နိုင်ငံတကာပွဲများ သွားကစားရာမှ ပရီးမီးယားလိဂ်စတားများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လာမည်ကို အာတီတာ စိုးရိမ်

မီခေးလ်အာတီတာသည် ကစားသမားများမှာ ပရီးမီးယားလိဂ်၏ ကိုရိုနာဗိုင်းရပ်စ် အကာ အကွယ်စည်းမှ ထွက်ကာ နိုင်ငံတကာပွဲများ သွားရောက်ကစားရမည့် အခြေအနေကို စိုးရိမ်ပူပန်လျက်ရှိသည်။

အာတီတာသည်လည်း မတ်လတုန်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရဖူးသူဖြစ်ပြီး ဘောလုံးပွဲများကို ရပ်ဆိုင်းခဲ့ရသည်။ ဇွန်လမှ စတင်ကာ ဘောလုံးပွဲများ ပြန်လည် စတင် ကစားခဲ့သော်လည်း ပရိသတ်မပါဘဲ ကစားလာခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် လက်ရှိအချိန်တွင် ဝက်စ်ဟမ်းအသင်းမှ နည်းပြဒေးဗစ်မိုယက်စ်၊ ကစားသမားများ ဖြစ်ကြသည့် ဂျို့စ်ကူလ်လန်နှင့် အစ်ဆာ ဒီယော့ပ်တို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်။ ၎င်းတို့သည် အင်္ဂါနေ့တုန်းက ဟားလ်စီးတီးအား ကာရာဘောင်းဖလားပွဲတွင် အနိုင်မရရှိမီ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားကြောင်း တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

အာတီတာက “ပြီးတဲ့ လွန်ခဲ့တဲ့လများစွာတွေတုန်းကထက် ကျွန်တော်တို့ သတင်းအချက်အလက်တွေ ပိုမို ရရှိဖို့ လိုနေပါတယ်။ ပရီးမီးယားလိဂ်၊ ကလပ်တွေနဲ့ အစိုးရဟာ လူတိုင်းကို လုံခြုံစိတ်ချရမှု ရှိသထက် ရှိအောင် လုံခြုံရေးစည်း လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါက အလုပ်လည်း တကယ် ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာတွေက ရှိနေတုန်း ဆိုတာ အားလုံး အသိပါ။ ပြဿနာက မပြီးသေးပါဘူး။ ကျွန်တော်တို့ ဆက်ပြီးတော့ လုပ်သွားရပါမယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိ အခြေအနေကို ထိန်းထားနိုင်ဖို့အတွက် ပိုပြီးတော့ ဂရုစိုက်ရပါမယ်။ အရင်အတိုင်း မဆုတ်မနစ်လုပ်ရပါမယ်။ ကျွန်တော်တို့ အလုပ် အရမ်းဖြစ်တဲ့ စနစ်တစ်ခုကို ရှာတွေ့ခဲ့တာ အရမ်း ကံကောင်းပါတယ်။ ဒါကို အလေးထားရပါမယ်။ အကောင်းဆုံး ဆက်လုပ်နိုင်ဖို့အတွက် ဆက်လက် ကြိုးစား သွားရပါမယ်။ ဒါပေမယ့် အားလုံး နိုင်ငံအသီးသီးသို့ ထွက်ခွာသွားချိန်မှာတော့ အခြေအနေကတော့ အနည်းငယ် ကွဲပြားသွားပါပြီ။ အပြင်မှာ ဘာတွေ ဖြစ်လာမယ်ဆိုတာ မသိပါဘူး။ သူတို့ဟာလည်း အလုပ်အရမ်းဖြစ်ခဲ့တဲ့ ဒီစနစ်တွေကို အများကြီး လိုက်နာလုပ်ဆောင်ကြဖို့ ယုံကြည်ချင်ပါတယ်။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ သတင်းဆိုးတွေကို ပိတ်ထားနိုင်ပါမယ်”ဟု ပြောကြားသွားသည်။

အာဆင်နယ်သည် မနက်ဖြန်တွင် ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးကို ရင်ဆိုင် ကစားရမည် ဖြစ်သည်။ အာဆင်နယ်သည် ဇူလိုင်လတုန်းက အမ်းမရိတ်ကွင်း၌ လီဗာပူးကို အနိုင်ရခဲ့သလို ပြီးခဲ့တဲ့သည့် လတုန်းကလည်း ဝင်ဘာလေကွင်း၌ ကွန်မြူနတီဒိုင်းတွင် လီဗာပူးအား ပင်နယ်တီဖြင့် အနိုင်ရရှိခဲ့သည်။

သို့ရာတွင် အာတီတာသည် ပြီးခဲ့သည့် ရာသီတုန်းက အာဆင်နယ်နှင့် ၄၃ မှတ်အထိ ကွာဟခဲ့မှုအား ကျဉ်းမြောင်းလာအောင် လုပ်ဆောင်ရမည့် ကြီးမားသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။

Facebook Comments Box
Facebook Comment