
ခရိုအေးရှားနှင့်ပွဲကို ရော်နယ်ဒို ဒဏ်ရာကြောင့် လွဲချော်ဖွယ်ရှိ
ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ဒဏ်ရာရရှိနေခြင်းကြောင့် စက်တင်ဘာ ၅ ရက်တွင် ခရိုအေးရှားနှင့် က စားရမည့် နေးရှင်းလိဂ်ပွဲစဉ်အား လွဲချော်ဖွယ်ရှိနေကြောင်း ပေါ်တူဂီအသင်းက ကြေညာသည်။
စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်သည် မနက်ဖြန်တွင် လေ့ကျင့်မှုများ စတင်ပြုလုပ်တော့မည်ဖြစ်ရာ ခြေချောင်းဒဏ်ရာ ရရှိထားသည့် စီရော်နယ်ဒို ပါဝင်နိုင်မည် မဟုတ်သော်လည်း တောင်ပံကစားသမား ကော်စတာမှာ ဒဏ်ရာပျောက်ကင်းလာ သောကြောင့် အသင်းနှင့် ပူးပေါင်းနိုင်မည်ဟု ကြေညာသည်။
စီရော်နယ်ဒိုသည် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကမှ အတူနေချစ်သူ ဂျော်ဂျီနာနှင့် အပန်းဖြေခရီး ထွက်နေသည့်ပုံများအား လူမှုကွန်ရက်ပေါ် တင်ခဲ့သေးသည်။
ယနေ့တွင်မူ ပေါ်တူဂီအသင်းက စီရော်နယ်ဒို၏ ခြေချောင်းတွင် ဒဏ်ရာရရှိထားသည်ကို တွေ့ရှိခဲ့ရသောကြောင်း ၎င်းအ နေဖြင့် လေ့ကျင့်ရေး မလုပ်နိုင်သလို ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယဆုရှင် ခရိုအေးရှားအသင်းနှင့် ကစားရမည့် အိမ်ကွင်းပွဲ စဉ်ကို လွဲချော်ဖွယ်ရှိနေသည်ဟု ထုတ်ပြန်ထားသည်။
အသက် ၃၅ နှစ်အရွယ် စီရော်နယ်ဒိုသည် ၂၀၀၃ ခုနှစ်မှ စတင်ကာ ပေါ်တူဂီအသင်းအတွက် စတင်ကစားခဲ့ပြီး လက်ရှိအ ချိန်အထိ ၁၆၄ ပွဲကစား ၉၉ ဂိုးသွင်းယူကာ ယူရို ၂၀၁၆ ချန်ပီယံဆုအား ဆွတ်ခူးထားသည်။
၂၀၁၉ နေးရှင်းလိဂ်ချန်ပီယံ ပေါ်တူဂီအသင်းသည် စက်တင်ဘာ ၈ ရက်တွင် ဆွီဒင်အား အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ထိုပွဲစဉ်တွင်မူ စီရော်နယ်ဒို ပါဝင်လာဖွယ်ရှိနေသည်ဟု သိရသည်။
Ref:Elmundo