နိုင်ငံတကာ ဂိုးရာပြည့်ရှင် စီရော်နယ်ဒိုကို ရှင်သန်နေဆဲ ဂန္ထဝင်ဟု ဖီဖာဥက္ကဋ္ဌ ချီးကျူး

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်ခဲ့သော ပေါ်တူဂီတိုက်စစ်မှူး စီ ရော်နယ်ဒိုကို ဘေ ာလုံးလောက၏ ရှင်သန်ဆဲ ဂန္ထဝင်တစ်ဦးဟု ချီးကျူးစကား ပြောကြားလိုက်သည်။

အသက် ၃၅ နှစ်အရွယ် စီရော်နယ်ဒိုသည် ယမန်နေ့ညက ဆွီဒင်အား ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သော နေးရှင်းလိဂ်ပွဲစဉ်တွင် ၂ ဂိုးစလုံးသွင်းယူကာ နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်မြောက်သော ဒုတိယကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ခရိုအေးရှားအား ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သော နေးရှင်းလိဂ်အဖွင့်ပွဲကို လွဲချော်ခဲ့သော စီ ရော်နယ်ဒိုသည် ဆွီဒင်နှင့်ပွဲတွင်မူ ပထမပိုင်းပြီးခါနီး သွင်းယူသော ဖရီးကစ်ဂိုးဖြင့် နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်ခဲ့သလို ၇၂ မိနစ်တွင်လည်း ဒုတိယဂိုးသွင်းကာ ၁၀၁ ဂိုးမြောက် ဖြစ်လာသည်။

၂၀၀၃ ခုနှစ်မှစတင်ကာ ပေါ်တူဂီအသင်းအတွက် စတင်ကစားခဲ့သော စီရော်နယ်ဒိုသည် နိုင်ငံတကာ ၁၆၅ ပွဲတွင် ၁၀၁ ဂိုးသွင်းကာ နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသော အီရန်တိုက်စစ်မှူး အလီဒါယီ၏ ၁၀၉ ဂိုးစံချိန်ကိုမီရန် ၈ ဂိုးသာ လိုတော့သည်။

ဆွီဒင်နှင့်ပွဲမှာ ၂၀၂၀ ပြည့်နှစ်အတွင်း ပေါ်တူဂီအသင်းအတွက် စီရော်နယ်ဒို ပထမဆုံး ကစားသောပွဲစဉ်ဖြစ်ပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာသွင်းဂိုး ရာပြည့်ရှင်ဖြစ်လာသော ယူရို ၂၀၁၆ ချန်ပီယံ စီရော်နယ်ဒိုကို ၎င်း၏ ကစားဖော်ဟောင်းများဖြစ်သော ရီးရဲလ်နောက်ခံလူ မာဆယ်လိုနှင့် မန်ယူနောက်ခံလူဟောင်း ဖာဒီနန်တို့က ဗီဒီယိုမက်ဆေ့ချ်ပို့ကာ ချီးကျူးခဲ့သည်။

ထို့အတူ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကလည်း စီရော်နယ်ဒိုထံ အင်္ဂလိပ်လိုရော၊ ပေါ်တူဂီလိုပါ မက်ဆေ့ချ်ပို့ကာ ချီးကျူးစကား ပြောကြားသည်။

အင်ဖန်တီနိုက “ဂုဏ်ယူပါတယ် ခရစ္စတီယာနိုရေ… မင်းရဲ့နိုင်ငံအသင်းနဲ့အတူ ဂိုး ၁၀၀ ကျော်အောင် သွင်း နိုင်ခဲ့ပြီနော်။ ကမ္ဘာ့ဘောလုံးလောကမှာ မင်းလို ရှင်သန်နေဆဲ ဂန္ထဝင်တစ်ယောက်အတွက် အံ့အားသင့်စ ရာ မှတ်တမ်းတစ်ခုပါပဲ။ မကြာခင် လူချင်းတွေ့ပြီး ဂုဏ်ပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အရာအားလုံး အ ကောင်းဆုံးဖြစ်ပါစေ… မင်းရဲ့ ဂျီယန်နီ” ဟု မက်ဆေ့ချ်ပို့ကာ ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

Ref:allfootball

Facebook Comments Box
Facebook Comment