ဒိုင်နမိုကိဗ်တွင် ကစားသမား ၁၃ ဦးသာ ရှိသော်လည်း သတ်မှတ်ထားသည့်အတိုင်း ဘာစီလိုနာပွဲကို ကစားမည်

ယူကရိန်းချန်ပီယံ ဒိုင်နမိုကိဗ်အသင်းတွင် ကိုဗစ်ကူးစက်ခံရသူ အမြောက်အမြား ရှိနေခြင်းကြောင့် ရွေးချယ်နိုင်သည့် ကစားသမား ၁၃ ဦးတည်းသာ ရှိနေသော်လည်း ယနေ့ညတွင် ဘာစီလိုနာနှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်အား သတ်မှတ်ထားသည့်အတိုင်း ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

ဒိုင်နမိုကိဗ်အသင်းမှ ကစားသမား ၉ ဦး၊ လက်ထောက်နည်းပြနှင့် ကလပ်ဝန်ထမ်း ၅ ဦးတို့မှာ ကိုဗစ်ကူးစက်ခံထားရမှုကြောင့် ယနေ့ည ဘာစီလိုနာနှင့် ချန်ပီယံလိဂ်ပွဲမှာ ကစားရန် မရေမရာ ဖြစ်ခဲ့သည်။ ဒိုင်နမိုကိဗ်မှ ကစားသမား ၃ ဦးတို့မှာ ယခင်ကတည်းက ကိုဗစ်ကူးစက်ခြင်းခံထားရပြီး နောက်ထပ် ကစားသမား ၆ ဦးတို့မှာ တနင်္ဂနွေနေ့က စစ်ဆေးမှု တွင် ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိရခြင်း ဖြစ်သည်။

သို့ရာတွင် ဒိုင်နမိုကိဗ်အသင်းတွင် ကစားနိုင်သည့် ကစားသမား ၁၃ ဦးအား အင်္ဂါနေ့တုန်းက ကိုဗစ်စစ်ဆေးမှု ပြုလုပ်ရာ ကိုဗစ်ကင်းစင်ကြောင်း တွေ့ရှိရသည်။ ယူအီးအက်ဖ်အေ၏ စည်းမျဉ်းအရ ဂိုးသမားအပါအဝင် ပွဲကစားနိုင်သည့် ကစားသမား ၁၃ ဦးရှိပါက ပွဲကို ကစားရန် သတ်မှတ်ထားရာ ဘာစီလိုနာနှင့် ဒိုင်နမိုကိဗ်ပွဲမှာ သတ်မှတ်ထားသည့်အတိုင်း ဆက်ကစားသွားတော့မည် ဖြစ်သည်။

Facebook Comments Box
Facebook Comment