ဒိုင်များက ရီးရဲလ်ကို ဘက်လိုက်နေဟု ပူယိုးလ် ဝေဖန်

ဘာစီလိုနာ နောက်ခံလူဟောင်း ကားလက်စ်ပူယိုးလ်က ဒိုင်လူကြီးများသည် ရီးရဲလ်မက်ဒရစ်ကို ဘက်လိုက်သည့် ဆုံးဖြတ်ချက်များ ချမှတ်နေသောကြောင့် ဘာစီလိုနာအနေဖြင့် လာလီဂါချန်ပီ ယံဆုကို ရယူနိုင်ရေးအတွက် အကောင်းဆုံး စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်မှသာ ဖြစ်နိုင်မည်ဟု စွပ်စွဲလိုက်သည်။

ဘာစီလိုနာ ကပ္ပတိန်ဟောင်း ပူယိုးလ်က ယမန်နေ့ညက ဘက်တစ် ၂-၃ ရီးရဲလ်ပွဲတွင် ဒိုင်လူကြီးများက ဘာနေဗျူးအခြေစိုက်အသင်းကို ဘက်လိုက်ဆုံးဖြတ်ခဲ့ပြီး ဘက်တစ် ကစားသမားတစ်ဦးကို အနီကတ္ပြခြင်း၊ ရာမို့စ်သွင်းယူသည့် ပင်နယ်တီအနိုင်ဂိုးကို VAR ပြန်ကြည့်ကာ ပေးခြင်းတို့ကို အဓိက ဝေဖန်ခဲ့ခြင်းဖြစ်သည်။

၆၇ မိနစ်တွင် ရီးရဲလ်တိုက်စစ်မှူး ဂျိုဗစ်ကို ဘက်တစ်နောက်ခံလူ အီမာဆင်က ဂိုးဧရိ ယာအပြင်ဘက်တွင် တားဆီးခဲ့သည်ကို လက်ထောက်ဒိုင်လူကြီးက ကွင်းလယ်ဒိုင် ဘန်ဂိုဇီယာထံ အကြောင်းကြားခဲ့၍ ဗီဒီယိုပြန်ကြည့်ပြီးနောက် အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။

၈၂ မိနစ်တွင်လည်း ရီးရဲလ်မှ မာယိုရယ်၏ ဂိုးသွင်းမှုကို တားဆီးရန်ကြိုးစားစဉ် ဘက်တစ်နောက်ခံလူ မာ့စ်ဘာထရာ၏လက်နှင့် ဘောလုံးထိမိသွားခဲ့သည်။

အဆိုပါ အဖြစ်အပျက်ကိုလည်း ဒိုင်လူကြီးက VAR ပြန်ကြည့်ကာ ပင်နယ်တီပေးခဲ့၍ ဧည့်သည်အသင်း နိုင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

လူတစ်ယောက် အထုတ်ခံထားရသော အသင်းတစ်သင်းအပေါ် ပင်နယ်တီ ထပ်ပေးခဲ့ သောကြောင့် ရီးရဲလ် အနိုင်ရခဲ့ခြင်းဟု ပူယိုးလ်က ယူဆလျက်ရှိပြီး တွစ်တာတွင် စဉ်း စားနေပုံ၊ ပါးစပ်ပိတ်ထားပုံ၊ မျက်စိနှစ်ဖက်ပိတ်ထားပုံ စသည့် emoji များဖြင့် မဟာ ပြိုင်ဘက်အသင်းအား ဝေဖန်ခဲ့ခြင်းဖြစ်သည်။

၁၉၉၉ မှ ၂၀၁၄ ခုနှစ်အထိ ဘာစီလိုနာ တစ်သင်းတည်းတွင်သာ ကစားခဲ့သော ၄၂ နှစ်အရွယ် ပူယိုးလ်က တွစ်တာတွင် “လာလီဂါချန်ပီယံဆုကို ရချင်တယ်ဆိုရင် ငါတို့တွေ ကစားပုံ အရမ်းကောင်းဖို့ လိုတယ်။ ဒါပေမဲ့ ငါယုံပါတယ်။ ဒါက(ဒိုင်လူကြီးများ ရီးရဲလ်အပေါ် ဘက်လိုက်နေမှုကို ဆိုလို)စိန်ခေါ်မှုတစ်ခုဖြစ်ပြီး အသင်းအတွက် စိတ်ဓာတ်လှုံ့ဆော်မှု တစ်ခုပါပဲ” ဟု ရေးသားသည်။

Ref:twitter

Facebook Comments Box
Facebook Comment