နေမာကို လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် ဂွန်ဇာလက်ဇ် အသက်အန္တရာယ်ခြိမ်းခြောက်မှုခံနေရ

မာဆေးလ်နောက်ခံလူအယ်လ်ဗာရိုဂွန်ဇာလက်ဇ်သည် ပီအက်စ်ဂျီစတားနေမာကို လူမျိုးရေးခွဲခြားမှု ပြုလု်ပခဲ့ကြောင်း စွပ်စွဲခြင်းခံရပြီးနောက် သူ့ဖုန်းနံပါတ်မှာ အွန်လိုင်းတွင် ပေါက်ကြားမှု ဖြစ်ခဲ့ပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း ခံနေရကြောင်း သိရသည်။

နေမာက မာဆေးလ်၏စပိန်နောက်ခံလူသည် ၎င်းကို လူမျိုးရေးခွဲခြားပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးသည် တနင်္ဂနွေနေ့တုန်းက မာဆေးလ်ကို ၁-၀ ဂိုးဖြင့် ရှုံးသည့်ပွဲစဉ်၌ ပွဲပြီးခါနီးတွင် ဂွန်ဇာလက်ဇ်ကို ရိုက်ခဲ့မှဒအတွက် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသူလည်း ဖြစ်သည်။

ပွဲအပြီးတွင် နေမာက ၎င်းအပေါ် လူမျိုးရေးခွဲခြား ဆက်ဆံမှု ပြုလုပ်ခဲ့သည့် ဂွန်ဇာလက်၏မျက်နှာကို မထိုးကြိတ်ခဲ့မိမှုအတွက် အလွန်နောင်တရမိကြောင်း ရေးသားခဲ့သည်။ သို့ရာတွင် ဂွန်ဇာလက်ဇ်က ၎င်းမှာ နေမာကို လူမျိုးရေးခွဲခြား ပြောဆိုမှု မရှိခဲ့ကြောင်း၊ နေမာအနေဖြင့် မည်သို့ ရှုံးရမည်ကို သင်ကြားသင့်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

ယခုအခါ ဂွန်ဇာလက်ဇ်၏ဖုန်းနံပါတ်မှာ အွန်လိုင်းတွင် ပေါက်ကြားမှု ဖြစ်လာမှုနှင့်အတူ လူများက ဖုန်းဆက်သွယ်ပြီး အန္တရာယ်ခြိမ်းခြောက်မှုခြင်း ခံနေရပြီ ဖြစ်သည်။

မာဆေးလ်က “ဂွန်ဇာလက်ဇ်က လူမျိုးရေးခွဲခြားသူ မဟုတ်ပါဘူးဆိုတဲ့ သူ့နေ့စဉ် အပြုအမူတွေက ပြသလာခဲ့တာပါ။ ပြီးတော့ သူ့ ကစားဖော်တွေက လည်း လူမျိုးရေးခွဲခြားမှု မပြုလုပ်ခဲ့ကြောင်း အတည်ပြုပြီးပါပြီ။ ဒီအငြင်းပွားစရာ ပြဿနာက ဆိုးရွားပါတယ်။ အခုဆိုရင် အကျိုးဆက်က ပိုပြီးတော့ ဆိုးရွားလာပြီ ဖြစ်ပါတယ်။ အယ်ဗာရိုဂွန်ဇာလက်ဇ်ရဲ့ပုဂ္ဂိုလ်ရေး ဖုန်းနံပါတ်တွေနဲ့သူ့ဆွေမျိုးအ သိုင်းအဝို်ငးရဲ့ဖုန်းနံပါတ်တွေ ဘရာဇီးမီဒီယာ၊ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပါတယ်။ အဲဒါက အသက်အန္တရာယ်ခြိမ်းခြောက်မှုအပါအဝင် အနှောက်အယှက်ပေးမှုကို မြင့်မားနေစေပါတယ်”ဟု ထုတ်ပြန် ကြေညာခဲ့သည်။

လက်ရှိအချိန်တွင် ပီအက်စ်ဂျီနည်းပြတူချယ်နှင့် မာဆေးလ်နည်းပြဘိုအာ့စ်တို့က ၎င်းတို့မှာ မည်သည့် လူမျိုးရေးခွဲခြား ဆက်ဆံမှုကိုမျှ မကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။

Facebook Comments Box
Facebook Comment