တော့တီ၏ဖခင် အင်ဇိုတော့တီ ကိုဗစ်-၁၉ ကြောင့် ကွယ်လွန်

ဖရန်ဆစ္စကိုတော့တီ၏ ဖခင် အန်ဇိုတော့တီသည် အသက် ၇၆ နှစ် အရွယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ အီတလီနှင့် ရိုးမားဂန္ထဝင်ကစားသမား၏ဖခင်သည် တနင်္လာနေ့တုန်းက Lazzaro Spallanzani Hospital တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

အန်ဇို ကွယ်လွန်ချိန်တွင် ဇနီးသည် ဖလိုရယ်လာ၊ သားများဖြစ်ကြသည့် ရီကာဒို၊ ဖရန်ဆစ္စကိုတို့ ကျန်ရစ်ခဲ့သည်။

အန်ဇိုသည် လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက နှလုံးရောဂါဝေဒနာခံစားလာခဲ့ရသူဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ်ကို မတွန်းလှန်ဘဲ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။

သူသည် ဖရန်ဆစ္စကိုတော့တီ၏ရိုးမားကစားသမားဘဝ ၂၅ နှစ်တာ ကာလအတွင်းတွင် သားဖြစ်သူအား အပတ်စဉ်အပတ်တိုင်း လိုက်လံအားပေးခဲ့သူလည်း ဖြစ်သည်။ ထို့အပြင် သူသည် ရိုးမားလေ့ကျင့်ရေးကွင်းသို့လည်း မကြာမကြာ လာရောက်ကာ ကစားသမားများအား ပီဇာ၊ အသားချောင်းဝယ်ကျွေးခြင်းစသည့် သားရေစာများ ဝယ်‌ကျွေးလေ့ရှိကြောင်း သိရသည်။

အန်ဇိုသည် သားဖြစ်သူ ဖရန်ဆစ္စကိုတော့တီ ကစားသမားဘဝမှ အနားယူပြီးနောက် မြေးများဖြစ်ကြသည့် ခရစ်တီယန်၊ ချာနယ်၊ အစ္စဘယ်တို့နှင့်သာ အချိန်ကုန်ဆုံးလာခဲ့သူ ဖြစ်သည်။

Facebook Comments Box
Facebook Comment