နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမား ၅ ဦး

ဘောလုံးကစားနည်း စတင်ပေါ်ပေါက်လာချိန်မှ လက်ရှိအချိန်အထိ ဂန္ထဝင်ကစားသမား အများအပြား ပေါ်ထွန်းခဲ့သည်။ တချို့က နိုင်ငံလက်ရွေးစင် အသင်းနှင့်အတူ ထင်ရှားကျော်ကြားသည်။

အချို့ကျတော့ နိုင်ငံအသင်းတွင် လူသိသော်လည်း ကလပ်အသင်းတွင်မူ ခြေစွမ်းမပြနိုင်ဘဲ ငုပ်လျှိုးသွားတတ်သည်လည်းရှိသည်။ ထိုသို့မဟုတ်ဘဲ နိုင်ငံအသင်းတွင်ရော၊ ကလပ်အသင်းတွင်ပါ ခြေစွမ်းပြနိုင်သော က စားများလည်း ရှိသည်။

နိုင်ငံတကာက အသိအမှတ်ပြုထားသော တရားဝင်ပြိုင်ပွဲများတွင် ဂိုးရာပြည့်သွင်းနိုင်သည်က ရှာမှရှားသော လုပ်ရပ်ဖြစ်သည်။ တစ်နှစ်တွင် ၉ လလောက် ကစားရသော ကလပ်အသင်းပြိုင်ပွဲများတွင် ဂိုးရာပြည့် သွင်းနိုင်ဖို့က မခက်လှပါ။

သို့ရာတွင် ပွဲအရေအတွက် နည်းပါးသော နိုင်ငံတကာပြိုင်ပွဲများတွင်မူ ဂိုး ၁၀၀ ပြည့်အောင် သွင်းနိုင်ဖို့က ကျန်းမာရေး၊ ကံတရား၊ ကိုယ်စားပြုရာ တိုက် စသဖြင့် အခြေအနေ၊ အချိန်အခါပေါ် များစွာမူတည်လျက်ရှိသည်။

ယခုထိလည်း နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်အောင် သွင်းထားနိုင်သူဆို၍ ၂ ဦးသာရှိခြင်းက မည်မျှ ခက်ခဲ သည်ဆိုသည်ကို ပြဆိုနေသည်။ ဒါတောင်မှ ၂ ဦးမြောက်ဖြစ်လာရန် ၆ နှစ်လောက် စောင့်ဆိုင်းခဲ့ရသေးသည်။

အီရန်တိုက်စစ်မှူး အလီဒါယီ ၂၀၀၆ တွင် အနားယူပြီးနောက်ပိုင်း ၎င်း၏ နိုင်ငံတကာသွင်းဂိုး ၁၀၀ ကို လိုက်မီနိုင်သူ မရှိခဲ့ဘဲ ယမန်နေ့ညက ဆွီဒင်နှင့်ပွဲတွင် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက ၂ ဂိုးသွင်းယူပြီး နောက် နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်နှင့် ၁၀၁ ဂိုးမြောက် သွင်းနိုင်သူ ဖြစ်လာခဲ့ခြင်းပင်။

ထို့ကြောင့် နိုင်ငံအသင်းများအတွက် ကိုယ်စားပြုကစားကာ ဂိုးအများဆုံး သွင်းယူထားသော ကစားသမား ၅ ဦးအကြောင်း အကျဉ်းသဘော ဖော်ပြလိုက်ပါသည်။

၁။ အလီဒါယီ(အီရန်) ၁၄၉ ပွဲ၊ ၁၀၉ ဂိုး

အီရန်အသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူး အလီဒါယီဟာ နိုင်ငံတကာ ၁၄၉ ပွဲမှာ ၁၀၉ ဂိုးသွင်းကာ သူ့ရဲ့စံချိန်ကို ဘယ်သူကမှ လိုက်မမီနိုင်သေးပါဘူး။ ဘိုင်ယန်မြူးနစ်၊ ဟာသာဘာလင်တို့မှာ ကစားဖူးတဲ့ အလီဒါယီဟာ အီရန်အသင်းအတွက် ၁၉၉၃ ကနေ ၂၀၀၆ အထိ ၁၃ နှစ်ကြာ ကစားခဲ့ပြီး ၁၉၉၈၊ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင် ပွဲဝင် အီရန်တိုက်စစ်ကို ဦးဆောင်ကစားခဲ့သူပါ။

ဒါပေမဲ့ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးမသွင်းဖူးဘဲ ခြေစစ်ပွဲတွေ၊ အာရှဖလားပြိုင်ပွဲတွေမှာသာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ် အလီဒါယီအတွက် နိုင်ငံတကာအဆင့် အမြင့်ဆုံးအောင်မြင်မှုက ၁၉၉၈ အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့တာဖြစ်ပြီး အီရန်လက်ရွေးစင်အသင်းကိုလည်း နည်းပြအဖြစ် ဆောင်ရွက်ဖူးပါတယ်။

၂။ စီရော်နယ်ဒို(ပေါ်တူဂီ) ၁၆၅ ပွဲ၊ ၁၀၁ ဂိုး

ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရတဲ့ စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၂၀၀၃ ခုနှစ်ကနေ စတင်ကစားလာတာ လက်ရှိအချိန်ထိပါပဲ။ မန်ယူ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့နဲ့ အတူ အောင်မြင်မှုများစွာ ရယူထားတဲ့ ၎င်းဟာ ပေါ်တူဂီလက်ရွေးစင် အသင်းနဲ့အတူ ယူရို ၂၀၁၆၊ ၂၀၁၉ နေးရှင်းလိဂ်ဖလားတို့ကို ရယူထားပါတယ်။

ကိုယ်စားပြုရာ ကလပ်တွေအတွက် ပြိုင်ပွဲစုံ ၈၅၂ ပွဲမှာ ၆၃၈ ဂိုး သွင်းယူထားတဲ့ စီရော်နယ်ဒိုဟာ ဆွီဒင်ကို ၂ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးစလုံးသွင်းကာ နိုင်ငံတကာသွင်းဂိုး ၁၀၁ ဂိုးအထိ သွင်းယူထားပါတယ်။ ၃၅ နှစ်အရွယ် ၎င်းရဲ့နိုင်ငံတကာသွင်းဂိုးနှုန်းက တစ်ပွဲကို ၀ ဒသမ ၆၁ ရာခိုင်နှုန်းရှိပြီး လက်ရှိမှာတော့ အလီဒါယီရဲ့၁၀၉ ဂိုးစံချိန်ကို ချိုးဖျက်နိုင်မယ့် တစ်ဦးတည်းသော ကစားသမားလို့ ဆိုနိုင်ပါတယ်။

၃။ ဖရန့်ပွတ်စ်ကပ်စ်(ဟန်ဂေရီ၊ စပိန်) ၈၅ ပွဲ၊ ၈၄ ဂိုး

ဟန်ဂေရီအသင်းနဲ့အတူ ၁၉၅၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယ၊ ၁၉၅၂ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့တဲ့ ဖရန့်ပွတ်စ်ကပ်စ်ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ ၎င်းဟာ နောက်ပိုင်းမှာ စပိန်လက်ရွေးစင်အသင်းအတွက် ၄ ပွဲ ကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလားပေါင်း များစွာ ဆွတ်ခူးခဲ့ပါတယ်။

ပွတ်စ်ကပ်စ်ဟာ ၁၉၄၅ ကနေ ၁၉၅၆ ခုနှစ်အထိ ဟန်ဂေရီအသင်းအတွက် ကစားစဉ် ၈၅ ပွဲမှာ ၈၄ ဂိုးအထိ သွင်းနိုင်ခဲ့ပြီး တစ်ပွဲ ပျမ်းမျှသွင်းဂိုးက ၀ ဒသမ ၉၉ ရာခိုင်နှုန်းအထိ ရှိပါတယ်။

၄။ ဂေါ့ဖရေးချီတာလူ(ဇမ်ဘီယာ) ၁၁၁ ပွဲ၊ ၇၉ ဂိုး

အသက် ၄၅ နှစ်အရွယ် ၁၉၉၃ ခုနှစ်မှာ ကွယ်လွန်သွားတဲ့ ဇမ်ဘီယာတိုက်စစ်မှူး ချီတာလူဟာ အာဖရိက တိုက်ရဲ့ထာဝရအကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ၁၉၇၄ အာဖရိကဖ လားပြိုင်ပွဲမှာ ဇမ်ဘီယာကို ဒုတိယဆုရရှိစေခဲ့တဲ့ ချီတာလူဟာ နိုင်ငံတကာ ၁၁၁ ပွဲမှာ ၇၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ အာဖရိက ကစား သမားတွေအနက် နိုင်ငံတကာသွင်းဂိုး အများဆုံးသွင်းထားသူအဖြစ် ရပ်တည်နေဆဲပါပဲ။

သူဟာ ဇမ်ဘီယာအသင်းကို ကိုင်တွယ်စဉ် ဆီနီဂေါအသင်းနဲ့ ၁၉၉၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ဖို့ ခရီး ထွက်စဉ် လေယာဉ်ပျက်ကျကာ အခြား ဇမ်ဘီယာကစားသမား ၁၈ ဦးနဲ့အတူ သေဆုံးသွားခဲ့ပါတယ်။

၅။ ဟူစိန်ဆာအိ(အီရတ်) ၁၃၇ ပွဲ၊ ၇၈ ဂိုး

၁၉၈၂ အာရှအားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရ အီရတ်အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ကစားခဲ့တဲ့ ဟူစိန်ဆာအိဟာ နိုင်ငံတကာ ၁၃၇ ပွဲမှာ ၇၈ ဂိုးအထိ သွင်းယူထားပါတယ်။ လက်ရှိမှာ အသက် ၆၂ နှစ်အရွယ် ရှိ ပြီဖြစ်တဲ့ ဆာအိဟာ အာမက်ရာဒီနဲ့အတူ အီရတ်အသင်းရဲ့ထာဝရအကောင်းဆုံး ကစားသမားအဖြစ် သတ် မှတ်ခံထားရပါတယ်။

Facebook Comments Box
Facebook Comment