နိုင်ပွဲပြန်ယူရတော့မယ့် ချဲလ်ဆီးကိုရွေး

ကစားမည့်ရက် – ၃-၁၀-၂၀၂၀


ကစားမည့်အချိန် – ည ၆း၀၀ နာရီ


ကစားမည့်ကွင်း – စတမ်းဖို့ဒ်ဘရစ်ချ်


ဒိုင်လူကြီး – မိုက်ကယ်အိုလီဗာ

ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ချဲလ်ဆီးဟာ လန်ဒန်ပြိုင်ဘက် စပါးကိုလည်း ကာ ရာဘောင်ဖလားမှာ ပင်နယ်တီနဲ့ ထပ်ရှုံးခဲ့တာကြောင့် နည်းပြလမ်းပတ်အတွက် နိုင်ပွဲပြန်ရဖို့က အရေးကြီးနေပါတယ်။ ပဲလေ့စ်ကလည်း နောက်ဆုံးပွဲမှာ အဲဗာတန်ကို ရှုံးနိမ့်ထားလို့ ပုံမှန်ခြေစွမ်းရဖို့ မလွယ်သေးတဲ့ အနေအထားပါ။

ချဲလ်ဆီးရဲ့လက်ရှိအနေအထား

ဝက်စ်ဘရွန်းကို နောက်ကလိုက်စားပြီး သရေကျခဲ့တဲ့ပွဲမှာ ချဲလ်ဆီးနောက်တန်းက အမှားအယွင်း များခဲ့တာ တွေ့ရပါတယ်။

ဆေးလ်ဗားက အသင်းဖော်တွေနဲ့ အသားကျဖို့ လိုအပ်နေသလို ကန်တီ၊ ကိုဗာချစ်၊ မေဆန်မောင့်၊ ဂျော်ဂျင်ညို တို့ရဲ့ကွင်းလယ်ပိုင်းက ဖန်တီးနိုင်စွမ်း ပိုလုပ်ပေးရတော့မှာပါ။

တီမိုဗာနာက ပရီးမီးယားလိဂ် ဂိုးပေါက်တွေ့သွားရင် ယုံကြည်မှု ပိုမိုမြင့်တက်လာမှာဖြစ်ပြီး ကိုင်ဟာဗက်ဇ်က လည်း သူ့လိုပါပဲ။

ပဲလေ့စ်ရဲ့လက်ရှိအနေအထား

မန်ယူကို အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးပြတ်အနိုင်ယူပြီး အဲဗာတန်ကို အိမ်ကွင်းမှာ ပြန်ရှုံးသွားတဲ့ ပဲလေ့စ်ရဲ့ခြေစွမ်းက မေးခွန်းထုတ်စရာပါပဲ။

ဒါပေမဲ့လည်း အဲဗာတန်ဆိုတာ လတ်တလော ခြေစွမ်းထက်နေတဲ့ အသင်းဖြစ်သလို ဝါရင့်နည်းပြ ဟော့ဒ်ဆန်ရဲ့ ပဲလေ့စ်က အဆိုးရွားကြီး မဟုတ်သေးပါဘူး။

ဇာဟာ၊ အာယူးတို့တိုက်စစ်က မထင်မှတ်တာတွေ လုပ်နိုင်သလို တောင်ဆန်ရဲ့တောင်ပံတိုးအားကလည်း ထိတ်လန့်စရာ ကောင်းနေဆဲပါ။

ထိပ်တိုက်တွေ့ဆုံမှု

ချဲလ်ဆီးနဲ့ ပဲလေ့စ်ဟာ ၃၇ ကြိမ်ဆုံဖူးပြီး ချဲလ်ဆီးက ၂၂ ပွဲနိုင်၊ ပဲလေ့စ်က ၆ ပွဲနိုင်ကာ ၉ ပွဲ သရေကျထားပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း ၁၈ ကြိမ်မှာ အိမ်ရှင်ချဲလ်ဆီးက ၁၁ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၂ ပွဲ ရှုံးထားပြီး ပဲလေ့စ်ကွင်း ၁၉ ကြိမ်မှာတော့ အိမ်ရှင်က ၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁၁ ပွဲ ရှုံးထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု ၃၇ ကြိမ်မှာ ချဲလ်ဆီးက ၆၅ ဂိုး သွင်းထားပြီး ပဲလေ့စ်ကတော့ ၃၂ ဂိုး သွင်းထားပါတယ်။

နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု

၇-၇-၂၀၂၀ ပဲလေ့စ် ၂ – ၃ ချဲလ်ဆီး

၉-၁၁-၂၀၁၉ ချဲလ်ဆီး ၂ – ၀ ပဲလေ့စ်

၃၀-၁၂-၂၀၁၈ ပဲလေ့စ် ၀ – ၁ ချဲလ်ဆီး

၄-၁၁-၂၀၁၈ ချဲလ်ဆီး ၃ – ၁ ပဲလေ့စ်

၁၁-၃-၂၀၁၈ ချဲလ်ဆီး ၂ – ၁ ပဲလေ့စ်

ချဲလ်ဆီး နောက်ဆုံး ၅ ပွဲရလဒ်

၃၀-၉-၂၀၂၀ စပါး ၁ – ၁ ချဲလ်ဆီး
(ပင်နယ်တီ ၅-၄ ဂိုးဖြင့် ချဲလ်ဆီးရှုံး)

၂၆-၉-၂၀၂၀ ဝက်စ်ဘရွန်း ၃ – ၃ ချဲလ်ဆီး

၂၄-၉-၂၀၂၀ ချဲလ်ဆီး ၆ – ၀ ဘန်စလေ

၂၀-၉-၂၀၂၀ ချဲလ်ဆီး ၀ – ၂ လီဗာပူးလ်

၁၅-၉-၂၀၂၀ ဘရိုက်တန် ၁ – ၃ ချဲလ်ဆီး

ပဲလေ့စ် နောက်ဆုံး ၅ ပွဲရလဒ်

၂၆-၉-၂၀၂၀ ပဲလေ့စ် ၁ – ၂ အဲဗာတန်

၁၉-၉-၂၀၂၀ မန်ယူ ၁ – ၃ ပဲလေ့စ်

၁၆-၉-၂၀၂၀ ဘုန်းမောက် ၀ – ၀ ပဲလေ့စ်
(ပင်နယ်တီ ၁၁-၁၀ ဂိုးဖြင့် ဘုန်းမောက်နိုင်)

၁၂-၉-၂၀၂၀ ပဲလေ့စ် ၁ – ၀ ဆောက်သမ်တန်

၅-၉-၂၀၂၀ ပဲလေ့စ် ၁ – ၁ ဘရွန်ဘီ

ထူးခြားအချက်အလက်များ

အိမ်ကွင်း လိဂ်နောက်ဆုံးပွဲတွင် လီဗာပူးလ်ကို ရှုံးထားသော ချဲလ်ဆီးသည် ယခုပွဲတွင် ပဲလေ့စ်ကို ထပ်မံအရေးနိမ့်ပါက ၂၀၁၉ ဒီဇင်ဘာနောက်ပိုင်း လိဂ်အိမ်ကွင်း ၂ ပွဲဆက်ရှုံးနိမ့်မှု ဖြစ်လာမည်။(ထိုစဉ်က ဘုန်းမောက်နှင့် ဆောက်သမ်တန်ကို အိမ်ကွင်း ၂ ပွဲဆက်ရှုံးခဲ့)

ချဲလ်ဆီးသည် ပဲလေ့စ်နှင့် နောက်ဆုံးတွေ့ဆုံသည့် ၅ ပွဲစလုံး အနိုင်ရထားပြီး ထို ၅ ပွဲတွင် ၁၁ ဂိုးသွင်းကာ ၄ ဂိုးသာ ပြန်ပေးခဲ့ရ။

ပဲလေ့စ်သည် ယခုပွဲတွင် အနိုင်ရပါက ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဝေးကွင်း ၂ ပွဲဆက်တိုက် အနိုင်ရသည့် တတိယမြောက်ရာသီ ဖြစ်လာမည်။

ထို့အပြင် ၂၀၁၄ ခုနှစ်က ဆန်းဒါးလန်းပြီးလျှင် အိုးလ်ထရက်ဖို့ဒ်နှင့် စတမ်းဖို့ဒ်ဘရစ်ချ်တွင် လိဂ်အဝေးကွင်း ၂ ပွဲ ဆက်အနိုင်ရသော ဒုတိယမြောက်ကလပ် ဖြစ်လာမည်။

ပဲလေ့စ်တိုက်စစ်မှူး ဇာဟာသည် ချဲလ်ဆီးနှင့်ကစားသော လိဂ် ၁၂ ပွဲတွင် ၆ ဂိုး ပါဝင်ပတ်သက်ခဲ့ပြီး ၃ ဂိုးသွင်း ကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့။

ဖြစ်နိုင်ဖွယ် လူစာရင်း

ချဲလ်ဆီး(၄-၂-၃-၁)

ဂိုး – မန်ဒီ

နောက် – ဂျိမ်းစ်၊ ဆေးလ်ဗား၊ ဇူးမား၊ ဘန်ချီဝဲလ်

လယ် – ဂျော်ဂျင်ညို၊ ကန်တီ၊ မေဆန်မောင့်

ရှေ့ – ဟာဗက်ဇ်၊ ဝါနာ၊ အေဘရာဟမ်

ပဲလေ့စ်(၄-၄-၂)

ဂိုး – ဂွါအီတာ

နောက် – ဂျိုးလ်ဝက်၊ ကူယာတေး၊ ဆာခို၊ မစ်ချဲလ်

လယ် – အီဇီ၊ မက်အာသာ၊ မက္ကာသီ၊ တောင်ဆန်

ရှေ့- အာယူး၊ ဇာဟာ

ဒဏ်ရာရ/ပွဲပယ်

ချဲလ်ဆီး – မရှိ

ပဲလေ့စ် – ဘတ်ရွှာယီ၊ ရှလက်ပ်

သုံးသပ်ချက်

အနိုင်ရဖို့ လိုအပ်နေတဲ့ ချဲလ်ဆီးက လန်ဒန်မြို့ခံပြိုင်ဘက် ပဲလေ့စ်ကို ၁-၅၀ ဆိုပြီး ဖွင့်လှစ်ထားသလို ဂိုးပေါင်း ကတော့ ၃ ဂိုးသွင်းရင် ၂၀ ပျော်ခွင့်ရမှာပါ။ ချဲလ်ဆီးနဲ့ ဂိုးအများကို ရွေးမယ်။

Facebook Comments Box
Facebook Comment