
တန်ကြေးအကြီးဆုံးတွေရဲ့ ပွဲဘယ်သူ အနိုင်ရမလဲ
ဘောလုံးရာသီတခု
ပြီးဆုံးသွားတိုင်း
ကျွန်တော်တို့လို
ဝါသနာရှင်တွေအတွက်
တခုခု လိုနေသလို
ခံစားရပါတယ်။
ရက်သတ္တပတ်တိုင်း
ခံစားနေရတဲ့
ရင်ခုန်စိတ်လှုပ်ရှားမှုတွေ
ပျောက်ဆုံးသွားတာပေါ့။
အပြောင်းအရွှေ့တွေက
ပွဲတွေလောက်
ရင်ခုန်စရာ မကောင်းပါဘူး။
ကိုယ်အားပေးတဲ့
အသင်းဆီ နာမည်ကြီးတွေ
ရောက်လာတာက
စိတ်အားတက်စေတာ
အမှန်ပါပဲ။ ဒါပေမဲ့
ပွဲကြည့်ရတာလောက်
စိတ်လှုပ်ရှားစရာ
မကောင်းဘူး။
ခြေစမ်းပွဲတွေ
ကစားတယ်။
ဒီအတိုင်းပဲ။
အသင်းကြီးတွေရဲ့ပွဲ
မကောင်းဘူးလား
ဆိုတော့လည်း
မဟုတ်ပြန်ဘူး။
ကျွန်တော်တို့
ချင်ခြင်းတပ်နေတာက
ခြေစမ်းပွဲတွေ
မဟုတ်ဘူး။
တရားဝင်ပွဲတွေမှာ
အကြိတ်အနယ်
ယှဉ်ပြိုင်တာကို
လိုချင်တာ။
ဒီနေ့ညမှာတော့
ချင်ခြင်းတနေတာ
အာသာပြေစေမယ့်
ပွဲကြီးပွဲကောင်းတပွဲ
ရှိနေတယ်။ အားလုံး
သိတဲ့ ကွန်မြူနတီဒိုင်း။
ဖလား ၃ လုံးချန်ပီယံ
မန်စီးတီးနဲ့
ဇာတ်သိမ်းပိုင်းရောက်မှ
ပရီးမီးယားလိဂ်နဲ့
ကပ်လွဲခဲ့တဲ့ အာဆင်နယ်တို့
ကစားမယ့်ပွဲ။ ထုံးစံအတိုင်း
ဒီပွဲက ပရီးမီးယားလိဂ်
ရာသီအဖွင့်ပွဲလို့
ဆိုနိုင်တယ်။ ပြိုင်ခွင့်ရတဲ့
အသင်းတိုင်းက
ဒီဖလားကို ယူချင်ကြတယ်။
ရာသီကြို ခြေစမ်းပွဲစဉ်ပဲလို့
ရောကောသောကော
ပြောနိုင်ပေမယ့်လည်း
နောက်ခံအချက်အလက်တွေကို
မေ့မထားသင့်ဘူး။ ဒါက
ပရီးမီးယားလိဂ်ချန်ပီယံနဲ့
အက်ဖ်အေချန်ပီယံ နှစ်သင်းပဲ
ကစားရတာ။ အခြား
နိုင်ငံတွေမှာဆို စူပါဖလားပွဲ။
ဆိုတော့ကာ ကွန်မြူနတီဒိုင်းက
တန်းတခုရှိတယ်။
ပေါပေါပဲပဲ မဟုတ်ဘူး။
အနိုင်ရရင် ဂုဏ်တက်မယ်။
ရာသီသစ်အတွက်
ယုံကြည်မှုတွေ ပိုရမယ်။
ဒီအချက်တွေကို
ပြိုင်ဆိုင်ဖူးတဲ့အသင်းတိုင်း
နှလုံးသားထဲ ထည့်ထားကြတာ။
မန်စီးတီး-အာဆင်နယ်ပွဲက
စိတ်ဝင်စားစရာ
အချက်အလက်တွေ
ရှိနေတယ်။ ပထမအချက်က
ကမ္ဘာ့တန်ကြေးအကြီးဆုံး
အသင်းနှစ်သင်းရဲ့ ပွဲ
ဖြစ်နေတယ်။
အာဆင်နယ်အသင်းက
ကစားသမားတွေရဲ့
တန်ကြေးက ယူရို
၁.၂၁ ဘီလီယံရှိတယ်။
မန်စီးတီးကတော့
၁.၁၆ ဘီလီယံ။
နှစ်သင်းပေါင်းတန်ကြေးက
ယူရို ၂.၄ ဘီလီယံနီးပါး။
အာဆင်နယ်ဟာ
ဧပြီလအတွင်း မန်စီးတီးကို
၄-၁ နဲ့ ရှုံးခဲ့တယ်။
ဒါကြောင့်လည်း
ချန်ပီယံလုပွဲက
ပြတ်ပြတ်သားသား
ဖြစ်သွားခဲ့တာ။
အဲဒီဆူးကို
မဖြစ်မနေ နှုတ်ဖို့လိုတယ်။
ဒီနေရာမှာ အချက်တချက်က
ဂန်းနားတွေဘက်မှာ
ရှိနေတယ်။ အဲဒါက
နောက်ဆုံးကစားထားတဲ့
ကွန်မြူနတီဒိုင်း ၁၀ ပွဲမှာ
ပရီးမီးယားလိဂ်ချန်ပီယံ
အသင်းတွေနိုင်တာ
၃ ပွဲပဲရှိတယ်။ ကျန်တာက
အက်ဖ်အေချန်ပီယံအသင်းတွေ
စားသွားတာ။
ဒီနှစ်မှာ မန်စီးတီးက
ပြိုင်ပွဲနှစ်ခုလုံးမှာ
ဗိုလ်စွဲထားတော့
ပရီးမီးယားလိဂ်ဒုတိယ
အာဆင်နယ်က
ပြိုင်ခွင့်ရခဲ့တာ။
ဒီတော့ အာဆင်နယ်
မနိုင်လောက်ဘူးလို့
ဘယ်သူပြောရဲလဲ။