ဒီဘရိုင်းဟာ ခင်ဗျားသီချင်းထဲက နာမည်တစ်ခုလား..

📰 Nကြယ်မင်း

၁။ ခင်ဗျားဟာ မန်ယူလား၊ ခင်ဗျားဟာ မပျော်ဘူးမလား။

၂။ တကယ်လို့ သတင်းတွေထဲကအတိုင်း လင်ဂတ်ကို ဆွဲခေါ်သွားရင် မော်ရင်ဟိုဟာ ခင်ဗျားတို့အပေါ် ကျေးဇူးရှိပြီလား။

၃။ ခင်ဗျားဟာ ဘရူနို လေးအီလာမှုကို မပြောသေးဘူး ကြည့်နေတာလား။

၄။ ပြဿနာဟောင်းတွေ၊ အနာဟောင်းတွေက ဘာကြောင့်များ ခင်ဗျားတို့ဆီ ထပ်ခါတလဲလဲလဲ ဖြစ်နေရပါသလဲ။ ဥပမာ ပေါ့ဂ်ဘာက အလွယ်တွေ ပြန်လုပ်နေပြန်ပြီ ဆိုတာမျိုးပေါ့။

၅။ အခုဆို အဲဗာတန်ကိတ်မုန့်ကို ခင်ဗျား မှာစားလိုက်ပြီဖြစ်ပြီး ထပ်လည်းပဲ အဲ့ဒီလိုအစီအစဉ်ရှိနေသေးတယ် မဟုတ်လား။

၆။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အဲဗာတန်ဆီ ဘာတွေများ ယူဆောင်လာခဲ့ပါသလဲ။

၇။ ဂရာဗီဆင်တို့ခေတ်ကို ပြန်ရောက်နေသလား စိတ်မှာထင်နေပြီလား။

၈။ မီနာနဲ့ မိုက်ကယ်ကိန်းဟာ ဗဟိုခံစစ်အတွက် လုံလောက်ပြီလို့ ခင်ဗျားထင်ပါသလား။

၉။ ခင်ဗျားဟာ အန်ဆယ်လော့တီ သစ်ပင်တွေအကြောင်း လေ့လာဖူးပါသလား။

၁၀။ ရစ်ချာလီဆန်ထက် ကယ်လ်ဗတ်လူဝင်ကို မကြာခင် ပိုငြိမိသွားတော့မယ်လို့ စိတ်ထဲမှာ ထင်နေသလား။

၁၁။ လက်စတာဟာ ထိပ်ဆုံး ၄ သင်းထဲက ပြန်ပြီးခါချလို့ မရတော့အောင် နေထိုင်သွားတော့မယ်ဆိုတာ သေချာပါပြီလား။

၁၂။ နာနေတဲ့ ပါရဲယား၊ အသင်းပြောင်းသွားတဲ့ ဘန်ချီဝဲလ်တို့နေရာမှာ ကက်စတာနေနဲ့ ဂျပ်စတင်တို့ကို တမုဟုတ်ချင်း တင်သွင်းနိုင်ခဲ့တာ တစ်ဆိတ် ထူးချွန်လွန်းမနေဘူးလား။

၁၃။ ဘရန်ဒန်ရော်ဂျာဟာ အဲ့ဒီလိုလား။

၁၄။ လမ်းပတ်ဟာ ခရစ္စတန်ဆန် ကြိုးကုန်ချိန်ကို ရိပ်မိခဲ့တာသေချာပြီလား။

၁၅။ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ဘယ်လူသစ်တွေ ကြွချီတော်မူလာမှာတဲ့လဲ။

၁၆။ လမ်းပတ်ဟာ ဖိအားဝယ်ရောင်းသမားလား၊ တစ်တောင့်ချင်း ကျည်ထိုးသေနတ်
လား။

၁၇။ ကီပါမဟုတ်ရင် ကာဘယ်လာရို အရင်လာဦးမှာလား။ ရန်းစ်ရဲ့မန်ဒီက ဂျာစီမြှောက်ပြီလား။

၁၈။ ဘေးလ်က တကယ်ပဲ ဇီဒန်းကြီးပေးပို့လိုက်တဲ့ ဂျင်းလား။

၁၉။ ဒယ်လီအယ်လီက အင်္ဂလိပ်ကလေးများရဲ့ ရိုးရာတေးသွားအတိုင်း ရပ်တန့်ချေပြီလား၊ အဖြစ်မြန်၊ အကျ မြန်ကြ၊ ယုံကြည်မှုအိပ်ဇောတွေ ဖြုတ်မောင်းကြ၊ အဲ့ဒီလိုလား။

၂၀။ နောက်ဆုံးပွဲတွေမှာ မော်ရင်ဟိုက အသုံးမပြုတော့တာဟာ သူ့ရဲ့နောက်ဆုံးအဖြေလား။

၂၁။ ဒယ်လီအယ်လီဟာ ငါ့ကိုနမ်းမှာ ဘယ်သူတဲ့လဲလား။

၂၂။ ပေါ်တူဂီဝံပုလွေများသို့ လှပသောကလဲ့စားဖြစ်ကြောင်း ဂွါဒီယိုလာ ထုတ်ပြောသွားသေးလား။

၂၃။ ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်ဂုဏ်သိက္ခာ အသားတံဆိပ်လား။

၂၄။ အဂွေရို ဆက်နားနေရချိန်၊ ဂျီးဆပ်စ်က မရောက်ရှိလွန်းသော ထိတွေ့သူဖြစ်နေချိန်မှာ တိုက်စစ်မှူးတစ်ဦးမှ မခေါ်တော့ဘူးတဲ့လား။

၂၅။ ခင်ဗျားဟာ ဒီဇီကိုလို တိုက်စစ်မှူးမျိုးကို မလွမ်းတော့ဘူးလား။

၂၆။ ဖာရန်တောရက်စ်ဟာ ဆာနေးထက် ၈ လက်မလောက်များ နိမ့်နေမလား။

၂၇။ နသန်အကီဟာ ရာသီသစ်ခံစစ်အတွက် လုံလောက်သောဖြည့်တင်းမှုလို့ မန်ချက်စတာလွှတ်တော်မှာ အတည်ပြုလိုက်ပြီလား။

၂၈။ လိဒ်စ်က ဟယ်လ်ဒါကော်စတာလေးဟာ အဖြူရောင်တို့်ရဲ့အချစ်တော်ဖြစ်လာမလား။

၂၉။ ဒီလိုခံစစ်မျိုးက ချန်ပီယံရှစ်မှာ အတောင့်တင်းဆုံးအသင်းဖြစ်ခဲ့တယ်ဆိုတော့ ဘုရားစူး ၁၆ ခါလား။

၃၀။ ဘီယဲလ်ဆာရဲ့မြေပြင်ဒူးထောက်စတိုင်လ်က မော်ရင်ဟိုထက် စောသလား၊ နောက်ကျသလား။

၃၁။ အင်ဒီကာရိုးလ်ချည်း သုံးရနေရအောင် စတိဗ်ဘရုစ်က ကွန်ဆာဗေးတစ်လား။

၃၂။ ဘန်လေရဲ့ဟန်းဒရစ်ခ်က နယူးကာဆယ်မှာ တစ်ခုခုဖြစ်နိုင်သလား။

၃၃။ ဗီလာက အင်္ဂလန်နောက်ခံလူ ကွန်ဆာကို ဘယ်လိုအသင်းကြီးကမှ မျက်စိမကျသေးဘူးလား။

၃၄။ ဗီလာမှာ ဂျွန်တယ်ရီက ဘာမှပြောရေးဆိုခွင့် မရှိသူလား။

၃၅။ ရှက်ဖီးက မနှစ်က မာကျောမှုကို သယ်ဆောင်လာနိုင်သေးရဲ့လား၊ ဝိုင်လ်ဒါ
ဟာ အဲ့ဒီဘက်မှာ တစ်ဖက်ကမ်းခပ် ရှိနေဦးမှာလား။

၃၆။ စိန့်တွေက မုန်တိုင်းမိုးနေတာလား။

၃၇။ ချေအဒမ်စ်က ဘာမှမမောင်းရသေးဘူး၊ အင်ဂျင်ပြန်ကိုင်ရတော့မှာလား။

၃၈။ လမ့်တေးကို လက်လွှတ်ခံရခြင်းအတွက် ချဲလ်ဆီး တကယ်ပဲနာကျင်ရပါပြီလား။

၃၉။ ဂရေဟမ်ပေါ်တာဟာ ဒီနှစ်မှာ အံ့သြစရာတွေ လုပ်ပြလာတော့မှာလား။

၄၀။ ဘန်လေကရော တာကောစကီးကို တကယ်ထုတ်ရောင်းမှာလား။

၄၁။ စစ်သူကြီးရှောင်ဒိုင်ချီက အသံအက်ကွဲကွဲနဲ့ ရှက်ဖီးမာတာကို ကျွန်တော်ပျင်းခဲ့တယ်လား။

၄၂။ အာဆင်နယ်ဟာ တီယာနေးပိုးကို အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့ပြီလား။

၄၃။ ဝီလီယံဟာ ပေပေကို ပျင်းသနားကြောင်း မျက်နှာပျက်ကြီးနဲ့ ပြောခဲ့သလား။

၄၄။ ပေပေကို ဘယ်လိုသဘောထားပါသလဲ အာတေးတားခင်ဗျား၊ ခင်ဗျားရဲ့ရာသီသစ် အစီအစဉ်တွေထဲမှာ သူပါဝင်သေးရဲလား။

၄၅။ ဒုတိယပိုင်းလေးကစားပြပြီး မှတ်တမ်းကောင်းတွေရခဲ့တယ်ဆိုတဲ့ သီယာဂိုက ခင်ဗျားတို့လီဗာပူးကို လာပြီးကယ်တင်တာများလား။

၄၆။ ဖာဘင်ဟိုကြီး မပြောမဆိုနဲ့ နောက်ဆွဲချလိုက်တဲ့အမှုမှာ ခင်ဗျား သာယာပါရဲ့
လား။

၄၇။ ဝုဗ်က ထရာအိုရေးကြီး ကြည့်ပြီးတော့ မပင်ပန်းလွန်းဘူးလား။

၄၈။ ဂျိုတာနဲ့ ဒိုဟာတီထွက်ခွာသွားပြီးနောက်ပိုင်း နူနိုဆန်တိုရဲ့ပေါ်တူဂီ DNA ဟာ အောင်မြင်ပါ့မလား။

၄၉။ အယူးက အရူးနဲ့လုပ်ရတာတွေ (ဥပမာ၊ မန်ယူက လင်ဒီလော့ဖ်) အဖိုးကြီးရွိုင်းပျော်ရွှင်ပါရဲ့လား။

၅၀။ စကော့ပါကားနဲ့ ဘီလစ်တို့ တန်းဆင်းဇုန်ဟိုတယ်မှာပဲ ကြာဦးမလား။ မနှစ်ကတည်းက ကြိုးစားပန်းစား booking လုပ်ထားရတာလား။

၅၁။ စကော့ပါကားရဲ့ရိုးဂုဏ်လေးက ကရာဗင်ကော့တေ့ချ်မှာ ထားကောင်း ရောင်းစွံဟုတ်ပါတော့မလား..။

ကျွန်တော့်အသက် ၅၁ မှာ မေးခွန်း ၅၁ ခု ပေးပို့လိုက်ရကြောင်းပါ Soccer-88 ။

Facebook Comments Box
Facebook Comment