
တိုက်စစ်စွမ်းရည်နဲ့ နိုင်ပွဲရယူမယ့် ချဲလ်ဆီး
ကစားမည့်ရက် – ၁၅-၉-၂၀၂၀
ကစားမည့်အချိန် – နံနက်(၁း၄၅)နာရီ
ကစားမည့်ကွင်း – American Express Stadium(ဆက်ဆက်စ်)
ဒိုင်လူကြီး – ခရိတ်ပေါ်ဆန်
ပရီးမီးယားလိဂ် ပွဲစဉ် ၁ နောက်ဆုံးပွဲအဖြစ် ယနေ့ညမှာ ဘရိုက်တန်နဲ့ ချဲလ်ဆီးတို့ ယှဉ်ပြိုင်က စားကြတော့မှာ ဖြစ်ပါတယ်။ နည်းပြလမ်းပတ်လက်ထက် လူငယ်တွေရဲ့အစွမ်းနဲ့ တောက် ပြောင်လာတဲ့ ချဲလ်ဆီး အဝေးကွင်းမှာ ဘာလုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါ တယ်။
ဘရိုက်တန်ရဲ့လက်ရှိအနေအထား

ယမန်နှစ်က အဆင့် ၁၅ သာရခဲ့တဲ့ နည်းပြဂရေဟမ်ပေါ်တာရဲ့အသင်းဟာ နွေရာသီအ
ပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူထားပေမယ့်လည်း မထင်မရှားတွေက များပါတယ်။
ခေါ်ယူထားတဲ့ ၁၃ ဦးအနက် လီဗာပူးလ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ အင်္ဂ လန်ကွင်းလယ်လူ လယ်လာနာတစ်ယောက်သာ လူသိများတဲ့သူဖြစ်ပြီး သူကလည်း မာဆေး ဆိုက်ကလပ်မှာ ရုန်းကန်နေရလို့ ရောက်ရှိလာတာပါ။
နော့ကက်နဲ့ အာရွန်မွိုင်းတို့ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဘရိုက်တန်အနေနဲ့ အားပျော့သွားမှာ အသေအချာပါပဲ။
နောက်ဆုံးကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲ ၂ ပွဲမှာ ဒီညကစားရမယ့် ချဲလ်ဆီး၊ တန်းတက်အသင်း ဝက်စ်ဘရွန်းတို့နဲ့ သရေကျထားပါတယ်။
ချဲလ်ဆီးရဲ့လက်ရှိအနေအထား

ဟာကင်ဇီရ်ချ်၊ တီမိုဝါနာ၊ ဘန်ချီဝဲလ်၊ ကိုင်ဟာဗက်ဇ်တို့အတွက် ပေါင် သန်း ၂၀၀ ကျော် သုံးစွဲ ထားတဲ့ ချဲလ်ဆီးအသင်း ဘာလုပ်ပြနိုင်မလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြပါတယ်။
ဒီညပွဲမှာ ဇီရက်ချ်၊ ဘန်ချီဝဲလ်နဲ့ သီယာဂိုဆေးလ်ဗားတို့ ပါဝင်နိုင်ဖွယ်မရှိပေမယ့်လည်း တိုက် စစ်ကိုတော့ ဝါနာနဲ့ ဟာဗက်ဇ်တို့ ဦးဆောင်လာဖွယ် ရှိနေပါတယ်။
လမ်းပတ်ဟာ ယမန်နှစ်ကလိုပဲ လူငယ်အများစုကို အခြေခံတည်ဆောက်သွားဖို့များပြီး ဝါရင့် ကစားသမားအနည်းငယ်နဲ့ ပေါင်းကွပ်မယ့် အနေအထားဖြစ်ပါတယ်။
နောက်တစ်ပတ်ကျရင် လီဗာပူးလ်နဲ့ ကစားရမှာဖြစ်လို့ ဒီညပွဲကို အနိုင်ရလဒ်နဲ့ လှပစွာဖွင့်လှစ်နိုင်ရေးက ချဲလ်ဆီးနဲ့ လမ်းပတ်အတွက် အရေးကြီးပါတယ်။
ထိပ်တိုက်တွေ့ဆုံမှု

ဘရိုက်တန်နဲ့ချဲလ်ဆီးဟာ ၈ ကြိမ်သာဆုံဖူးပြီး ဘရိုက်တန်က ၁ ပွဲနိုင်၊ ချဲလ်ဆီးက ၅ ပွဲနိုင်ကာ ၂ ပွဲ သရေကျထားပါတယ်။ ဘရိုက်တန်ကွင်း ၅ ကြိမ်မှာ အိမ်ရှင်က ၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး ထားပြီး ချဲလ်ဆီးကွင်း ၃ ကြိမ်မှာတော့ အိမ်ရှင်က ပွဲတိုင်း အနိုင်ရထားပါတယ်။
ထိပ်တိုက်တွေ့ဆုံမှု ၈ ကြိမ်မှာ ဘရိုက်တန်က ၆ ဂိုးသာ သွင်းနိုင်ပြီး ချဲလ်ဆီးကတော့ ၁၆ ဂိုးအ ထိ သွင်းထားပါတယ်။
နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု
၂၉-၈-၂၀၂၀ ဘရိုက်တန် ၁ – ၁ ချဲလ်ဆီး
၁-၁-၂၀၂၀ ဘရိုက်တန် ၁ – ၁ ချဲလ်ဆီး
၂၈-၉-၂၀၁၉ ချဲလ်ဆီး ၂ – ၀ ဘရိုက်တန်
၄-၄-၂၀၁၉ ချဲလ်ဆီး ၃ – ၀ ဘရိုက်တန်
၁၆-၁၂-၂၀၁၈ ဘရိုက်တန် ၁ – ၂ ချဲလ်ဆီး
ဘရိုက်တန် နောက်ဆုံး ၅ ပွဲရလဒ်
၅-၉-၂၀၂၀ ဘရိုက်တန် ၀ – ၀ ဝက်စ်ဘရွန်း
၂၉-၈-၂၀၂၀ ဘရိုက်တန် ၁ – ၁ ချဲလ်ဆီး
၂၆-၇-၂၀၂၀ ဘန်လေ ၁ – ၂ ဘရိုက်တန်
၂၀-၇-၂၀၂၀ ဘရိုက်တန် ၀ – ၀ နယူးကာဆယ်
၁၇-၇-၂၀၂၀ ဆောက်သမ်တန် ၁ – ၁ ဘရိုက်တန်
ချဲလ်ဆီး နောက်ဆုံး ၅ ပွဲရလဒ်
၂၉-၈-၂၀၂၀ ဘရိုက်တန် ၁ – ၁ ချဲလ်ဆီး
၉-၈-၂၀၂၀ ဘိုင်ယန်မြူးနစ် ၄ – ၁ ချဲလ်ဆီး
၁-၈-၂၀၂၀ အာဆင်နယ် ၂ – ၁ ချဲလ်ဆီး
၂၆-၇-၂၀၂၀ ချဲလ်ဆီး ၂ – ၀ ဝုဗ်
၂၃-၇-၂၀၂၀ လီဗာပူးလ် ၅ – ၃ ချဲလ်ဆီး
ထူးခြားအချက်အလက်များ
ဘရိုက်တန်သည် ၂၀၂၀ ပြည့်နှစ်အတွင်းကစားသော ပရီးမီးယားလိဂ် ၁၈ ပွဲတွင် ၃ ပွဲသာနိုင်ပြီး ၉ ပွဲသရေ၊ ၆ ပွဲရှုံးကာ လက်ရှိ ပရီးမီးယားလိဂ် ကလပ်များအနက် နိုင်ပွဲအနည်းဆုံးဖြစ်။
ယနေ့ညပွဲတွင်သာ ချဲလ်ဆီးကိုအနိုင်ရပါက ဘရိုက်တန်အနေဖြင့် ၂၀၁၀-၂၀၁၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရာသီအစ လိဂ် ၂ ပွဲဆက်တိုက် အနိုင်ရမှု ဖြစ်လာမည်။
ဘရိုက်တန်သည် ၂၀၁၅ ဧပြီတွင် ရိုသာဟမ်ကို ရှုံးနိမ့်ပြီးနောက် တနလာင်္နေ့တွင်ကစားသော လိဂ် ၁၀ ပွဲတွင် ရှုံးပွဲမရှိတော့ဘဲ ၅ ပွဲနိုင်၊ ၅ ပွဲသရေကျထား။
ယခုပွဲသည် ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တနလာင်္နေ့တွင် ကစားသော တတိယမြောက် ရာသီအဖွင့်ပွဲစဉ်ဖြစ်ပြီး ယခင်ကစားခဲ့သည့် ၂၀၁၄-၂၀၁၅၊ ၂၀၁၆-၂၀၁၇ ရာသီများတွင် အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့။
လမ်းပတ်၏အသင်းသည် ယမန်နှစ်ရာသီ အဝေးကွင်း ၁၉ ပွဲအနက် စပါးအား ၂-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင်သာ ဂိုးမပေးရဘဲ ကျန် ၁၈ ပွဲစလုံး ဂိုးပေးထားရ။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘရိုက်တန်(၄-၂-၃-၁)
ဂိုး – မက်သရူးရိုင်ယန်
နောက် – ဗက်မန်း၊ ဘန်ဝှိုက်၊ လူးဝစ်ဒန့်ခ်၊ ဒန်နီရယ်ဘန်း
လယ် – ပရော့ပါ၊ ဘစ်ဆူမာ၊ ဂရော့စ်၊ လယ်လာနာ၊ ထရော့ဆက်
ရှေ့ – နီးလ်မော်ပေး
ချဲလ်ဆီး(၄-၂-၃-၁)
ဂိုး – ကာဘယ်လီရို
နောက် – အလွန်ဆို၊ ရူဒီဂါ၊ ဇူးမား၊ အက်စပီလီကွေတာ
လယ် – ဂျော်ဂျင်ညို၊ ကန်တီ၊ မေဆန်မောင့်၊ ဟာဗက်ဇ်၊ အိုဒွိုင်
ရှေ့ – ဝါနာ
ဒဏ်ရာရ/ပွဲပယ်စာရင်း
ဘရိုက်တန် – ဝေါ်လ်တန်၊ အစ်ဇ်ကွီယာဒို
ချဲလ်ဆီး – ဘန်ချီဝဲလ်၊ ဆေးလ်ဗား၊ ပူလီဆစ်၊ ဇီရက်ချ်၊ တိုမိုရီ၊ အီမာဆင်၊ ဘာကလေ၊ အေဘရာဟမ်(မကျိန်းသေ)
သုံးသပ်ချက်
ကစားသမားပိုင်းယှဉ်ရင် ချဲလ်ဆီးက အသာစီးရနေတာ အမှန်ပါပဲ။ ဘရိုက်တန်က စုဖွဲ့မှုအား ကောင်းကောင်းနဲ့ မာမာထန်ထန် ကစားတတ်ပေမယ့်လည်း ချဲလ်ဆီးတိုက်စစ်ကို ရေရှည်တောင့်ခံနိုင်မလားဆိုတာ မသေချာပါဘူး။
တစ်ဂိုးနဲ့နိုင်ရင် ၂၀ ပျော်ခွင့်ရမယ့် ချဲလ်ဆီးပဲ အနိုင်ရသွားမှာပါ။