တွေ့တယ် မပြောဘူး

ဘာစီလိုနာဒါရိုက်တာ မာတီယူအလီမာနီက ချဲလ်ဆီးနောက်ခံလူ အန်တိုနီယိုရူဒီဂါ၏အေးဂျင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အတည်ပြုသည်။

သို့သော်လည်း အလီမာနီက ကစားသမား၏ အနာဂတ်အတွက် စကားပြောဆိုခြင်းမျိုးမရှိဘဲ မိတ်ဖြစ်ဆွေဖြစ်စကားများသာ ပြောကြားခဲ့သည်ဟု သောင်မတင်ရေမကျ ဆိုသည်။

၂၉ နှစ်အရွယ် ဂျာမန်သားသည် ယခုရာသီအကုန်တွင် ချဲလ်ဆီးနှင့် စာချုပ်ကုန်ဆုံးမည်ဖြစ်ပြီး တနင်္ဂနွေ ဝက်စ်ဟမ်းပွဲအပြီး နည်းပြသောမတ်စ်တူဟယ်က ရူဒီဂါသည် အသင်းမှထွက်ခွာချင်နေသည်ဟု အတည်ပြုသည်။

ထွက်ပေါ်နေသော သတင်းများအရ ရီးရဲလ်မက်ဒရစ်သည် ရိုးမားကစားသမားဟောင်းကို ခေါ်ယူခွင့်ရရန် ရေပန်းအစားဆုံးဖြစ်နေသော်လည်း ယခုအခါ ကတ်တလန်ကလပ်ကပါ အပြောင်းအရွှေ့ပြေးလမ်းကြောင်းထဲ ဝင်ရောက်လာခြင်းဖြစ်သည်။

ထို့အပြင် ၎င်းကို ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားနေရာ ကတ်တလန်ကလပ်အနေဖြင့် အခြားထိပ်သီးများနှင့်ပါ အားပြိုင်ရမည့်သဘောဖြစ်သည်။

ရူဒီဂါ၏ အခြေအနေနှင့်ပတ်သက်၍ အလီမာနီက “သူ့ရဲ့အေးဂျင့်နဲ့ ကျွန်တော်တို့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအေးဂျင့်က အခြားကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေကိုလည်း ကိုင်ထားတာပါ။

ရူဒီဂါရဲ့အခြေအနေအတွက် ကျွန်တော်တို့ စကားမပြောခဲ့ပါဘူး။ အခြားကလပ်က ကစားသမားတွေအကြောင်း မပြောတာက ကျွန်တော်တို့အသင်းက ချမှတ်ထားတဲ့စည်းကမ်းပါ” ဟု ဆိုသည်။

Ref:Yahoo

Facebook Comments Box
Facebook Comment