ဒီဂီယာအား ဝေဖန်မှုများအပေါ် စပိန်နည်းပြအန်းနရစ် လက်မခံ

လူးဝစ်အန်းနရစ်က UEFA Nations League တွင် ယူကရိန်းအား ရှုံးနိမ့်မှုအတွက် ဒီဂီယာအား မည်သည့်ဝေဖန်မှုကိုမှ လက်ခံမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။ ယူကရိန်းသည် ကိဗ်တွင် ဒုတိယပိုင်း၌ ဆိုင်ဂန်ကော့ဗ် သွင်းယူသည့် ဂိုးဖြင့် စပိန်၏ ၁၅ ပွဲဆက် ရှုံးမရှိ မှတ်တမ်းကို အဆုံးသတ်ခဲ့သည်။

စပိန်သည် ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်း အထိ ရရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၂၁ ကြိမ် အထိ ပြုလုပ်ခဲ့သည်။ ယူကရိန်းမှာ စပိန်ဂိုးပေါက်သို့ ၂ ကြိမ်‌သာ ကန်ခွင့်ရခဲ့သော်လည်း တစ်ဂိုး ရရှိခဲ့သည်။ ယူကရိန်းရရှိသွားသည့် ဂိုးမှာ ဒီဂီယာ ရှေ့ထွက်နေမှုကြောင့် ရရှိသွားခဲ့ခြင်းဖြစ်သည်။ ဒီဂီယာသည် ဂိုးစည်းတွင် ရှိနေမည်ဆိုပါက ဆိုင်ဂန်ကော့ဗ်၏ကန်ချက်ကို အလွယ်တကူ ကာကွယ်နိုင်မည့် အနေအထားတွင် ရှိနေသည်။

ယင်းဂိုးကြောင့် ဒီဂီယာ၏စပိန်အသင်းနံပါတ်တစ်ဂိုးသမားနေရာနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ဒီဂီယာသည် ယူနိုက်တက်တွင်လည်း အမှား များပြုလုပ်နေခြင်းကြောင့် နေရာအတွက် မေးခွန်းထုတ်ခြင်းခံနေရသူ ဖြစ်သည်။

အန်းနရစ်ကမူ “ဒီဂီယာကို အပြစ်တင်မှုက ဆိုးရွားတဲ့အလေ့အထိ ဖြစ်နေပါတယ်။ ဒီလိုပွဲမျိုးတစ်ပွဲအတွက် ဒီဂီယာကို အပြစ်တင်မယ်ဆိုရင် ဂရုမစိုက်ပါဘူး။ ခင်ဗျားတို့(မီဒီယာ)အခုလို ဆက်တိုက် တိုက်ခိုက်မှု ပြုလုပ်နေတာ အပြောင်းအလဲ တစ်ခု ဖြစ်နေမှာ သိနေလို့ပါ။ ကျွန်တော်တို့ဟာ ဒီပွဲမှာ တစ်ချက်တည်းနဲ့ အနိုင်ယူသွားခဲ့တာပါ။ ဒီအတွက် သူတို့ကို ဂုဏ်ပြုရပါမယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ဒီပွဲကို အပြီးသတ်နိုင်မယ့်အခွင့်အရေးတွေ အများကြီး ရခဲ့တာပါ။ ပွဲကိုလည်း ပြတ်ပြတ်သားသားထိန်းချုပ်ထားနိုင်ခဲ့တာပါ”ဟု ပြောကြားခဲ့သည်။

စပိန်သည် လာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နယ်သာလန်နှင့် ခြေစမ်းပွဲ ကစားသွားရမှာ ဖြစ်ပြီး ယင်းပွဲအပြီး သုံးရက်အကြာတွင် ဆွစ်ဇာလန်နှင့် UEFA Nations League ပွဲ ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment