ဒူဘိုင်းခရီးစဉ်ကြောင့် မန်ယူ၏ ရာသီကြို လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်မည့် ဝန်ဘစ်ဆာကာ

မန်ယူနောက်ခံလူ အေရွန်ဝန်ဘစ်ဆာကာသည် ကလပ်၏အကြံပြုမှုကို လက်ခံမဘဲ ဒူဘိုင်းသို့ သွားရောက်မှုကြောင့် မန်ယူ၏ ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်အစကို လွဲချော်ဖွယ်ရှိနေသည်။

မန်ယူညာနောက်ခံလူသည် မန်ယူ၏ရာသီကုန်ဆုံးပြီးနောက် နာမည်ကျော် အားလပ်ရက်ခရီးထွက်ရာ နေရာဖြစ်သည့် ဒူဘိုင်းသို့ သွားရောက်ခဲ့တာဖြစ်ပြီး ပြန်လည်ရောက်ရှိပါက ၁၄ ရက် ကွန်ရန်တေးဝင်ရမည်ဖြစ်သည်။ သူသည် ယခုအပတ်နှောင်းပိုင်းတွင် အင်္ဂလန်သို့ ပြန်လာရန် စီစဉ်ထားသူလည်းဖြစ်သည်။

မန်ယူကစားသမားများသည် လာမည့်အပတ်တွင် အသင်း၏ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်သို့ ရောက်လာရမည်ဖြစ်ပြီး အသက် ၂၂ နှစ်ရှိ ကစားသမားမှာ ကွာရန်တေးဝင်ရမည်ဆိုပါက လာမည့်ရာသီအတွက် နည်းပြဆိုးလ်ရှား၏ပြင်ဆင်မှုအစပိုင်းကို လွဲချော်မည်ဖြစ်သည်။

မန်ယူအသင်းတာဝန်ရှိသူများသည် ၂၀၁၉-၂၀ ရာသီ ကုန်ဆုံးပြီးနောက် ကစားသမားများအား မည်သည့်နိုင်ငံသို့ အပန်းဖြေခရီးထွက်လျှင် ပြန်လာချိန်တွင် ကွာရန်တေး ဝင်ရမှာမဟုတ်ကြောင်း အကြံပြုချက်များ ပေးခဲ့သည်။

သို့ရာတွင် အေဘရွန်ဝန်ဘစ်ဆာကာမှာ မန်ယူ၏အကြံပြုချက်ကို မလိုက်နာဘဲ ကိုယ့်ဒုက္ခကိုယ်ရှာခဲ့ရာ အင်္ဂလန်သို့ ပြန်ရောက်ချိန်တွင် ကွာရန်တေး ဝင်ရတော့မည် ဖြစ်သည်။ ကစားသမားများသည် ကလပ်နှင့်အတူ ပွဲကစားရန်(သို့မဟုတ်)လေ့ကျင့်ခန်း ဆင်းရန် ပြင်ပသို့ ထွက်ခွာပြီး ပြန်လာချိန်တွင် ကွာရန်တေး ဝင်ရန် မလိုချေ။ သို့ရာတွင် ဝန်ဘစ်ဆာကာမှာမူ အားလပ်ရက်ကာလတွင် ဒူဘိုင်းသို့ သွားရောက်မှုအတွက် ပြန်ရောက်လာချိန်တွင် ကွာရန်တေးဝင်ရတော့မည်ဖြစ်သည်။

ဝန်ဘစ်ဆာကာသည် ဒူဘိုင်းသို့ သွားရောက်စဉ်အတွင်း လေ့ကျင့်ရေးမှူးကိုပါ တပါတည်း ခေါ်ယူသွားကာ အပန်းဖြေစဉ်အတွင်း လာမည့်ရာသီအတွက် လေ့ကျင့်ခန်းများလည်း ပြုလုပ်နေသူလည်းဖြစ်သည်။ သို့ရာတွင် သူသည် အင်္ဂလန်သို့ ပြန်ရောက်လာချိန်တွင် ကွာရန်တေး ဝင်ရတော့မှာဖြစ်လို့ ရာသီကြိုလေ့ကျင့်ခန်းလေ့ကျင့်ခန်းဆင်းမှုအစပိုင်းကိုလွဲတော့မည်ဖြစ်သည်။

ဝန်ဘစ်ဆာကာသည် ဒူဘိုင်းသို့ ခရီးထွက်မှုကြောင့် အင်္ဂလန်အသင်း၏အိုက်စလန်၊ ဒိန်းမတ်တို့နှင့်နိုင်ငံတကာပွဲစဉ်များအတွက် လူစာရင်းတွင် ချန်လှပ်ခြင်းခံရသူ လည်းဖြစ်သည်။ အက်ဖ်အေနှင့်အင်္ဂလန်နည်းပြဆောက်ဂိတ်တို့သည် ဝန်ဘစ်ဆာကာမှာ အင်္ဂလန်သို့ ပြန်ရောက်လာချိန်တွင် ကွာရန်တေး ၁၄ ရက် ဝင်ရမှာဖြစ်၍ ချန်လှပ်ထားခဲ့ခြင်းလည်း ဖြစ်သည်။

Ref: Daily Mail

Facebook Comments Box
Facebook Comment