ဒမ်ဘီလီအပါအဝင် ဘာကာကစားသမား ၄ ဦးကိုခေါ်မယ့် မန်ယူ

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တွင် ဆီဗီလာကိုရှုံးနိမ့်ခဲ့သော မန်ယူအသင်းသည် လာမည့်ရာသီကို အကောင်းဆုံးပုံစံဖြင့် ပြန်လာနိုင်ရန် ဘာစီလိုနာအသင်းမှ ထိပ် တန်းကစားသမား ၄ ဦးကိုခေါ်ယူရန် စီစဉ်ထားကြောင်း ဒေးလီးမေးလ်သတင်း စာက ဖော်ပြသည်။


ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်အ သင်းအား ၈-၂ ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ပြီးနောက် နည်းပြဆက်တီယန်ကိုထုတ် ပယ်ကာ နယ်သာလန်လက်ရွေးစင်အသင်းနည်းပြ ရော်နယ်ကိုးမန်းကိုခန့်အပ် ဖွယ်ရှိနေသည်။


ကိုးမန်းသာ ဘာစီလိုနာကိုရောက်ရှိလာပါက အသင်းအား အ ပြောင်းအလဲပြုလုပ်ရန် သေချာသလောက်ရှိနေရာ ပြင်သစ်ကစားသမားများ ဖြစ်သော တိုက်စစ်မှူးဒမ်ဘီလီ၊ နောက်ခံလူ အမ်တီတီ၊ ချီလီကွင်းလယ်လူ ဗီ ဒယ်နှင့် ခရိုအေးရှားကွင်းလယ်လူ ရာကီတစ်တို့က နူးကမ့်အခြေစိုက်ကလပ်မှ ထွက်ခွာရန် ပြင်ဆင်နေသည်။


ချန်ပီယံလိဂ်ဝင်ခွင့်ရထားသော မန်ယူအသင်းသည် ဒေါ့မွန်အသင်းမှ အင်္ဂလန် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူရန်ကြိုးစားနေသော်လည်း ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းမှုအဆင်မပြေသောကြောင့် ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေနှင့် ကြုံတွေ့နေသည်။


ထို့ကြောင့် မန်ယူနည်းပြဆိုးလ်ရှားက ဘာစီလိုနာကစားသမား ၄ ဦးစလုံးအား ခေါ်ယူအားဖြည့်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။ စပိန်အားကစားသတင်းစာ မွန်ဒို ဒီပို့တီဗို၏ဖော်ပြမှုအရ ဆိုးလ်ရှားသည် ဘာစီလိုနာကစားသမား ၄ ဦးစလုံးကို စိတ်ဝင်စားနေသော်လည်း အထူးသဖြင့် ဒမ်ဘီလီနှင့် အမ်တီတီတို့၏လုပ်အား နှုန်းကို ပိုမိုနှစ်သက်လျက်ရှိသည်။


ဆိုးလ်ရှားသည် လာမည့်ရာသီတွင် လီဗာပူးလ်နှင့် မန်စီးတီးတို့ကို ယှဉ်ပြိုင်နိုင် ရေးအတွက် နွေရာသီအပြောင်းအရွှေ့ကာလတွင် အသုံးစရိတ်အများအပြားသုံးစွဲ ခွင့်ရရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းထားသည်။

Ref: dailymail

Facebook Comments Box
Facebook Comment