်ဆီလင်ဂတ်၊ နီမန်ဂျာမာတစ်၊ ကာဗာနီ၊ မာတစ်တို့လည်း အသင်းမှထွက်ခွာမည်ဟု မျှော်လင့်ရသည်။
Ref:dailymail