
ဒဏ်ရာကြောင့် အင်္ဂလန်အသင်းမှ ယူနိုက်တက်စတားရပ်ရှ်ဖို့ဒ် နုတ်ထွက်
မန်ချက်စတာယူနိုက်တက်စတားမားကပ်စ်ရပ်ရှ်ဖို့ဒ်သည် ဒဏ်ရာပြဿနာကြောင့် အင်္ဂလန်အသင်းမှ နုတ်ထွက်လိုက်သည်။ ရပ်ရှ်ဖို့ဒ်သည် ဂရေမီဆောက်ဂိတ်၏ ၂၉ ဦး လူစာရင်းတွင် ပါဝင်နေသော်လည်း စနေနေ့က အဲဗာတန်ကို ၃-၁ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ရရှိသည့် ဒဏ်ရာကြောင့် အင်္ဂလန်အသင်းနှင့် ပူးပေါင်းရေး ရွှေ့ဆိုင်းခဲ့ရသည်။

သူသည် ဂူဒီဆင်ပါ့ခ်ပွဲစဉ်ကို ပွဲချိန်ပြည့် ကစားခဲ့သော်လည်း ပုခုံးဒဏ်ရာရရှိခဲ့မှုကြောင့် စစ်ဆေးခြင်းခံခဲ့ရသည်။ သူသည် ကြာသပတေးညတုန်းက အိုင်ယာလန်ကို ၃-၀ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ပါဝင်နိုင်ခဲ့ခြင်း မရှိချေ။ ယင်းပွဲတွင် အင်္ဂလန်အတွက် အနိုင်ဂိုးများကို မက်ဂွိုင်းယား၊ ကယ်ဗတ်လီဝင်းနှင့် ဆန်ချိုတို့က သွင်းယူခဲ့ကြသည်။
ယခုအခါ အက်ဖ်အေက ရပ်ရှ်ဖို့ဒ်မှာ အင်္ဂလန်အသင်း၏ လူစာရင်းမှ နုတ်ထွက်လိုက်ပြီ ဖြစ်ပြီး ဘယ်လ်ဂျီယံ၊ အိုက်စလန်တို့နှင့် ကစားမည့် နေးရှင်းလိဂ်ပွဲစဉ်များတွင် ပါဝင်လာမည်မဟုတ်ကြောင်း အတည်ပြုလာပြီ ဖြစ်သည်။

ထို့အပြင် အင်္ဂလန်အသင်းမှ ဝုဗ်နောက်ခံလူကွာဒီမှာလည်း အင်္ဂလန်အသင်းနှင့်မပူးပေါင်းပြီး ကိုဗစ်ကူးစက်ခံရသူနှင့် ထိတွေ့ခဲ့မှုရှိမှုကြောင့် ကွာရန်တေးဝင်ရမည်ဖြစ်၍ အင်္ဂလန်အသင်းမှ နုတ်ထွက်သွားခဲ့သည်။