နေမာ၏လူမျိုးရေးခွဲခြားမှု စွပ်စွဲမှုကို ဂွန်ဇာလက်ဇ် တုံ့ပြန်

မာဆေးလ်နောက်ခံလူအယ်လ်ဗာရိုဂွန်ဇာလက်ဇ်သည် လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့သည်ဟု စွပ်စွဲထားသည့် နေမာအား ပြန်လည်တုံ့ပြန်မှု ပြုလုပ်လာသည်။ ပီအက်စ်ဂျီစတားနေမာသည် မာဆေးလ်အား ၁-၀ဖြင့် ရှုံးနိမ့်သည့်ပွဲတွင် အထုတ်ခံခဲ့ရသည့် ငါးဦးထဲမှ တစ်ဦးဖြစ်သည်။

နေမာသည် နာကျင်အချိန်ပိုတွင် ဂွန်ဇာလက်ဇ်အား ရိုက်ခဲ့မှုအတွက် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ပွဲအပြီးတွင် နေမာက ဂွန်ဇာလက်ဇ်က ၎င်းကို လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့သည့်အပြင် မျက်နှာကို မထိုးခဲ့ခြင်းအတွက် နောင်တရကြောင်း ပြောဆိုခဲ့သည်။

ယခုအခါ ဂွန်ဇာလက်ဇ်ကလည်း နေမာ၏စွပ်စွဲမှုကို ကာကွယ်ပြောဆိုလာသည်။

၎င်းက “လူမျိုးရေးခွဲခြားဆက်ဆံမှုအတွက် နေရာအတွက် မရှိပါဘူး။ သန့်ရှင်းတဲ့ ကစားသမားဘဝ၊ တစ်နေ့ပြီးတစ်နေ့ ကစားဖော်တွေ၊ သူငယ်ချင်းသစ်တွေဘဲ ရှိနေတယ်။ တစ်ခါတစ်လေ ဘယ်လို ရှုံးရမလဲဆိုတာ သင်ခန်းစာယူတတ်ဖို့ လိုပါတယ်။ ပြီးတော့ ကွင်းထဲမှာ ဖြစ်ခဲ့တာကို လက်ခံရပါမယ်”ဟု တွစ်တာတွင် ရေးသားကာ နေမာကို လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ပြန်လည် ရှင်းလင်းသွားခဲ့သည်။

မာဆေးလ်နည်းပြဘိုအာ့စ်ကလည်း ဂွန်ဇာလက်ဇ်မှာ လူမျိုးရေးခွဲခြားမှု မပြုလုပ်ခဲ့ကြောင်းကာကွယ်ထားသလို ဒီမာရီယာကသာ ဂွန်ဇာလက်ဇ်ကို တံတွေးဖြင့် ထွေးခဲ့ကြောင်း ပြန်လည်စွပ်စွဲခဲ့သည်။

Facebook Comments Box
Facebook Comment