တီမိုဝါနာ Vs ဗန်ဒိုက်က လီဗာပူး Vs ချဲလ်ဆီးပွဲကို အဆုံးအဖြတ်ပေးလာမလား?

ချဲလ်ဆီးသည် လာမည့် တနင်္ဂနွေနေ့တွင် ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးကို စတမ်းဖို့ဒ်ဘရစ်ချ်၌ ဧည့်ခံကစားကြရပါမည်။ နှစ်သင်းစလုံးသည် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် အနိုင်ရရှိထားကြရာ နိုင်ပွဲဆက်နိုင်ရေးအတွက် အထူးကြိုးပမ်းလာကြရန် သေချာနေသည်။

ချဲလ်ဆီး-လီဗာပူးပွဲစဉ်မှာ အသင်းလိုက် ကစားအားအပြင် တစ်ဦးချင်း အရည်အသွေးကလည်း အဆုံးအဖြတ်ဖြစ်လာရန် သေချာသလောက် ရှိနေသည်။ အထူးသဖြင့် တီမိုဝါနာ Vs ဗာဂယ်ဗင်ဒိုက် ယှဉ်ပြိုင်မှုက ပွဲ၏အဆုံးအဖြတ် ဖြစ်လာနိုင်စရာ ရှိနေပါသည်။

ဝါနာသည် တနင်္လာနေ့တုန်းက ဘရိုက်တန်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ချဲလ်ဆီးအတွက် ပထမဆုံးပွဲကိုကစားခဲ့ရာ ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ သို့သော် သူသည် ချဲလ်ဆီးအတွက် ပင်နယ်တီတစ်လုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် အပြင် အမှားအယွင်းနည်းပါးစွာ ကစားနိုင်မှုကြောင့် ကောင်းမွန်သည့် တာထွက်မှု ဖြစ်ခဲ့သည်။

ဘရိုက်တန်နှင့်ပွဲအပြီးမှာ ဂျာမန်တိုက်စစ်မှူးက ဘရိုက်တန်ခံစစ်မှူးသုံးဦးကဲ့သို့ လူကောင်းကြီးမားသည့် ခံစစ်မျိုးဖြင့် မရင်ဆိုင်ခဲ့ဖူးကြောင်း ဝန်ခံခဲ့သည်။

ထို့ကြောင့် ဝါနာသည် တနင်္ဂနွေနေ့တွင် အရပ် ၆ ပေ၊ ၄ လက်မရှိ ဗန်ဒိုက်နှင့် ရင်ဆိုင်ရမည်ဖြစ်ရာ လွယ်ကူသည့်ပွဲတစ်ပွဲ ဖြစ်မလာရန် သေချာနေသည်။

ချဲလ်ဆီးသည် လီဗာပူးနှင့်ပွဲတွင် ဗန်ဒိုက်ထက် အရပ် ၅ လက်မ ပိုငယ်ကာ အရပ် ၅ ပေ၊ ၁၁ လက်မသာ ရှိသည့် ဝါနာထံသို့ အမြင့်ဘောဖြင့် ဘောလုံးပေးပို့ပြီး တိုက်စစ် ဆင်မှု မပြုလုပ်ရန် သေချာသလောက်ရှိနေသည်။ သို့သော် ၎င်းတို့သည် လီဗာပူး၏ နာမည်ကျော်ခံစစ်ကြောင်းကို ဖိအားပေး တိုက်စစ်ဆင်လာရန် သေချာနေပါသည်။

လီဗာပူးသည် တန်းတက်လိဒ်နှင့်ပွဲစဉ်တွင် သုံးဂိုးအထိ ပေးခဲ့ရပါသည်။ လိဒ်သည် ချဲလ်ဆီးခံစစ်ကြောင်းအား ဖြတ်တင်ဘောများဖြင့် ဖိအားပေးပြီး ဂိုးများ ရယူခဲ့ခြင်း ဖြစ်သည်။

ဖရန့်လမ်းပတ်အတွက် ပြဿနာမှာ ဗန်ဒိုက်က တောင့်တင်းပြီး အရပ်လည်း အလွန်ရှည်လျားနေမှုဖြစ်သည်။ ဒါ့အပြင် နယ်သာလန်ခံစစ်မှူးသည် အလွန်လည်း လျှင်မြန်သည့် ကစားသမားတစ်ဦးလည်း ဖြစ်နေပြန်သည်။

ဗန်ဒိုက်သည် ၂၀၁၉-၂၀ ရာသီတုန်းက တစ်နာရီပြေးနှုန်း ၂၁.၄ မိုင်နှုန်းဖြင့်အထိ ပြေးခဲ့ဖူးကာ ကမ္ဘာ့အမြန်ဆုံးခံစစ်မှူးများထဲမှ တစ်ဦးအဖြစ် ပါဝင်နေပါသည်။ ဗန်ဒိုက်နှင့်တွဲ၍ ပွဲထွက်လာနိုင်သည့် ဂျိုးဂိုမက်ဇ်မှာလည်း လျှင်မြန်သည့် ခံစစ်မှူးတစ်ဦးဖြစ်သည်။ သူသည် ပြီးခဲ့သည့် ရာသီတုန်းက တစ်နာရီပြေးနှုန်း ၂၁.၅ မိုင်နှုန်းဖြင့်အထိ ပြေးခဲ့ကာ ဗန်ဒိုက်ထက် ပိုမြန်သည့် မှတ်တမ်း ရှိသူဖြစ်သည်။

လီဗာပူးသည် အင်္ဂလန်၏အမြန်ဆုံးခံစစ်သမားနှစ်ဦးကို ပိုင်ဆိုင်ထားသော်လည်း ဝါနာနှင့် မြန်နှုန်းယှဉ်ပြိုင်လာချိန်မှာတော့ အရေးနိမ့်လာရန် ရှိနေပါသည်။ ဝါနာသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတုန်းက တစ်နာရီလျှင် ၂၁.၇ မိုင်နှုန်းအထိ ပြေးနိုင်ခဲ့သူဖြစ်သည်။

ဝါနာသည် လူကောင်သေးပြီး လျှင်မြန်မှုကို အသုံးခံကာ သူ့ထက် လူကောင်ကြီးသည့် ခံစစ်မှူးများကို ရင်ဆိုင်လေ့ရှိသူ ဖြစ်သည်။

ချဲလ်ဆီးသည် ချန်ပီယံကို ရင်ဆိုင်ရမည်ဖြစ်သော်လည်း အိမ်ကွင်းတွင် ကစားရမှုနှင့်အတူ အနိုင်ရရှိနိုင်သည့် အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်ထားပါသည်။

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင် လိဒ်က လီဗာပူးခံစစ်ကြောင်းတွင် အားနည်းချက်များ ရှိနေကြောင်း ပြသထားပြီး ဖြစ်သည်။

ထို့ကြောင့် ချဲလ်ဆီးအနေဖြင့် မြန်နှုန်းကို အသုံးချပြီး လီဗာပူးကို တိုက်စစ်ဆင် လျှင် အောင်မြင်မှု ရရှိရန် သေချာသလောက် ရှိနေသည်။

အကယ်၍ ချဲလ်ဆီး-လီဗာပူးပွဲစဉ်တွင် မြန်နှုန်းမှာ ပွဲ၏အဆုံးအဖြတ် ဖြစ်လာပါက ဝါနာက ချဲ်လ်ဆီးနိုင်ပွဲအတွက် အဓိကသော့ချက်ဖြစ်လာရန် သေချာနေပါသည်။

Facebook Comments Box
Facebook Comment