တူရကီနှင့်ပွဲ ပထမပိုင်းမှာ ကိုဗစ်ကူးစက်ခံထားရကြောင်း သိခဲ့သည့် ခရိုအေးရှား၏ ဗီဒါ

ခရိုအေးရှားဗဟိုနောက်ခံလူ ဒိုမာဂိုဗီဒါသည် ဗုဒ္ဓဟူးနေ့က တူရကီနှင့် သရေကျသည့် ခြေစမ်းပွဲ ပထမပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း သိရှိပြီးနောက် လူစားလဲခဲ့ရသည်။ ဗီဒါသည် တနင်္လာနေ့တုန်းက ကစားဖော်များနှင့်အတူ ကိုဗစ်စစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် နက်ဂတစ်ထွက်ခဲ့သူဖြစ်ပြီး မနေ့က နံနက်ပိုင်းတွင် ဒုတိယအကြိမ် ထပ်စစ်ခဲ့သည်။

ခရိုအေးရှားနောက်ခံလူဗီဒါမှာ ပွဲကစားနေချိန်အတွင်းတွင် ကိုဗစ်ပေါ့စတစ်ဖြစ်ကြောင်း တွေ့ရှိရပြီးနောက် ချက်ချင်းလူစားလဲကာ ကွာရန်တင်းဝင်စေခဲ့ခြင်းလည်း ဖြစ်သည်။ သို့ရာတွင် ခရိုအေးရှားအသင်းမှ ကျန်ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်အားလုံးတို့မှာ နက်ဂတစ်ဖြစ်နေဆဲ ဖြစ်သည်။

ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်က ၎င်းတို့မှာ ယူအီးအက်ဖ်အေက ချမှတ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းစည်းကမ်းအားလုံးကို လိုက်နာကြောင်း၊ ပထမပိုင်းပြီးချိန်တွင် ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရကြောင်း ကြေညာခဲ့သည်။

ခရိုအေးရှားသည် ဗုဒ္ဓဟူးနေ့က တူရကီနှင့်ပွဲတွင် နှစ်ကြိမ်တိုင်တိုင် နောက်ကလိုက်ကစားရပြီး ၃ ဂိုးစီသရေကျခဲ့သည်။

ခရိုအေးရှားသည် လာမည့် နေးရှင်းလိဂ်ပွဲစဉ်များအဖြစ် ဆွီဒင်၊ ပေါ်တူဂီတို့နှင့် ရင်ဆိုင်ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment