
နောက်တစ်ဆင့်တက်ဖို့ ဖောင်ဖျက်ကစားမယ့် အာဂျင်ကို ပိုလန်တို့ဟန့်တားနိုင်မလား
✍️ မောင်ရဲတိုက်

⬛ ဩစတြေးလျ Vs ဒိန်းမတ်
အာရှဇုန်းတစ်သင်းဖြစ်တဲ့ ဩစတြေးလျဟာ ပြီးခဲ့တဲ့ပွဲမှာ တူနီးရှားကိုအနိုင်ရခဲ့လို့ နောက်တစ်ဆင့်အတွက် မျှော်လင့်ခွင့်ရနေသေးတာဖြစ်ပါတယ်။ ထိုပွဲမှာ ဩဇီတို့ တိုက်စစ်မှုးဒုခ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အဖိုးတန်သုံးမှတ်ကို ရယူနိုင်ခဲ့တာပါ။အနိုင်ရခဲ့တယ်ဆိုပေမယ့် တူနီးရှားက ဩဇီတို့ထက် ခြေပိုသာခဲ့ပြီး ကံအားလျော်စွာရလာတဲ့ အခွင့်အရေးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့လို့ သားပိုက်ကောင်တို့ အောင်ပွဲရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီညမှာ ဒိန်းမတ်ကို သရေခံကစားနိုင်ခဲ့ရင်ကိုပဲ ၁၆သင်းအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။
ဒိန်းမတ်ကတော့ တူနီးရှားနဲ့သရေကျခဲ့ပြီး လက်ရှိချန်ပီယံပြင်သစ်ကို အရေးနိမ့်ခဲ့တာမို့ ဒီညမှာ မဖြစ်မနေကို အနိုင်ကစားဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ပြင်သစ်ကို လက်မြှောက်ခဲ့ရပေမယ့် ဒိန်းမတ်ရဲ့ခြေစွမ်းက အဲ့ပွဲမှာ မနိမ့်ခဲ့ပါဘူး။ သူတစ်ပြန်ကိုယ်တစ်ပြန်နဲ့ အကြိတ်အနယ် ရင်ဆိုင်ခဲ့ရပြီး သရေတစ်မှတ်ကို ရယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အမ်ဘာပေလိုကစားသမားကို ထိန်းနိုင်စွမ်းမရှိလို့သာ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီညမှာတော့ ဒိန်းမတ်တို့ အကောင်းဆုံးပုံစံကို ပြသရဖို့ရှိနေပြီး နောက်တစ်ဆင့်မျှော်လင့်ချက်ကို အသက်သွင်းနိုင်ဖို့ သားပိုက်ကောင်တွေကို အနိုင်ကစားပြရတော့မှာပါ။ လက်ရှိမှာ ဒိန်းမတ်က ဩဇီထက် ပိုပြီးလုပ်နိုင်စွမ်းရှိနေတာကို ပြီးခဲ့တဲ့နှစ်ပွဲအရ အားလုံးလည်း သိမြင်ပြီးဖြစ်ပါလိမ့်မယ်။ ဖွင့်လှစ်မှုအရ ဒိန်းမတ်ကနေ (၁-၂၀)ခန့်ပေးထားတာကို တွေ့ရပြီး ဂိုးပေါင်းမှာတော့ (၂-၈၀)ခန့်မှာ စတင်ထားပါတယ်။ နောက်တစ်ဆင့်တက်ဖို့ အမှန်တကယ်အားထုတ်လာမယ့် အဲရစ်ဆင်တို့ဘက်ကို သိသိသာသာအလေးပေးထားတာ တွေ့ရပြီး လက်ရှိမြေပြင်အနေအထားအရလည်း အနိုင်ရဖို့အလှမ်းမဝေးတာကြောင့် ဒိန်းမတ်နဲ့ လက်တွဲထားချင်ပါတယ်။

⬛ တူနီးရှား Vs ပြင်သစ်
တူနီးရှားတို့ ပြီးခဲ့တဲ့ပွဲမှာ ဩစတြေးလျကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေထွက်ရဖို့ နီးစပ်နေပါပြီ။ ဒီအာဖရိကအသင်းဟာ အုပ်စုတွင်းမှာ တစ်မှတ်သာရထားသေးသလို တိုက်စစ်ကလည်း တစ်ဂိုးမှမရနိုင်သေးတာတွေ့ရပါတယ်။ သင်္ချာနည်းအရတော့ နောက်တစ်ဆင့်တက်ချင်ရင် ပြင်သစ်ကို (၀-၃)နဲ့နိုင်ဖို့လိုပါတယ်။ ဒါကြောင့် ဒီညပွဲမှာတော့ လက်ရှိချန်ပီယံသော ဘာသော ဂရုစိုက်နေတော့မှာမဟုတ်ဘဲ ငွေ့ငွေ့လေးကျန်နေတဲ့ မျှော်လင့်ချက်ကို အသက်သွင်းဖို့ အားထုတ်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လိုအပ်နေတဲ့ဂိုးတွေကို ဖြည့်ဆည်းနိုင်ဖို့ သူတို့အသင်းရဲ့တိုက်စစ်က အားကိုးချင်စရာမရှိပါဘူး။ တိုက်စစ်က ကောင်းမွန်စွာ အဆုံးသတ်နိုင်ခြင်းမရှိဘဲ ဖွင့်ကစားခြင်းဟာ ပြင်သစ်လိုအသင်းနဲ့အတွေ့မှာတော့ အန္တရာယ်များလွန်းပါတယ်။
လက်ရှိချန်ပီယံ ပြင်သစ်တို့ ပြီးခဲ့တဲ့ပွဲမှာ အမ်ဘာပေရဲ့ စွမ်းဆောင်နိုင်ခဲ့မှုနဲ့အတူ နှစ်ပွဲဆက်အနိုင်နဲ့ နောက်တစ်ဆင့်ကို အုပ်စုဗိုလ်အဖြစ် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီညမှာ လူစာရင်းအပြောင်းအလဲလုပ်မယ်ဆိုတာ အားလုံးလည်း ရိပ်စားမိပါလိမ့်မယ်။ ဒါပေမယ့် ပြင်သစ်လို ကမ္ဘာ့ချန်ပီယံအသင်းရဲ့ အရန်လူစာရင်းဆိုတာဟာ တူနီးရှားထက် အင်အားအဆမတန်သာလွန်နေမှာပါ။ မားကပ်သူရမ်၊ ကိုးမန်း၊ ဖိုဖာနာတို့ရဲ့ ပထမလူစာရင်းမှာ အသုံးတော်ခံနိုင်ဖို့ နည်းပြစိတ်ကြိုက်ဖြစ်အောင် ကြိုးစားပြမှုတွေကို ဒီညပွဲမှာ တွေ့မြင်ရနိုင်ပါတယ်။ ကမ္ဘာ့ဖလားဆိုတာက ကစားသမားတိုင်းရဲ့ အိပ်မက်ဖြစ်လို့ တစ်ပွဲဆိုတစ်ပွဲ၊ တစ်ဂိုးဆိုတစ်ဂိုး တန်ဖိုးထားပြီးကစားကြမှာဖြစ်တာကြောင့် အရန်တွေဆိုပြီး လျှော့တွက်နေလို့ မရပါဘူး။
ဖွင့်လှစ်မှုအရ ပြင်သစ်ဘက်က (၁-၄၀)နဲ့ စတင်ထားပြီး ဂိုးပေါင်းကတော့ (၃+၉၀)မှာဖြစ်တည်ထားပါတယ်။ အမှတ်မလိုတော့တဲ့ ပြင်သစ်ဘက်ကို ၁ဂိုးနဲ့နိုင်ရင်တောင် တစ်ဝက်ခန့်ဆုံးရှုံးရဦးမယ်ဆိုတဲ့ကြေးက မမျှတပါဘူး။ ပြင်သစ်ဘက်ကိုအားပေးချင်တဲ့သူတွေကို နှစ်ဂိုးပြတ်ပါ့မလားလို့ ဆိုက်ကိုထည့်ပြီး ခြောက်လွှတ်နေသလိုပါပဲ။ ဒါကြောင့် ဒီညအတွက် ဂိုးရနိုင်ခြေတွေကို လေ့လာကြည့်တော့ တူနီးရှားအသင်း တစ်ဂိုးနဲ့အထက်ရဖို့ ၁၃%သာရှိပြီး ပြင်သစ်အသင်းအနိမ့်ဆုံးတစ်ဂိုးရဖို့ ၈၅%၊ နှစ်ဂိုးရဖို့ ၆၂%ဆိုပြီး ညွှန်းဆိုထားတာကြောင့် ကြေးအရစီးမျောရမယ့် အခြေအနေလို့ သုံးသပ်မိပါတယ်။ ပြင်သစ်ကိုပဲ ရွေးချယ်ကြည့်ပါမယ်။

⬛ အာဂျင်တီးနား Vs ပိုလန်
ဒီပွဲရဲ့ရလဒ်တစ်ခုအပြီးမှာတော့ တစ်သင်းသင်းက အိမ်ပြန်ရနိုင်ခြေရှိပါတယ်။ တစ်ဖက်မှာကစားနေမယ့် မက္ကဆီကို-ဆော်ဒီအာရေဗျတို့ကလည်း အရှုံးအနိုင်ပေါ်တဲ့အထိ ရုန်းကန်ကြမှာမို့ ပိုလန်ရော အာဂျင်တီးနားရော အတူတူအုပ်စုတက်ဖို့မလွယ်ပါဘူး။ အာဂျင်တီးနားရဲ့ ပထမပွဲက ဆော်ဒီကိုရှုံးနိမ့်ခဲ့ခြင်းဟာ အခုလို နောက်ဆုံးပွဲအထိ ရေကုန်ရေခန်းကစားကြရဖို့ ဖြစ်လာပြီး ပိုလန်ကိုသရေကျခဲ့ရင်တောင် နောက်တစ်ဆင့်အတွက် မသေချာသေးပါဘူး။ ဒါကြောင့် အနိုင်တစ်ပေါက်ကိုသာ ပုံဖော်နိုင်ဖို့ မက်ဆီတို့အဖွဲ့ ပြင်ဆင်ထားကြမှာလည်း ဖြစ်ပါတယ်။ မက်ဆီဟာ အသင်းကို နောက်တစ်ဆင့်ရောက်အောင် ထမ်းတင်ရမယ့် အဓိကကစားသမားဖြစ်နေသလို ပြီးခဲ့တဲ့မက္ကဆီကိုနဲ့ပွဲမှာလည်း ဒါမျိုးတစ်ကြိမ်လုပ်ပြခဲ့ပြီးပြီးမို့ ဒီညမှာလည်း မျှော်လင့်ကြည့်လို့ရမယ်ထင်မိပါတယ်။
ပိုလန်ကတော့ ဆော်ဒီကို (၂-၀)နဲ့အနိုင်ရပြီးနောက် အုပ်စုထိပ်ဆုံးမှာရပ်တည်ခွင့်ရခဲ့တာဖြစ်ပြီး နောက်တစ်ဆင့်အတွက် အခြေအနေကောင်းနေတာဖြစ်ပါတယ်။ ပိုလန်ရဲ့ခံစစ်က အခုထိတစ်ဂိုးမှမပေးရသေးသလို ရှုံးပွဲလဲမရှိသေးပါဘူး။ ဒါကြောင့် ဒီညမှာ အာဂျင်တိုင်းတွေကို ခံစစ်အသားပြုကစားရင်း အုပ်စုဗိုလ်နေရာမြဲအောင် ကြိုးစားလာပါလိမ့်ဦးမယ်။ ပိုလန်ရဲ့တိုက်စစ်မှာတော့ အသင်းခေါင်းဆောင် လီဝန်ဒေါစကီးကို အားပြုနေရပြီး လက်ရှိသူတို့ရထားတဲ့ ရဂိုးနှစ်ဂိုးဟာလည်း လီဝီကြောင့် ဖြစ်တည်ခဲ့ရတာဖြစ်ပါတယ်။ ဒီညပွဲမှာ အနိုင်ရဖို့အသည်းအသန်လိုအပ်နေတဲ့ အာဂျင်တီးနားရဲ့ တိုက်စစ်အသားပေးကစားမှုမှာ လီဝီတို့ အခွင့်အရေးရသွားမလားလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဒီပွဲရဲ့ဈေးကွက်အခင်းအကျင်းမှာတော့ အာဂျင်တီးနားက (၁-၂၀)နဲ့အကျောပေးထားပြီး ဂိုးပေါင်းကြေးကတော့ (၂-၆၀)မှာ စတင်ထားပါတယ်။ ဒီနေရာမှာ 1X2 ဈေးကွက်အရ ထူးခြားတာလေးတစ်ခုပြောချင်ပါတယ်။ ဒီပွဲအတွက် ပိုလန်ရဲ့အနိုင်ကို 9ဆကျော်အထိဖွင့်လှစ်ထားပြီး ဩစတြေးလျ(7.3)၊ တူနီးရှား(8.6)၊ဆော်ဒီ(5.5)တို့နဲ့ယှဉ်လိုက်ရင် ပိုလန်ဟာ ဒီညရဲ့ အောက်အသင်းတွေထဲ အနိုင်ရဖို့မဖြစ်နိုင်ဆုံးအသင်းဖြစ်နေပါတယ်။ အာဂျင်တီးနားက ကြေးအပြင်းဆုံးအပေါ်သင်းမဟုတ်ဘဲ ပိုလန်ရဲ့ကြေးဖြစ်တည်နေမှုက ထူးဆန်းပါတယ်။ ဒါ့အပြင် ပိုလန်ရဲ့ တစ်ဂိုးရနိုင်ခြေကလည်း ၁၀%တောင်မပြည့်တဲ့အနေအထားမို့ အာဂျင်ဘက်က အနိုင်နဲ့သရေဖြစ်ဖို့ အားကောင်းနေတာဖြစ်ပါတယ်။ တစ်ဖက်တည်းဂိုးသွင်းတဲ့ပွဲဖြစ်ဖို့များပြီး အာဂျင်တီးနားတို့ ၃ဂိုးထိတော့ တက်မသွင်းလောက်ဘူးလို့ ယူဆရင်း ဂိုးအောက်ကိုပဲ ရွေးချယ်ကြည့်ချင်ပါတယ်။

⬛ ဆော်ဒီအာရေဗျ Vs မက္ကဆီကို
ဆော်ဒီတို့ အာဂျင်ကို အံ့အားသင့်ဖွယ်အနိုင်ရခဲ့ပေမယ့် နောက်တစ်ပွဲမှာတော့ ပင်နယ်တီတစ်လုံးလွဲချော်ခြင်းနဲ့အတူ ပိုလန်ကို အရေးနိမ့်ခဲ့ရပါတယ်။ အုပ်စုတွင်းအင်အားအကြီးဆုံး အာဂျင်တီးနားကို အနိုင်ရခဲ့ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရခဲ့ပေမယ့် ပိုလန်ကို သရေတောင်မကစားနိုင်ခဲ့တာက သူတို့ကိုနောက်ဆုံးပွဲအထိ ရုန်းကန်ရဖို့ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။ အာရှအသင်းဖြစ်တဲ့ဆော်ဒီဟာ မိမိထက် ကမ္ဘာ့အဆင့်များစွာသာတဲ့ ဥရောပနဲ့ တောင်အမေရိကအသင်းတွေကို ရင်ဆိုင်ခဲ့ရမှာ အကြောက်အရွံမရှိ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာတွေ့ရပါတယ်။ တခြားအာရှအသင်းတွေလို ခံစစ်ကိုပိတ်ကစားရင် တန်ပြန်တိုက်စစ်ကနေ ဂိုးရဖို့မျှော်နေတဲ့အသင်းမျိုးမဟုတ်ဘဲ အချိတ်အဆက်မိမိနဲ့ တိုက်စစ်ဖွင့်ကစားတတ်တာ တွေ့ရပါတယ်။ ဒါပေမယ့် အဲ့လိုကစားဟန်ကြောင့်ပဲ ပိုလန်ရဲ့ထိုးဖောက်မှုကို အချိန်မီမဟန့်တားနိုင်ခဲ့ဘဲ ရှံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒီညမှာတော့ အနိမ့်ဆုံးသရေကျခဲ့ပြီး တစ်ဖက်မှာ အာဂျင်တီးနားနဲ့ပိုလန်တို့ တစ်သင်းသင်းနိုင်သွားခဲ့ရင် သူတို့လည်းရောပျော်နိုင်မယ့်အနေအထားဖြစ်ပါတယ်။
မက္ကဆီကိုကတော့ အုပ်စု၂ပွဲကစားပြီးချိန်မှာ တစ်မှတ်သာရထားသေးတာဖြစ်ပါတယ်။ တိုက်စစ်ကလည်း နှစ်ပွဲကစားပြီးချိန်အထိ တစ်ဂိုးမှမသွင်းနိုင်သေးသလို ဂိုးပေါက်တည့်ကန်ချက်စုစုပေါင်း ၅ကြိမ်သာပြုလုပ်ထားနိုင်တာကိုကြည့်ရင် တိုက်စစ်ရဲ့ရုန်းကန်နေရမှုကို အထင်အရှားမြင်တွေ့ရမှာဖြစ်ပါတယ်။ တိုက်စစ်မှာ နာပိုလီတိုက်စစ်မှုးလိုဇာနိုနဲ့ ဝုဗ်တိုက်စစ်မှုး ရာအူးဟီမီနက်တို့ ရှိနေပေမယ့် လိုဇာနိုက နာပိုလီနဲ့ ၁၄ပွဲမှာ ၃ဂိုး၊ ရာအူးဟီမီနက်က ဝုဗ်မှာတစ်ဂိုးမှ မသွင်းနိုင်သေးတာမို့ မက္ကဆီကိုတိုက်စစ်ရုန်းကန်နေရတာ မဆန်းပါဘူး။ ဒီညမှာတော့ မက္ကဆီကိုဟာ အာဂျင်တီးနားက ပိုလန်ကိုနိုင်ခဲ့ပြီး သူတို့ကလည်း အနိမ့်ဆုံး၃ဂိုးသွင်းနိုင်ခဲ့ရင် နောက်တစ်ဆင့်တက်ခွင့်ရမှာပါ။ ဟိုဘက်က ဘယ်လိုရလဒ်ပဲထွက်ထွက် မက္ကဆီကိုအတွက် ဒီညပွဲမှာ ဂိုးပြတ် အနိုင်ရမှသာ ၁၆သင်းအဆင့်ကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ရိုးရာဖြစ်တဲ့ခံစစ်ကစားဟန်အစား ဂိုးတွေပိုသွင်းနိုင်ဖို့ တိုက်စစ်ကိုမြှင့်ကစားရတော့မှာဖြစ်ပါတယ်။
ဒီပွဲကိုတော့ မက္ကဆီကိုဘက်က (၁+၄၀)နဲ့စတင်ထားတာတွေ့ရပါတယ်။ ဂိုးပေါင်းကြေးကတော့ (၃+၈၀)နဲ့စတင်ထားတာမို့ ဒီညအပေါ်သင်းတွေထဲ ဘော်ဒီကြေးအပျော့ဆုံး၊ ဂိုးပေါင်းကြေးအမြင့်ဆုံးဖြစ်နေတာ တွေ့ရပါတယ်။ ဒီညမှာ မဖြစ်မနေတိုက်စစ်ဖွင့်ကစားရမယ့် မက္ကဆီကိုရဲ့ အခြေအနေကြောင့် ဘော်ဒီကြေးက ၁သရေလောက်ဆို ယုံကြည်ကိုးစားလို့ရပေမယ့် နိုင်မှဖြစ်မယ့်သူက နိုင်ရင်ကိုတစ်ဝက်စားနေရပြီဆိုတာကြီးက ယုတ္တိမတန်လှပါဘူး။ ဒါ့အပြင် ဆော်ဒီဟာ ဒီညအောက်ကြေးအသင်းတွေထဲ ဂိုးပြန်သွင်းနိုင်ခြေအရှိဆုံး အသင်းရယ်လို့ ဒေတာတွေက ဖော်ပြပါတယ်။ ဒါကြောင့် မက္ကဆီကိုတို့ နိုင်ခဲ့ရင်တောင် ဆော်ဒီရဲ့ဂိုးတွေကို အရင်ဆုံးကျော်ဖြတ်ပြီးမှ အနိုင်ရလဒ်ဆီရောက်နိုင်မယ့်အနေအထားပါ။ ဒါကြောင့် ဒီပွဲမှာတော့ (၁-၁)လောက်ကနေ စကြည့်ရမယ့်ပွဲလို့ ယူဆမိပြီး၊ အဲ့ထက်မကလည်း ဖြစ်သွားနိုင်မယ်လို့ ယုံကြည်မိတာကြောင့် ဂိုးပေါ်နဲ့စွန့်စားချင်ပါတယ်။
ဒီညအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှုတွေက ဒီလိုရှိပါတယ်။
ဒိန်းမတ် ⭐⭐⭐
ပြင်သစ် ⭐⭐
အာဂျင်တီးနား ဂိုးအောက်⭐
မက္ကဆီကို ဂိုးပေါ် ⭐
အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။