နေပယ်ဗိုလ်ရှုခံသဘင်ကို ဆွံ့အစေသူ

“ဘာမှ ထွေထွေထူးထူးတော့
မဟုတ်ပါဘူး
ကိုယ်လုပ်ရမယ့်အလုပ်ကို
လုပ်ခဲ့တာပါ
ကျန်တာတွေက ကျွန်တော်နဲ့
မဆိုင်ဘူးလေ…”

ဆလာနီတာနာဂိုးသမား
အိုချိုအာရဲ့ ရင်ဖွင့်သံတွေပေါ့။
ဇာတ်ရည်လည်အောင်
ရှင်းပြရရင်….
စီးရီးအေမှာ ချန်ပီယံဖြစ်ဖို့
သေချာသလောက်ရှိနေတဲ့
နာပိုလီဟာ ဆလာနီတာနဲ့ကစားမယ့်
အိမ်ကွင်းပွဲစဉ်မတိုင်မီ
နေပယ်မှာ အောင်ပွဲခံအခမ်းအနား
ပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်ခဲ့တယ်။

Stadio Diego Armando Maradona
ကွင်းအပြင်ဘက်မှာ အပြာရောင်
မီးရှူးမီးပန်းတွေ ပစ်ဖောက်ကြ၊
နေပယ်တမြို့လုံးပတ်ဖို့ ကားတွေ၊
ဆိုင်ကယ်တွေ တန်းစီထားတာပေါ့။
၃၃ နှစ်ကြာ ဝေးကွာနေတဲ့
စကူဒက်တိုဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့
အသင်းပိုင်ရှင် ဒီလော်ရန်တစ်ကိုယ်တိုင်
စိတ်လှုပ်ရှားနေတယ်။

ဒုတိယနေရာမှာရှိနေတဲ့ လာဇီယိုက
အင်တာကို ရှုံးသွားတော့ နာပိုလီ
အနိုင်ရတာနဲ့ ချန်ပီယံဖြစ်ပြီ။
ပ-အကျော့ အဝေးကွင်းပွဲစဉ်မှာ
၂ ဂိုးပြတ်အနိုင်ရထားတာဆိုတော့
နေပယ်မှာဆို ဆလာနီတာနာ
သေပြီပေါ့လေ။ ဒါပေမဲ့
နေပယ်သားတွေ ပြိုင်ဘက်ကို
လျှော့တွက်မိခဲ့တယ်။ အထူးသဖြင့်
ဆလာနီတာနာဂိုးပေါက်ကို
စောင့်ရှောက်နေတဲ့ မက္ကဆီကန်
အိုချိုအာကိုပေါ့။

အမှန်အတိုင်း ဝန်ခံရရင်
ကျွန်တော်တို့တတွေ အိုချိုအာကို
ကမ္ဘာ့ဖလားပြိုင်ပွဲတွေကျမှသာ
သိခဲ့ရတာပါ။ သူ့လက်စွမ်း
ဘယ်လောက်ထက်သလဲဆိုတာ
အားလုံးလည်း သိပါတယ်။
၂၀၁၄၊ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား
ပြိုင်ပွဲတွေမှာ အိုချိုအာ ဘယ်လို
စွမ်းဆောင်ခဲ့သလဲ။

အနီးစပ်ဆုံးဖြစ်တဲ့ ကာတာ
ကမ္ဘာ့ဖလားကိုပဲကြည့်။ ပိုလန်နဲ့ပွဲမှာ
လီဝမ်ဒေါစကီးရဲ့ ပင်နယ်တီကို
ကာကွယ်နိုင်ခဲ့တယ်။ အိုချိုအာနဲ့
Saves ဆိုတာက ဘယ်လိုမှ
ခွဲခြားလို့မရဘူး။ နာပိုလီနဲ့ပွဲမှာလည်း
သူက ဂိုးပေါက်ကာကွယ်မှု
၇ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တယ်။
အိုဆီမန်ရဲ့ ခေါင်းတိုက်ဘော နှစ်ကြိမ်၊
ဂိုးဧရိယာကထိပ်က အနိမ့်ကန်ချက်
တကြိမ်၊ ကေဗရာရှခီလီယာရဲ့
အနီးကပ်ကန်ချက် တကြိမ်လည်း
ပါတာပေါ့။

နာပိုလီကစားသမားတွေ ဂိုးရလိုစိတ်
ပြင်းထန်လေ၊ အိုချိုလာက
လက်စွမ်းပြလေ ဆိုသလိုပဲ။ နိဂုံးချုပ်ရရင်
၃၇ နှစ်အရွယ် အိုးဆားဗစ် ဂိုးသမားကြောင့်
နေပယ်သားတွေရဲ့ ဧပြီ ၃၀ အောင်ပွဲခံ
အခမ်းအနားက ရွှေ့ဆိုင်းလိုက်ရတယ်။
အဓိကလက်သည်ကတော့ အိုချိုအာပဲ။

သူကတော့ ပြောရှာပါတယ်။
ပရိုဆိုတာ ပရိုအလုပ်ပဲ လုပ်ရမယ်တဲ့…

Facebook Comments Box
Facebook Comment