
တိုက်စစ်မှူး ဒက်စ်ပိုဒေါ့ဗ် COVID ကူးစက်ခံထားရကြောင်း ကက်ဂလီယာရီအတည်ပြု
ကက်ဂလီယာရီတိုက်စစ်မှူးကီရယ်ဒက်စ်ပိုဒေါ့ဗ်သည် COVID-19 ကူးစက်ခံထားရကြောင်း ကလပ်က အတည်ပြုလိုက်သည်။ ဒါ့အပြင် ကက်ဂလီယာရီက ဒက်စ်ပိုဒေါ့ဗ်မှာ COVID-19 ကူးစက်ခံရပြီးနောက် ယခုအခါ ကွာရန်တေးဝင်လျက်ရှိကြောင်းလည်း ကြေညာသွားပါသည်။ ကက်ဂလီယာရီသည် ၂၀၂၀-၂၁ ရာသီအတွက် ရာသီကြိုလေ့ကျင့်ခန်းမဆင်းမီ ရက်အနည်းငယ်အလိုတွင် နွေရာသီအားလပ်ရက်ခရီးမှ ပြန်ရောက်လာသည့် ကစားသမားများအား COVID-19 ရောဂါ ကူးစက်ခံထားရခြင်းရှိ/မရှိ စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ဒက်စ်တိုဒေါ့ဗ်တွင် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသည်။
ကက်ဂလီယာရီအသင်းက ဒက်စ်ပိုဒေါ့ဗ်မှာ ဘူလ်ဂေးရီးယားတွင် ရှိနေပြီး ကွာရန်တေးဝင်လျက်ရှိကာ နောက်ထပ် စစ်ဆေးမှုတွင် ရောဂါပိုးမတွေ့မှ အသင်းနှင့်လေ့ကျင့်ခန်းဆင်းနိုင်မှာဖြစ်ကြောင်း ကြေညာသွားသည်။ အသက် ၂၃ နှစ်ရှိ ဘူလ်ဂေးရီးယားတိုက်စစ်မှူးသည် ၂၀၁၈ ခုနှစ်တွင် စီအက်စ်ကေအေဆိုဖီယာမှ ကက်ဂလီယာရီသို့ ရောက်လာပြီးနောက် စီးရီးအေပွဲလေးပွဲသာ ကစားခဲ့ရကာ ပြီးခဲ့သည့်ရာသီတုန်းက စတမ်းဂရက်ဇ်သို့အငှားချခြင်းခံခဲ့ရသည်။ သူသည် စတမ်းဂရက်ဇ်တွင် ၂၁ ပွဲကစားကာ ၉ ဂိုးသွင်းယူနိုင်ခဲ့သည်။
Ref: Cagliari