
နိုင်ပွဲပြန်ယူမယ့် ချဲလ်ဆီး
ကစားမည့်ရက် – ၂၆-၉-၂၀၂၀
ကစားမည့်အချိန် – ည ၁၁း၀၀ နာရီ
ကစားမည့်ကွင်း – ဟော်သွန်းစ်(ဝက်စ်ဘရွန်းဝစ်ချ်)
ဒိုင်လူကြီး – ဂျိုနသန်မော့စ်
တန်းတက် ဝက်စ်ဘရွန်းဟာ အခြေအနေဆိုးနေပြီး နောက်ဆုံး ၂ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ လီဗာပူးလ်ကို ရှုံးခဲ့တဲ့ ချဲလ်ဆီးကတော့ ကြားရက် လိဂ်ဖလားပွဲမှာ ဘန်စလေကို ၆ ဂိုးပြတ် အနိုင်ရထားလို့ စိတ်အားတက်နေပါတယ်။

ဝက်စ်ဘရွန်းရဲ့လက်ရှိအနေအထား
ခရိုအေးရှားနဲ့ ဝက်စ်ဟမ်းတို့ကို ကိုင်တွယ်ဖူးတဲ့ နည်းပြဘီလစ်ဟာ ယမန်နှစ်က ချန်ပီယံရှစ်မှာ အဆင့် ၂ ရကာ ပရီးမီးယားလိဂ်ကို တန်းတက်လာတာပါ။
ဒါပေမဲ့လည်း ဝက်စ်ဘရွန်းရဲ့ရာသီအစခြေစွမ်းနဲ့ ရလဒ်တွေက ဆိုးရွားလျက်ရှိပြီး ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲ ဆက် ရှုံးထားသလို လိဂ်ဖလားကနေလည်း ထွက်ခွာခဲ့ရပါတယ်။
အခုပွဲမှာ ချဲလ်ဆီးမှာကစားဖူးတဲ့ ဆားဘီးယားနောက်ခံလူ အိုင်ဗန်နိုဗစ်ကို ထည့်သွင်းခဲ့ရင် နောက်တန်း ပိုလုံ လာမယ်လို့ ယူဆစရာပါပဲ။

ချဲလ်ဆီးရဲ့လက်ရှိအနေအထား
လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ လမ်းပတ်အတွက် အခုပွဲက မဖြစ်မနေ နိုင်ပွဲယူရမယ့်ပွဲဖြစ်ပြီး ဂိုးသမားအသစ် မန်ဒီ ရောက်လာတာက ကီပါအတွက်ရော၊ ကာဘယ်လီရိုအတွက်ပါ ဖိအားများလာမှာ သေချာပါတယ်။
လေဗာကူဆင်က ခေါ်ထားတဲ့ ကိုင်ဟာဗက်ဇ် ဘန်စလေနဲ့ပွဲမှာ ဟက်ထရစ်သွင်းခဲ့တာက အားတက်စရာဖြစ်ပြီး သူ့အတွက်လည်း တွန်းအားဖြစ်စေမှာပါ။
ဘန်ချီဝဲလ်ကလည်း အခုပွဲမှာ ပွဲထွက်စာရင်းက ပါဝင်လာနိုင်ပြီး ဗဟိုခံစစ်မှာတော့ ဆေးလ်ဗားနဲ့ ဇူးမားတို့ ရှိနေလို့ တိုက်စစ်ညံ့တဲ့ ဝက်စ်ဘရွန်း မလွယ်ပါဘူး။
ထိပ်တိုက်တွေ့ဆုံမှု
ဝက်စ်ဘရွန်းနဲ့ ချဲလ်ဆီးဟာ ၁၀၈ ကြိမ်ဆုံဖူးပြီး ဝက်စ်ဘရွန်းက ၃၃ ပွဲနိုင်၊ ချဲလ်ဆီးက ၄၉ ပွဲနိုင်ကာ ၂၆ ပွဲ သရေကျထားပါတယ်။
ဟော်သွန်းစ်ကွင်း ၅၄ ကြိမ်မှာ အိမ်ရှင်ဝက်စ်ဘရွန်းက ၂၁ ပွဲနိုင်၊ ၁၂ ပွဲသရေ၊ ၂၁ ပွဲရှုံးထားပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း ၅၄ ကြိမ်မှာတော့ အိမ်ရှင်ချဲလ်ဆီးက ၂၈ ပွဲနိုင်၊ ၁၄ ပွဲသရေ၊ ၁၂ ပွဲ ရှုံးထားပါတယ်။
ထိပ်တိုက်တွေ့ဆုံမှု ၁၀၈ ကြိမ်မှာ ဝက်စ်ဘရွန်းက ၁၅၅ ဂိုးသွင်းထားပြီး ချဲလ်ဆီးက ၁၈၅ ဂိုး သွင်းထားပါတယ်။

နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု
၁၃-၂-၂၀၁၈ ချဲလ်ဆီး ၃ – ၀ ဝက်စ်ဘရွန်း
၁၈-၁၁-၂၀၁၇ ဝက်စ်ဘရွန်း ၀ – ၄ ချဲလ်ဆီး
၁၃-၅-၂၀၁၇ ဝက်စ်ဘရွန်း ၀ – ၁ ချဲလ်ဆီး
၁၁-၁၂-၂၀၁၆ ချဲလ်ဆီး ၁ – ၀ ဝက်စ်ဘရွန်း
၁၄-၁-၂၀၁၆ ချဲလ်ဆီး ၂ – ၂ ဝက်စ်ဘရွန်း
ဝက်စ်ဘရွန်း နောက်ဆုံး ၅ ပွဲရလဒ်
၂၃-၉-၂၀၂၀ ဝက်စ်ဘရွန်း ၂ – ၂ ဘရန့်ဖို့ဒ်
၁၉-၉-၂၀၂၀ အဲဗာတန် ၅ – ၂ ဝက်စ်ဘရွန်း
၁၆-၉-၂၀၂၀ ဝက်စ်ဘရွန်း ၃ – ၀ ဟာရိုဂိတ်
၁၃-၉-၂၀၂၀ ဝက်စ်ဘရွန်း ၀ – ၃ လက်စတာ
၅-၉-၂၀၂၀ ဘရိုက်တန် ၀ – ၀ ဝက်စ်ဘရွန်
း
ချဲလ်ဆီး နောက်ဆုံး ၅ ပွဲရလဒ်
၂၄-၉-၂၀၂၀ ချဲလ်ဆီး ၆ – ၀ ဘန်စလေ
၂၀-၉-၂၀၂၀ ချဲလ်ဆီး ၀ – ၂ လီဗာပူးလ်
၁၅-၉-၂၀၂၀ ဘရိုက်တန် ၁ – ၃ ချဲလ်ဆီး
၂၉-၈-၂၀၂၀ ဘရိုက်တန် ၁ – ၁ ချဲလ်ဆီး
၉-၈-၂၀၂၀ ဘိုင်ယန်မြူးနစ် ၄ – ၁ ချဲလ်ဆီး
ထူးခြားအချက်အလက်များ
ဝက်စ်ဘရွန်းသည် နောက်ဆုံးကစားထားသော ပရီးမီးယားလိဂ် အိမ်ကွင်း ၂၄ ပွဲတွင် ၃ ပွဲသာနိုင်ပြီး ၉ ပွဲသရေ၊ ၁၂ ပွဲရှုံးထား။
ယခုရာသီတွင် ဝက်စ်ဘရွန်းအသင်း သွင်းယူထားသော လိဂ်သွင်းဂိုး ၂ ဂိုးမှာ ဂိုးဧရိယာအပြင်ဘက်မှ သွင်းယူသော ဂိုးများဖြစ်နေ။
ဝက်စ်ဘရွန်းသည် ပရီးမီးယားလိဂ် နောက်ဆုံး ၁၆ ပွဲတွင် အမြင့်ဆုံးရနိုင်သည့် ၄၈ မှတ်အနက် ၁၁ မှတ်သာ ရ ယူနိုင်ခဲ့(၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁၁ ပွဲရှုံး)။
ချဲလ်ဆီးသည် ၂၀၁၆ ခုနှစ်မှစ၍ စက်တင်ဘာလအတွင်း ကစားသော ပြိုင်ပွဲစုံ အဝေးကွင်း ၈ ပွဲတွင် ရှုံးပွဲမရှိဘဲ ၇ ပွဲနိုင်၊ ၁ ပွဲသရေ ကစားထား။
သို့သော်လည်း နည်းပြလမ်းပတ်လက်ထက် ပရီးမီးယားလိဂ် အဝေးကွင်း ပွဲ ၂၀ တွင် ဂိုးမပေးရသည့်ပွဲက ၁ ပွဲ သာရှိထား။
ချဲလ်ဆီးသည် တန်းတက်ကလပ်များနှင့် နောက်ဆုံးကစားသော လိဂ်အဝေးကွင်း ၇ ပွဲတွင် ၃ ပွဲရှုံးထား။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဝက်စ်ဘရွန်း(၅-၄-၁)
ဂိုး – ဂျွန်စတုန်း
နောက် – ဖာလောင်း၊ အာဂျာယီ၊ အိုင်ဗန်နိုဗစ်၊ အိုရှေး၊ တောင်ဆန်
လယ် – ပါရဲရား၊ ဆော်ယာ၊ လစ်ဗာမိုး၊ ဒီယန်ဂါနာ
ရှေ့ – ရော်ဘင်ဆင်
ချဲလ်ဆီး(၄-၃-၃)
ဂိုး – ကာဘယ်လီရို
နောက် – ဘန်ချီဝဲလ်၊ ဆေးလ်ဗား၊ ဇူးမား၊ ဂျိမ်းစ်
လယ် – ကိုဗာချစ်၊ ကန်တီ၊ မေဆန်မောင့်
ရှေ့ – ဟာဗက်ဇ်၊ ဝါနာ၊ အေဘရာဟမ်
ဒဏ်ရာရ/ပွဲပယ်
ဝက်စ်ဘရွန်း – ကီရန်ဂစ်ဘ်(ပွဲပယ်)၊ ရော့ဘ်ဆင်ကနူး၊ ဟီဂါဇီ၊ ဂရိုဆစ်စကီး(မသေချာ)၊ ဇိုဟိုရီ
ချဲလ်ဆီး – ခရစ္စတန်ဆန်(ပွဲပယ်)၊ ပူလီဆစ်၊ ဇီရက်ချ်
သုံးသပ်ချက်
အနိုင်ရဖို့ လိုအပ်နေတဲ့ အသင်းနှစ်သင်း တွေ့ဆုံတဲ့ပွဲမှာ ချဲလ်ဆီးက အိမ်ရှင်ဝက်စ်ဘရွန်းကို ၁-၇၀ ပေးထားပါတယ်။ ကစားသမား အင်အားအရရော၊ ဝက်စ်ဘရွန်းရဲ့လက်ရှိခြေစွမ်းအရပါ ချဲလ်ဆီးနဲ့ပဲ အရဲစွန့်ချင်ပါတယ်။