
တီကိုကွင်းမှာ ဘာစီလိုနာကို ရွေးမယ်
လာလီဂါ ပွဲစဉ် ၁၀ ပွဲကြိုသုံးသပ်ချက်

လီဗန်တေး Vs အယ်လ်ချီ
ည ရး၃၀ နာရီ(ဆီယူဒက်ဗလန်စီယာ)
လီဗန်တေးကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၅-၃-၂၀၁၇ လီဗန်တေး ၂-၁ အယ်လ်ချီ
၂၃-၅-၂၀၁၅ လီဗန်တေး ဝ-၀ အယ်လ်ချီ
၁၄-၈-၂၀၁၄ လီဗန်တေး ဝ-၀ အယ်လ်ချီ
အမှတ်ပေးဇယား အဆင့် ၁၉ နေရာက လီဗန်တေးဟာ လာလီဂါ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲပျောက်နေပြီး ၃ ပွဲသရေ၊ ၃ ပွဲရှုံး ထားပါတယ်။
အဆင့် ၁၂ နေရာက အယ်လ်ချီကတော့ ခံစစ်တည်ငြိမ်သလို တိုက်စစ်က လီဗန်တေးထက်စာရင် ပိုကောင်းပါတယ်။
အိမ်ရှင်လီဗန်တေးက ၁+၂၀ ဖွင့်လှစ်ထားပြီး ဧည့်သည်အယ်လ်ချီကို ကြိုက်ပါတယ်။
ခန့်မှန်းရလဒ် – လီဗန်တေး ၁-၁ အယ်လ်ချီ

ဗီလာရီးရဲလ် Vs ရီးရဲလ်မက်ဒရစ်
ည ၉း၄၅ နာရီ(ဆီရာမီကာ)
ဗီလာရီးရဲလ်ကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၂-၉-၂၀၁၉ ဗီလာရီးရဲလ် ၂-၂ ရီးရဲလ်
၄-၁-၂၀၁၉ ဗီလာရီးရဲလ် ၂-၂ ရီးရဲလ်
၂၀-၅-၂၀၁၈ ဗီလာရီးရဲလ် ၂-၂ ရီးရဲလ်
အမှတ်ပေးဇယား ဒုတိယနေရာက ဗီလာရီးရဲလ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် ရှုံးပွဲမရှိသေးဘဲ ၇ ပွဲနိုင်၊ ၂ ပွဲသရေ ကစားထားပါတယ်။
ပါကိုအယ်လ်ကာဆာနဲ့ ဂျရတ်မိုရီနို တိုက်စစ်အတွဲက ဂိုးမြူးနေလို့ ရာမို့စ် မပါဝင်နိုင်တဲ့ ရီးရဲလ်နောက်တန်း ဗီလာရီးရဲလ်တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ မလွယ်ပါဘူး။
ရီးရဲလ်မှာ ဒဏ်ရာရ ကစားသမားတွေ များနေသလို ကိုဗစ်ထိထားတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။
ရီးရဲလ်က =၅ ဆိုတဲ့ ခပ်ပါးပါး ဖွင့်လှစ်မှုက သံသယရှိစရာဖြစ်လို့ ဗီလာရီးရဲလ်အတွက် အနိမ့်ဆုံး သရေပါပဲ။
ခန့်မှန်းရလဒ် – ဗီလာရီးရဲလ် ၂-၁ ရီးရဲလ်

ဆီဗီလာ Vs ဆယ်တာဗီဂို
ည ၁၂း၀၀ နာရီ(ဆန်းချက်ဇ်ပစ်ဟွမ်)
ဆီဗီလာကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၃၁-၈-၂၀၁၉ ဆီဗီလာ ၁-၁ ဆယ်တာဗီဂို
၇-၁၀-၂၀၁၈ ဆီဗီလာ ၂-၁ ဆယ်တာဗီဂို
၁၉-၁၁-၂၀၁၇ ဆီဗီလာ ၂-၁ ဆယ်တာဗီဂို
ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာဟာ လာလီဂါနောက်ဆုံး ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့ တစ်ပတ်ကျော်မှာတော့ အိုဆာဆူနာကို ၁-၀ ဂိုးနဲ့ အနိုင်ယူကာ နိုင်ပွဲပြန်ရှာတွေ့ထားပါတယ်။
နည်းပြ လိုပီတီဂွီရဲ့အသင်းဟာ တိုက်စစ်ပိုင်း အားနည်းနေပေမယ့်လည်း ခံစစ်ကတော့ တည်ငြိမ်ပါတယ်။
တန်းဆင်းဇုန်ထဲက ဆယ်တာဗီဂိုကတော့ ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး ခံစစ်ပေါက်ထွက်နေတာကို ပြင်ဆင်နိုင်ခြင်း မရှိသေးပါဘူး။
ဆီဗီလာရဲ့၁+၆၀ ဖွင့်လှစ်မှုက ပျော့နေပေမယ့်လည်း ဆယ်တာဗီဂိုရဲ့ခြေစွမ်းကို မကြိုက်လို့ အိမ်ရှင်ကိုရွေးမယ်။
ခန့်မှန်းရလဒ် – ဆီဗီလာ ၂-၀ ဆယ်တာဗီဂို

အက်သလက်တီကို Vs ဘာစီလိုနာ
ည ၂း၃၀ နာရီ(ဝမ်ဒါမက်ထရိုပိုလီတာနို)
တီကိုကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၂-၁၂-၂၀၁၉ တီကို ဝ-၁ ဘာစီလိုနာ
၂၅-၁၁-၂၀၁၈ တီကို ၁-၁ ဘာစီလိုနာ
၁၅-၁၀-၂၀၁၇ တီကို ၁-၁ ဘာစီလိုနာ
အမှတ်ပေးဇယား တတိယနေရာက တီကိုဟာ လာလီဂါ နောက်ဆုံး ၂၃ ပွဲဆက် ရှုံးပွဲမရှိသေးဘဲ ၁၄ ပွဲနိုင်၊ ၉ ပွဲသရေ ကစားထားပြီး တိုက်စစ်မှူးဆွာရက်ဇ်ကတော့ မပါနိုင်ပါဘူး။
ဘာစီလိုနာကလည်း ရီးရဲလ်ကို ရှုံးပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ၄ ပွဲဆက် ရလဒ်ကောင်းနေပြီး ၃ ပွဲနိုင်၊ ၁ ပွဲသရေ ကစားထားပါတယ်။
ရလဒ်ကောင်းနေတဲ့ အိမ်ရှင်ကို ဘာစီလိုနာက =၃၀ အကျောပေးထားပြီး မက်ဆီရဲ့အသင်း ကပ်နိုင်မယ်ထင်ပါတယ်။
ခန့်မှန်းရလဒ် – တီကို ၁-၂ ဘာစီလိုနာ