နေမာမပါနိုင်သေးတဲ့ ဘရာဇီးတို့ ချန်ပီယံလောင်းအဖြစ် အစမ်းသပ်ခံနိုင်မလား

✍️ မောင်ရဲတိုက်

⬛ ကင်မရွန်း Vs ဆားဘီးယား 

ကင်မရွန်းက ပြီးခဲ့တဲ့ပွဲစဉ်မှာ ဆွစ်ဇာလန်ကို (0-1)နဲ့ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ အဆိုပါပွဲမှာ ကင်မရွန်းရဲ့စွမ်းဆောင်ရည်က အားရစရာဖြစ်ခဲ့ပေမယ့် ဆွစ်ဂိုးသမား ဆွမ်မာရဲ့ ကာကွယ်နိုင်ခဲ့မှုတွေကြောင့် ဂိုးမရခဲ့ဘဲ ရမှတ်ဗလာနဲ့ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဘိုင်ယန်စတား ချူပိုမိုတင်း၊ ဘရန်းဖို့ဒ်က အမ်ဘူမိုတို့လို တိုက်စစ်မှုးတွေရှိပေမယ့် အဆိုပါကစားသမားတွေရဲ့ ကလပ်ပွဲတွေက ခြေစွမ်းမျိုးတွေ ပြန်မရခဲ့တာက အာဖရိကန်အသင်းကို ခက်ခဲစေခဲ့တာဖြစ်ပါတယ်။

ဆားဘီးယားအသင်းကတော့ ငါးထပ်ကွမ်းချန်ပီယံဘရာဇီးကို နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ အဲ့ပွဲမှာ ဘရာဇီးဂိုးပေါက်ကို တစ်ကြိမ်တောင် မခြိမ်းခြောက်နိုင်ခဲ့ဘဲ နေမာတို့ကို အသည်းအသန်ပိတ်ဆို့နေရချင်းမှာသာ အချိန်ကုန်ခဲ့ရတာဖြစ်ပါတယ်။ ဖူဟမ်ဂိုးသွင်းစက် မီထရိုဗစ်လည်း ဘရာဇီးခံစစ်ကြောင်းမှာ ပျောက်ဆုံးခဲ့ရတာကြောင့် ဆမ်ဘာတို့ကို အားမတန်လို့ မာန်လျှော့ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တိုက်စစ်မှာ မီထရိုဗစ်အပြင် ပထမပွဲတုန်းက အရန်အဖြစ်သာကစားခဲ့ရတဲ့ဂျူဗင်တပ်တိုက်စစ်မှုး ဗလာဟိုဗစ်တို့ရှိနေတာမို့ အခွင့်အရေးရလာရင် ဂိုးအဖြစ်ပြောင်းလဲပေးနိုင်မယ့် ကစားသမားမျိုးတွေ ပိုင်ဆိုင်ထားတယ်လို့ ပြောနိုင်ပါတယ်။ ဒီမှာပြောစရာရှိတာက ကမ္ဘာ့ဖလားမှာ အစောဆုံးပွဲဆိုရင် အောက်အသင်းပဲစားနေတဲ့ ကလန်ဒါပါပဲ။ အစောပွဲ၇ပွဲမှာ ၆ပွဲက အောက်ကြေးနိုင်ထားတာကို တွေ့မြင်ရမှာဖြစ်ပြီး ၇ပွဲလုံးလည်း ဂိုးအောက်ချည်းပါပဲ။ ဒါကတော့ နည်းနည်းများသွားပြီ ထင်ပါတယ်။ ဒီနေ့မှာတော့ ဒီကလန်ဒါကို လူအများလည်း သတိပြုမိနေပြီမို့ ကလန်ဒါပျက်ချိန်ရောက်နေပါပြီ။ လက်ရှိနှစ်သင်းရဲ့ အနေအထားအရလည်း အပေါ်ဘက်ကို အားကောင်းနေတာမို့ ဆားဘီးယားဘက်က (၁-၂)ဆိုတာမျိုးကို ပုံဖော်ကြည့်ချင်ပါတယ်။

⬛ ကိုရီးယား Vs ဂါနာ 

တောင်ကိုရီးယားတို့ ပထမပွဲမှာ ဥရုဂွေးနဲ့ ဂိုးမရှိသရေကျခဲ့တာဖြစ်ပါတယ်။ ထိုပွဲမှာ ကိုရီးယားဘက်က အခွင့်အရေးတွေရခဲ့တာမျိုးရှိခဲ့ပေမယ့် တိုက်စစ်မှာ ဆွန်တစ်ယောက်တည်း ရုန်းကန်နေရတာမို့ ဂိုးပေါက်တည့်ကန်ချက်တစ်ခုတောင် မရ‌ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဥရုဂွေးတိုက်စစ်မှုးတွေရဲ့ အဆုံးသတ်မသေချာမှုတွေကြောင့်လည်း ခံသာသွားခဲ့တာဖြစ်ပါတယ်။ အခုကစားရမယ့် ဂါနာက ပေါ်တူဂီနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် ဂိုးတွေသွင်းထားနိုင်တဲ့အသင်းဖြစ်တာကြောင့် ကိုရီးယားခံစစ် ထပ်မံအလုပ်ရှုပ်ဦးမယ့်ပွဲဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ပွဲတုန်းက ဂါနာရဲ့ကစားပုံက လိုသလို အတင်အချလုပ်နိုင်တာ သတိထားမိပါတယ်။ ပထမပိုင်းမှာ ပေါ်တူဂီကိုဂိုးမပေးရဖို့ထိန်းကစားနေပေမယ့် ရော်နယ်ဒိုရဲ့ပင်နယ်တီကို ခွင့်ပြုလိုက်ရပြီးနောက် တိုက်စစ်အသားပေးပုံစံပြောင်းသွားခဲ့ပြီး ချေပဂိုးလည်းပြန်ရခဲ့ပါတယ်။ ဒါပေမယ့် ပေါ်တူဂီနည်းပြရဲ့ အကွက်မြင်မြင် လူစားလဲမှုမှာ လီယာအိုရောက်လာတဲ့ပေါ်တူဂီတိုက်စစ်ကို မထိန်းနိုင်တော့တာမို့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ အာဖရိကအသင်းတွေထက် ကြယ်နက်တွေလို့ တင်စားခံထားရတဲ့ ဂါနာဟာ ကစားသမားကောင်းတွေ မပြတ်လပ်သွားသေးသလို ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ဖြုံမနေဘဲ ခေါင်းငုံ့မခံ ကြိုးစားကစားတတ်တာ တွေ့မြင်ရပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့တွေ့ဆုံမှုမှာ ဂိုးသွင်းဖို့ရာ လက်မရွံ့တဲ့ ဂါနာတိုက်စစ်နဲ့ ခံစစ်တစ်ပေါက်လျှမ်းလျှမ်းတောက်တဲ့ ကိုရီးယားတို့ရဲ့ အားပြိုင်မှုလို့ တင်စားနိုင်ပြီး ကိုရီးယားဘက်က သရေ(၂၀)ရှုံးနဲ့ ကြေးပျော့လွန်းနေပေမယ့် မျှတတဲ့ကြေးလို့ ယူဆမိတာကြောင့် အာရှအသင်းကိုပဲ ရွေးချစ်ချင်မိပါတယ်။ 

⬛ ဘရာဇီး Vs ဆွစ်ဇာလန် 

ရေပန်းအစားဆုံး ချန်ပီယံလောင်းအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ငါးထပ်ကွမ်းချန်ပီယံများရှင် ဘရာဇီးဟာ ပြီးခဲ့တဲ့ပွဲမှာ ရစ်ချာလီဆန်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ သုံးမှတ်ရယူနိုင်ခဲ့ပါတယ်။ ချန်ပီယံဖြစ်ဖို့ ဂိုးတွေစက်စက်ယိုအောင် သွင်းပြနေစရာမလိုဘဲ တစ်ခါတရံ ဒီလိုလက်ရာသန့်သန့်နဲ့ နိုင်တဲ့ပွဲမျိုးလဲ ရှိဖို့လိုပါတယ်။ ရှေ့တန်းက ဗနီးရှက်ဂျူနီယာ၊ ရစ်ချာလီဆန်တို့ အားရစရာကောင်းခဲ့သလို ရာဖင်ဟာရဲ့ နေရာလွတ်ရှာပေးနိုင်စွမ်းကဂိုးတွေစတင်ရာမြစ်ဖျားတစ်ခုဖြစ်ပါတယ်။ ခံစစ်က မာကွင်ဟို၊ ဆေးလ်ဗားတို့ရဲ့ အကောင်းဆုံးပိတ်ဆို့မှုတွေက clean sheetနဲ့ထိုက်တန်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ခုပဲ ‌ပြောစရာကျန်ပါတယ်။  အဲ့ဒါက နေမာဝင်မကစားနိုင်သေးတဲ့ အခြေအနေပါ။ ဆားဘီးယားပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပြိုင်ဘက်ကစားသမားတွေ သူ့အပေါ်အာရုံစိုက်လွန်းနေလို့ ကျန်တဲ့သူတွေ လုပ်ရကိုင်ရလွယ်သွားတာ အားလုံးလည်း သိကြမှာပါ။ ဒီပွဲမှာ သူရဲ့နေရာကို ဘယ်သူဝင်ကစားမလဲဆိုတာက ဒီပွဲရဲ့ အနိမ့်အမြင့်အတက်အကျကို ကိုယ်စားပြုနိုင်မှာဖြစ်ပါတယ်။ 

ဆွစ်ဇာလန်က ပြီးခဲ့တဲ့ပွဲမှာ အနိုင်ရထားလို့ ဒီပွဲမှာသရေဆိုရင် အဆင်ပြေမယ့်အနေအထားပါ။ တိုက်စစ်မှာ မိုနာကိုတိုက်စစ်မှုး အမ်ဘိုလိုပဲရှိတယ်ဆိုပေမယ့် အဲ့ဒီအမ်ဘိုလိုနဲ့ပဲ အလုပ်ဖြစ်ခဲ့ပြီး အဖိုးတန်သုံးမှတ်ကို ရနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီမှာ မေးစရာရှိတာက ဒီတိုက်စစ်မှုးလေးဟာ ဘရာဇီးရဲ့ နှစ်ချို့ဝိုင်ခံစစ်ကြောင်းကို ထိုးဖောက်နိုင်မှာလားဆိုတာဖြစ်ပါတယ်။ သူ့ထက်အရင် မီထရိုဗစ်၊ ဗလာဟိုဗစ်တို့ သွေးတိုးစမ်းတာတောင် မရခဲ့တဲ့ ဘရာဇီးနောက်တန်းတွေကြားထဲ သူသာထိုးဖောက်ဝင်ရောက်နိုင်ခဲ့ရင် တကယ့်ကို အံအားသင့်မိမှာပါ။ ကင်မရွန်းကို တစ်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဆွစ်တို့ထက် အာဖရိကန်အသင်းက ပိုပြီးအသာစီးရခဲ့တာကြည့်ရင် ဘရာဇီးနဲ့အတွေ့မှာ သူတို့ပိုပြီး ရုန်းကန်ရနိုင်ပါတယ်။ ဒီမှာပြောစရာရှိတာက ဘရာဇီးဘက်က နေမာနေရာမှာ ဘယ်သူလာမလဲဆိုတာပါပဲ။ ဒါကြောင့် အရန်စာရင်းကိုကြည့်လိုက်တော့ ဂျီးဆပ်၊ မာတင်နယ်လီ၊ အန်တိုနီတို့ ရှိနေတာမို့ နေမာ့နေရာကို ကောင်းကောင်းကြီး တာဝန်ယူနိုင်မယ်လို့ ယုံကြည်မိပါတယ်။ upsetတွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ကမ္ဘာ့ဖလားမှာ ချစ်သောဆမ်ဘာလေးတွေတော့ လွတ်မြောက်နိုင်မယ်လို့ ယုံကြည်ရင်း ဘရာဇီးနဲ့ ဂိုးအောက်ကို ရွေးချယ်ချင်ပါတယ်။ 

⬛ ပေါ်တူဂီ Vs ဥရုဂွေး 

ပေါ်တူဂီကတော့ ပထမပွဲမှာ ကြယ်နက်တွေကို (၃-၂)ဆိုတဲ့ရလဒ်နဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒို၊ လီယာအိုနဲ့ ယာအိုဖီးလစ်တို့ရဲ့ ဂိုးတွေကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဂိုးသွင်းရမယ့်သူတွေက ဂိုးသွင်းနိုင်ခဲ့တာ အသင်းရဲ့ တိုက်စစ်က ပလေစင်မိနေတယ်လို့ ဆိုနိုင်ပါတယ်။ နောက်တန်းတွေ ကွင်းလယ်တွေရဲ့ ဂိုးတွေနဲ့အသက်ဆက်နေရရင်တော့ တိုက်စစ်က အလုပ်မဖြစ်ဘူးလို့ ပြောနိုင်ပါတယ်။ အခုတော့ သူတို့ထင်ထားသလို ရောက်ရှိလာခဲ့တယ်လို့ သတ်မှတ်ရမှာပါပဲ။ အခုရင်ဆိုင်တွေ့ရမယ့် ဥရုဂွေးဟာ 2018ကမ္ဘာ့ဖလားတုန်းက ပေါ်တူဂီတို့ကို 16သင်းအဆင့်မှာအိမ်ပြန်စေခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။ ကျောင်းတော်ကရန်စကို ရော်နယ်ဒိုတို့ ပြန်လည် စာရင်းရှင်းနိုင်မလား စောင့်ကြည့်ရမှာပါ။

ဥရုဂွေးမှာ ဆွာရက်က သိသိသာသာကို ကျသွားပါတယ်။ခြေစမ်းပွဲတွေမှာ လုပ်ပြနိုင်သေးပေမယ့် ကမ္ဘာ့ဖလားဇောကပ်နေတဲ့ ကိုရီးယားနောက်တန်း လူငယ်တွေကြားမှာတော့ လုပ်နိုင်စွမ်းနည်းသွားပါတယ်။ ဒီကြားထဲ ဒါဝင်နူးနပ်တို့ကလည်း အခွင့်အရေးများကို ဂိုးပေါက်တည့်အောင် အသုံးမချနိုင်ခဲ့တာကြောင့် အခုလို ပွဲကျပ်ထဲရောက်ခဲ့ရတာဖြစ်ပါတယ်။ ဥရုဂွေးမှာ ဗယ်ဗာဒီတစ်ယောက်ကတော့ စိတ်လိုလက်ရနဲ့ကို ကစားနေတာမို့ ကိုရီးယားရဲ့ တန်ပြန်တိုက်စစ်ကို ထိန်းနိုင်ခဲ့တာဖြစ်ပြီး အိုလီဗီယာ၊ ဂျီမီနက်တို့ရဲ့ ခံစစ်ကလည်း မာရေကျောရေရှိလှပါပေတယ်။ ဒါပေမယ့် ညာခြမ်းက ကာဆာရက်ရဲ့ ခံစစ်မာတော့ ယိုပေါက်တစ်ခုလိုဖြစ်နေခဲ့ပြီး ဆွန်ရဲ့ အကြိမ်ကြိမ်ထိုးဖောက်မှုတွေကို ခံခဲ့ရတာလည်း တွေ့ရပါတယ်။ ဒီနေရာမှာ ပေါ်တူဂီရဲ့ ဘယ်တောင်ပံအားသန်သူတွေဖြစ်တဲ့ ယာအိုဖီးလစ်၊ လီယာအိုတို့ကို တွေ့ခဲ့ရရင် ဆွန်နဲ့တုန်းကထက် ပိုပြီးခက်ခဲသွားမှာဖြစ်ပါတယ်။ ဖွင့်လှစ်မှုအရ အမှတ်လိုနေတဲ့ ဥရုဂွေးကို သုံးမှတ်နဲ့စင်ပေါ်ကစောင့်နေတဲ့ ပေါ်တူဂီက သရေ80ရှုံးအထိ အကျောပေးထားတာကို ကြည့်ရင် ပေါ်တူဂီဘက်ကို အတော့်ကိုအလေးပေးထားတာ တွေ့ရပါတယ်။ ဂိုးပေါင်းဈေးကလည်း (2-50)နဲ့ အတော့်ကိုပျော့ပြောင်းနေတာကြည့်ရင် ဥရုဂွေးရဲ့တုံ့ပြန်နိုင်စွမ်းက အားနည်းနေလွန်းပါတယ်။ သရေကျခဲ့ရင် နစ်နာခဲ့ရမှာက ဥရုဂွေးဖြစ်တာမို့ တိုက်စစ်အပွင့်ကစားလာခဲ့ရင် ရော်နယ်ဒိုတို့အကြိုက်ဖြစ်သွားနိုင်မယ့် အနေအထားပါပဲ။ ပေါ်တူဂီကိုပဲ ရွေးကြည့်ချင်ပါတယ်။

ဒီညအတွက် ရွေးချယ်မှုတွေက ဒီလိုရှိပါတယ်။

ဘရာဇီး ⭐⭐⭐

ဆားဘီယား ⭐⭐

ကိုရီးယား⭐

ပေါ်တူဂီ ⭐

အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။

Facebook Comments Box
Facebook Comment