နှစ်ပွဲဆက် လူစာရင်းတွင် ချန်လှပ်ခံခဲ့ရသည့် ဒီလီအလီကို ခေါ်ယူရန် ပီအက်စ်ဂျီ ဆွေးနွေးနေ

ပီအက်စ်ဂျီသည် စပါးစ်ကွင်းလယ်ကစားသမား ဒီလီအလီကိုခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ အသက် ၂၄ နှစ်ရှိ အင်္ဂလန် ကွင်းလယ်ကစားသမားသည် လွန်ခဲ့သည့် တစ်ပတ်က အဲဗာတန်ကို ရှုံးနိမ့်သည့်ပွဲ၌ ပထမပိုင်းတွင်ပင် လူစားလဲခြင်းခံခဲ့ရပြီးနောက် ဆောက်သမ်တန်အား ၅-၂ဖြင့် အနိုင်ရသည့်ပွဲအထိ နှစ်ပွဲဆက် လူစာရင်းတွင် ချန်လှပ်ခံခဲ့ရကာ အိမ်တွင် ကျန်နေခဲ့သည်။

The Telegraph ၏ ဖော်ပြချက်အရ ပီအက်စ်ဂျီသည် ဒီလီအလီနှင့် နည်းပြမော်ရင်ဟိုတို့အကြား အဆင်မပြေဖြစ်နေမှုကို အခွင့်ကောင်းယူကာ အင်္ဂလန်လက်ရွေးစင်အား ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။

သို့ရာတွင် ပီအက်စ်ဂျီမှာ ဒီလီအလီကို အပြီးသတ်ခေါ်ယူမည့်အချက်ဖြင့် အငှားဖြင့် ခေါ်ယူမည်လား၊ အပြီးသတ်ခေါ်ယူလုပ်မည်လား အတိအကျ မသိရသေးပါဘူး။

ဒီလီသည် ၂၀၁၅ ခုနှစ်တွင် စပါးစ်သို့ ရောက်လာပြီးနောက် စပါး်စအတွက် ၂၂၃ ပွဲကစားကာ ၆၂ ဂိုးသွင်းယူပေးထားသူဖြစ်သည်။ စပါးစ်သည် ဂါရတ်ဘေးလ်အား ခေါ်ယူရာ၌ အပြောင်းအရွှေ့အစိတ်အပိုင်းတစ်ရပ်အဖြစ် အလီကို ပေးရန် ကမ်းလှမ်းခဲ့သော်လည်း ဇီဒန်းက ပယ်ချခဲ့သည်။

အစောပိုင်းတုန်းက အင်တာ၏စိတ်ဝင်စားမှုလည်း ခံခဲ့ရသည့် အလီသည် မော်ရင်ဟို၏ယခုရာသီစီမံကိန်းတွင် ပါဝင်ခြင်း မရှိရာ အသင်းပြောင်းရေး လုပ်ဆောင်ရရန် သေချာနေသည်။

ဆောက်သမ်တန်နှင့်ပွဲမတိုင်မီ အင်တာဗျူးတွင် မော်ရင်ဟိုက အလီအား လူစာရင်းတွင် ချန်လှပ်ခဲ့ရခြင်းမှာ ကြံ့ခိုင်မှုကြောင့် မဟုတ်ဘဲ၊ အသင်းတွင် ရွေးချယ်စရာကစားသမားအလွန်များပြားနေခြင်းဟု ပြောကြားခဲ့ရာ ၎င်းမှာ မော်ရင်ဟို၏အစီအစဉ်တွင် မပါဝင်သည်မှာ သေချာနေပြီ ဖြစ်သည်။ အလီအနေဖြင့် ပီအက်စ်ဂျီတွင် အမ်ဘက်ပီ၊ အိုင်ကာဒီ၊ နေမာ၊ ဒီမာရီယာတို့ကဲ့သို့ ထိပ်တန်းကစားသမားများနှင့် တွဲကစားရမည်ဖြစ်ရာ ပဲရစ်သို့ ပြောင်းရန် စိတ်ဝင်စားရန် သေချာနေသည်။

Facebook Comments Box
Facebook Comment