တံထွေးဖြင့် ထွေးခဲ့သည်ဟု ဒီမာရီယာကို မာဆေးလ်နည်းပြဘိုအာ့စ်စွပ်စွဲ

မာဆေးလ်နည်းပြဘိုအာ့စ်က ပီအက်စ်ဂျီကစားသမားအိန်ဂျယ်ဒီမာရီယာမှာ မာဆေးလ်ကစားသမားတစ်ဦးကို တံထွေးဖြင့် ထွေးခဲ့ကြောင်း စွပ်စွဲ ပြောကြားလိုက်သည်။ မာဆေးလ်က ပီအက်စ်ဂျီကို ၁-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ပွဲပြီးခါနီး၌ နှစ်ဖက်ကစားသမားတို့ အချင်းများခဲ့ပြီး နေမာက ဂွန်ဇာလက်ဇ်၏လူမျိုးရေးခွဲခြားဆက်ဆံခြင်း ခံထားရကြောင်း စွပ်စွဲထားသည်။

ပီအက်စ်ဂျီအသင်းမှ နေမာ၊ လီယန်ဒရိုပါရာဒက်စ်၊ ကူဇာဝါတို့ အထုတ်ခံခဲ့ရသလို မာဆေးလ်အသင်းမှလည်း အမာဗီ၊ ဘီနီဒက်တိုတို့ အထုတ်ခံခဲ့ရသည်။

နေမာသည် မာဆေးလ်နောက်ခံလူအယ်လ်ဗာရိုဂွန်ဇာလက်ဇ်၏နောက်စေ့ကို ရိုက်ခဲ့မှုကြောင့် အထုတ်ခံခဲ့ရခြင်းဖြစ်သည်။ နေမာသည် ကွင်းအတွင်းမှ မထွက်ခွာမီ ၎င်းမှာ လူမျိုးရေးခွဲခြားပြောဆိုမှုခံခဲ့ရကြောင်း ဒိုင်လူကြီးစောဒက တက်ခဲ့သည်။ နေမာက သူ့ကို လူမျိုးရေးခွဲခြားဆက်ဆံခဲ့သည့် အယ်လ်ဗာရိုဂွန်ဇာလက်ဇ်အား မျက်နှာဖြတ်မရိုက်ခဲ့မှုအပေါ် နောင်တရမိကြောင်း တွစ်တာတွင် တင်သွားသည်။

ယခုအခါ မာဆေးလ်နည်းပြဘိုအာ့စ်ကလည်း ၎င်း၏ကစားသမားတစ်ဦးမှာ ဒီမာရီယာ၏တံထွေးဖြင့် ထွေးခြင်းခံခဲ့ရကြောင်း ဆိုထားသည်။ ဂွန်ဇာလက်ဇ်က ဒီမာရီယာ၏တံထွေးဖြင့်ထွေးခြင်း ခံခဲ့ရကြောင်း စွပ်စွဲထားသည်။

ဘိုအာ့စ်က “ကျွန်တော်ကတော့ လူမျိုးရေးခွဲခြားမှု ရှိတယ်လို့ မထင်ပါဘူး။ ဘောလုံးမှာ လူမျိုးရေးခွဲခြားမှုအတွက် နေရာမရှိပါဘူး။ တကယ်လို့ ဖြစ်ခဲ့ရင်တော့ အလွန်ကြီးမားတဲ့အမှား လု်ပခဲ့တာပဲ။ ဒါပေမယ့် ဖြစ်ခဲ့မယ်လို့ မထင်ပါဘူး။ သေချာတာကတော့ကတော့ ဒီမာရီယာက တံထွေးဖြစ်ခဲ့မှုကတော့ အသေအချာ ဖြစ်ခဲ့ပါတယ်။ ဘောလုံးကမ္ဘာမှာ ရှောင်ကျဉ်ရမယ့်အရာတွေ ရှိပါတယ်။ ဒီဖြစ်ရပ်က ဒီသမိုင်းဝင်ခြေစွမ်းပြနိုင်တဲ့ပွဲကို အမည်းစက်မထင်စေဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

ဒီမာရီယာ၊ နေမာနှင့် ပါရီဒက်စ်တို့သည် မကြာသေးမီကမှ COVID-19 ရောဂါမှ ပြန်လည်ကောင်းမွန်လာကြသူများဖြစ်ပြီး ဘောလုံးပွဲများမှာ တံထွေးထွေးခြင်းအား အကြီးအကျယ်တားမြစ်ထားသည်။

Facebook Comments Box
Facebook Comment