တီမိုဗာနာက မက်ဂွိုင်းယားအတွက် အိပ်မက်ဆိုး ဖြစ်လာမည်ဟု ဂလင်းဂျွန်ဆင် သုံးသပ်

ဝက်စ်ဟမ်း၊ ချဲလ်ဆီးနှင့် လီဗာပူးလ်တို့တွင် ကစားဖူးသော အင်္ဂလန် နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က ယနေ့ည ကစားမည့်ပွဲတွင် ချဲလ်ဆီးတိုက်စစ်မှူး တီမိုဗာနာက မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားအတွက် အိပ်မက်ဆိုး ဖြစ်လာမည်ဟု သုံးသပ်သည်။

ပြိုင်ပွဲစုံ နောက်ဆုံး ၂ ပွဲဆက် အနိုင်ရထားသော ယူနိုက်တက်သည် ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးပွဲမရှိသေးသော ချဲလ်ဆီးအား ဧည့်ခံကစားရမည်ဖြစ်ပြီး မက်ဂွိုင်းယားသည် ကြွက်သားဒဏ်ရာကြောင့် ပီအက်စ်ဂျီအား အနိုင်ရခဲ့သောပွဲကို လွဲချော်ခဲ့သည်။

မက်ဂွိုင်းယားသည် ချဲလ်ဆီးနှင့်ပွဲတွင် ပြန်လည်ပါဝင်လာမည် ဖြစ်သော်လည်း ကြံ့ခိုင်မှု အခြေအနေအရ ပါဝင်ကစားခဲ့သည့်တိုင် ပုံစံကောင်း ပြန်လည်ရရှိမည်ဟု သေချာ ပေါက် မပြောနိုင်ပေ။

ယခုနွေရာသီတွင် လိုက်ပ်ဇစ်မှ ပေါင် ၄၇ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့လာသော ဗာနာသည် ပရီးမီးယားလိဂ် ၅ ပွဲကစားကာ ၂ ဂိုးသွင်းယူထားပြီး ချဲလ်ဆီး၏ အဓိက တိုက်စစ်မှူးလည်း ဖြစ်သည်။

စတုတ်စီးတီးတွင် နောက်ဆုံးကစားခဲ့ပြီး ၂၀၁၈ ခုနှစ်က အနားယူခဲ့သော ဂျွန်ဆင်သည် အင်္ဂလန် အသင်းအတွက် ၅၄ ပွဲကစားကာ ၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဗာနာသည် ယူနိုက်တက် ခံစစ်ကြောင်းကို အကြီးအကျယ် ဒုက္ခပေးနိုင်လိမ့်မည်ဟု သုံးသပ်သည်။

၎င်းက “တကယ်လို့ ကျွန်တော်သာ တီမိုဗာနာဆိုရင် မက်ဂွိုင်းယားနဲ့ ကစားရမှာ တကယ်ကြိုက်ပါတယ်။ ဒါက မက်ဂွိုင်းယားအတွက် တကယ်ကို အိပ်မက်ဆိုးတစ်ခု ဖြစ်လာစေမှာပါ” ဟု ပြောသည်။

Ref:TheSun

Facebook Comments Box
Facebook Comment