နှစ် ၇၀ ကျော်အတွင်း သမိုင်းဝင်ဂိုးပြတ်ရှုံးပွဲနဲ့ ကြုံခဲ့ရတဲ့ ဘာစီလိုနာ

ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့က Estadio da Luz ကွင်းမှာကစားတဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် မှာ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်က လာလီဂါထိပ်သီး ဘာစီလိုနာအသင်းကို ခြေစွမ်းအ သာ၊ ဘောလုံးပိုင်ဆိုင်မှုအသာ အဖက်ဖက်က အသာစီးရယူကာ ၈-၂ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ယခုရလဒ်ဟာ ဘာစီလိုနာအတွက်တော့ ၁၉၄၆ စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့်မှာ ဆီဗီလာကို ၈-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း ၇၄ နှစ်အတွင်း ပထမဆုံးဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ရပါတယ်။

လာလီဂါမှာ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နောက် ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတဲ့ ဘာစီလိုနာအ သင်းဟာ ဘိုင်ယန်ကို အရှက်တကွဲရှုံးနိမ့်ခဲ့တာကြောင့် နည်းပြဆက်တီယန်ကို ချက်ချင်းဆိုသလို ထုတ်ပယ်လိုက်ပြီး သူ့ရဲ့နေရာကို စပါးနည်းပြဟောင်း ပိုချက်တီနိုက အစားဝင်ရောက်ဖို့ တစ်ပြေးနေပါ တယ်။ ဆက်တီယန်ဟာ တိုက်စစ်မှာ မက်ဆီ၊ ဆွာရက်ဇ်ကိုတင်ကာ ဗီဒယ်က နောက်ချန်တိုက်စစ်မှူး အဖြစ် ပါဝင်ခဲ့ပါတယ်။

ဘိုင်ယန်ကတော့ လီဝမ်ဒေါစကီးကို အထောင်တိုက်စစ်ကထားကာ ပါရီဆစ်၊ မူလာ၊ ဂနာဘရီတို့နဲ့အ တူ ဘာစီလိုနာခံစစ်ကို ပြိုလဲစေခဲ့ပါတယ်။ ဘာစီလိုနာဟာ အသင်းလိုက်မှာရော၊ တစ်ဦးချင်းမှာပါ ဂျာ မန်ချန်ပီယံအသင်းကို ဘယ်လိုမှမယှဉ်နိုင်ခဲ့ပါဘူး။ ကွင်းလယ်က ဘိုင်ယန်တိုက်စစ်လမ်းကြောင်းကို မ ဖျက်တောက်နိုင်သလို ပီကေး၊ လန်ဂလက်၊ ဆီမီဒို၊ အယ်ဘာတို့ပါဝင်တဲ့ နောက်တန်းကစားပုံ၊ လူ ကပ်ပုံတွေကလည်း ညံ့ဖျင်းလွန်းလှပါတယ်။ အသင်းခေါင်းဆောင်မက်ဆီဟာ သူ့ကိုပံ့ပိုးပေးမယ့်သူ မ ရှိတာကြောင့် နောက်တန်းအထိ ဘောလုံးဆင်းယူနေရပြီး ဂိုးပြတ်ရှုံးနေချိန် လူစားဝင်လာတဲ့ ဂရစ်ဇ် မန်းကလည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

ဘိုင်ယန်ဟာ ဆီမီဒိုရဲ့ညာခြမ်းဘက်ကနေ အများဆုံးထိုးဖောက်ခဲ့ပြီး လန်ဂလက်၊ ပီကေးတို့ရဲ့ဗဟိုခံ စစ်အတွဲကလည်း နားလည်မှုမရှိဘဲ ဝါးအစည်းပြေသလို ဖြစ်ခဲ့ရပါတယ်။ ပွဲအစ ၄ မိနစ်မှာတင် ဘာစီ လိုနာနောက်တန်း လူကပ်ကစားပုံအမှားကနေ လီဝမ်ဒေါစကီး ချပေးတာကို မူလာက ဘယ်ခြေနဲ့ကန် ကာ ဘိုင်ယန်အတွက် အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ နောက်ထပ် ၃ မိနစ်အကြာမှာ အယ်ဘာရဲ့ဖြတ်တင် ဘောကို ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာ ဖျက်ထုတ်တာ ဂိုးသမားနူအာကိုကျော်ပြီး ဂိုးဝင်သွား ခဲ့လို့ ဘာစီလိုနာတို့ ချေပဂိုးရခဲ့ပါတယ်။

ဒီနောက် ဆက်တိုက်ဆိုသလိုပဲ ဆွာရက်ဇ် ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့အပိုင်ကန်သွင်းမှု၊ မက် ဆီ တင်ပေးတာကို ဘာစီလိုနာကစားသမားတွေ အနီးကပ် အပြိုင်ခေါင်းတိုက်သွင်းမှု စတဲ့ ဂိုးရနိုင်ခွင့် ၂ ကြိမ်ဆက်တိုက်ရခဲ့ပေမယ့်လည်း ဂိုးမရခဲ့ပါဘူး။ ဒါဟာ ဘာစီလိုနာအသင်းအတွက် အကောင်းဆုံး သော ဂိုးရနိုင်ခွင့်တွေဖြစ်ခဲ့ပြီး ကျန်ပွဲချိန်တွေကိုတော့ ဘိုင်ယန်ကပဲ အသာစီးကစားနိုင်ခဲ့ပါတယ်။ ဘိုင် ယန်အတွက် နောက်ထပ်ဂိုးတွေကို မူလာ(၃၁)၊ ပါရီဆစ်(၂၂)၊ ဂနာဘရီ(၂၇)၊ ကင်မစ်ချ်(၆၃)၊ လီဝမ် ဒေါစကီး(၈၂)၊ ကော်တင်ညို(၈၅၊ ၈၉)တို့က သွင်းယူခဲ့ပြီး ဘာစီလိုနာအတွက် နောက်ထပ်ဂိုးကို ဆွာ ရက်ဇ်က (၅၇)မိနစ်မှာ သွင်းယူခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းကလည်း ၁၆ သင်းအဆင့်ကတင် ထွက်ခဲ့ရတာကြောင့် ယခုနှစ် ဆီမီးဖိုင်နယ်အ ဆင့်ကို စီရော်နယ်ဒိုနဲ့ မက်ဆီတို့နှစ်ဦးအနက် တစ်ဦးဦး မတက်ရောက်နိုင်တာက ၂၀၀၅-၂၀၀၆ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၂ ယောက်ရဲ့ချန်ပီယံလိဂ်ကျဆုံးခန်းဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။ ဘိုင်ယန်မြူး နစ်ဟာ ယနေ့ညကစားမယ့် မန်စီးတီး-လိုင်ယွန်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ သြဂုတ် ၁၉ ရက်မှာ ဆီ မီးဖိုင်နယ်ပွဲစဉ် ကစားရမှာဖြစ်သလို အခြားပွဲစဉ်အဖြစ် သြဂုတ် ၁၈ ရက်မှာ လိုက်ပ်ဇစ်နဲ့ ပီအက်စ်ဂျီတို့ ကစားသွားမှာ ဖြစ်ပါတယ်။

Facebook Comments Box
Facebook Comment